သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ေက်ာက္မ်က္တူးေဖာ္ေရးျပန္စဖို႔ လုပ္ငန္းရွင္ေတြေတာင္းဆို


ဖားကန္႔အနီး ေက်ာက္စိမ္းတြင္းတခုတြင္ လုပ္ကိုင္ေနသည့္ ေက်ာက္တူးလုပ္သားတခ်ိဳ႕။ (ဇူလိုင္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ ရပ္နားထားတဲ့ ကခ်င္ျပည္နယ္က ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းေတြ ျပန္လည္စတင္ခြင့္ရဖုိ႔ လုပ္ငန္းရွင္ေတြ ႀကိဳးပမ္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

မုိးတြင္းကာလ အႏၱရာယ္ရွိတာေၾကာင့္ ရပ္နားထားခဲ့ရာက ေနာက္ပုိင္းမွာ ကပ္ေရာဂါကူးစက္မႈေတြေၾကာင့္ပါ ဆက္လက္ ရပ္နားထားတဲ့ ကခ်င္ျပည္နယ္က ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းေတြကုိ အခုအခါ ျပန္လည္လုပ္ခြင့္ရဖုိ႔ လုပ္ငန္းရွင္ေတြက အာဏာပုိင္ေတြကုိ တုိက္တြန္းေနတာ ျဖစ္ပါတယ္။ ၆ လေလာက္ၾကာ လုပ္ငန္းေတြ ရပ္ဆုိင္းထားခဲ့ရတဲ့ လုပ္ငန္းေတြကုိ ျပန္လည္လုပ္ပုိင္ခြင့္ရဖုိ႔ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ ရတနာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ကတဆင့္ တာ၀န္ရွိသူေတြထံ တင္ျပထားတယ္လုိ႔လည္း ဖားကန္႔ၿမိဳ႕နယ္ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးေဇာ္ေလးျမင့္က ေျပာပါတယ္။

“အခုကိုဗစ္လည္း ဟိုလိုႀကီး ေလ်ာ့နည္းတာမ်ဳိး မဟုတ္ေပမဲ့လည္း အတိုင္းအတာတစ္ခုေလ်ာ့နည္းလာတာနဲ႔အမွ် ၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္နဲ႔ အညီေပါ့ေနာ္ ဒီလိုထားၿပီးေတာ့ လုပ္ကိုင္ေဆာင္ရြက္သြားရင္ေရာ မျဖစ္ႏုိင္ဘူးလားေပါ့ေနာ္... ဒီလိုေလးေပါ့တင္ျပခ်င္တာ၊ အဲ့ဒီမွာလည္း က်ေနာ္တို႔က နည္းနည္းေလး တင္ျပေတာင္းဆိုထားတာကေတာ့ ဘာေတြလဲဆိုေတာ့ လက္ရွိ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ဖြင့္ဖြင့္ခ်င္းကို လုပ္ငန္းကို လည္ပတ္ၿပီး လုပ္ငန္းခ်င္တယ္ေပါ့ေနာ္။ ဒီအတြက္ကို လက္ရွိ က်ေနာ္တို႔ ဝန္ထမ္းေတြ ေခၚယူရမယ့္ ကိစၥ သို႔မဟုတ္ လုပ္ငန္းေတြျပင္ဆင္ရမယ့္ကိစၥေတြကိုလည္း ဇန္နဝါရီလ တစ္လပိုင္းထဲမွာေတာ့ လုပ္ငန္းေတြကို ႀကိဳတင္ျပင္ဆင္ခြင့္ေလးေပ့ါေနာ္... ေပးဖို႔ အဲ့ဒီလိုလည္း က်ေနာ္ေတာင္းဆိုထားပါတယ္။”

ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းေတြကုိေတာ့ အႏၱရာယ္ရွိတဲ့ မိုးရာသီကာလ ၿပီးခဲ့တဲ့ ဇူလိုင္လကေန စက္တင္ဘာလအထိ ရပ္နားထားရာက ေနာက္ပုိင္းမွာ ကုိဗစ္ေရာဂါကူးစက္မႈေတြ ႀကံဳခဲ့ရတာေၾကာင့္ အာဏာပုိင္ေတြက ေနာက္ထပ္ သက္တမ္းတုိးလာခဲ့တာ အခုဆုိရင္ ဒီလ ဇန္န၀ါရီလကုန္အထိ ျဖစ္ပါတယ္။

ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းေတြ ရပ္နားထားရတာ ၆ လေလာက္ ၾကာလာတဲ့အခ်ိန္မွာ လုပ္ငန္းရွင္ေတြ ထိခုိက္နစ္နာေနသလုိ အလုပ္သမားေတြၾကားမွာလည္း အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ဖားကန္႔ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“အေျခခံလူတန္းစားေတြ ေက်ာက္ရွာတဲ့ သူေတြလည္း အလုပ္လက္မဲ့ျဖစ္ေနတာေပါ့ဗ်ာ။ တူးလည္း မတူးႏိုင္ဆိုေတာ့ အကုန္လံုးအဲ့ဒီမွာ ကိုဗစ္နဲ႔ ဆိုေတာ့ အကုန္လံုးက လုပ္ငန္းေတြ ရပ္တန္႔ေနတာေပါ့။ ရန္ကုန္မွာေတာင္မွ အထည္ခ်ဳပ္လုပ္ငန္းေတြဘာေတြ အထည္စက္႐ုံေတြ၊ ဘာေတြျပန္လုပ္ခုုိင္းတာေလ... အမိုးေအာက္မွာေလ။ က်ေနာ္တို႔ဆီက်ေတာ့ လြတ္လြတ္လပ္လပ္ ကြင္းျပင္ႀကီးေအာက္မွာ social distancing ဆိုလည္း အကြာႀကီးနဲ႔ လုပ္လို႔ရတယ္ေလ။ လြတ္လြတ္လပ္လပ္လုပ္လို႔ရတယ္။ ဒါေတြလည္း လုပ္လို႔ရရင္ေတာ့ က်ေနာ္အေနနဲ႔ တစ္ဘက္တစ္လမ္းကေန ႏိုင္ငံရဲ႕ အခြန္ဘ႑ာရတာေပါ့ဗ်ာ။”

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ႏွစ္ထဲ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ဒုတိယလႈိင္းႀကံဳရခ်ိန္မွာ ကခ်င္ျပည္နယ္က ေက်ာက္မ်က္တူးေဖာ္ရာ ေဒသေတြ အပါအ၀င္ ေရာဂါကူးစက္မႈေတြ ရွိခဲ့တာေၾကာင့္ ထိန္းခ်ဳပ္ကန္႔သတ္တာေတြလည္း ရွိခဲ့ပါတယ္။ ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ျပန္ထားတာကုိ ၿပီးခဲ့တဲ့လထဲမွာပဲ ႐ုပ္သိမ္းလုိက္ေပမဲ့ ကူးစက္မႈ အႏၱရာယ္ရွိေနတဲ့ ဖားကန္႔ၿမိဳ႕နယ္က ရပ္ကြက္နဲ႔ ေက်းရြာအုပ္စု ၈ ခုမွာေတာ့ ဆက္လက္ ထုတ္ျပန္ထားဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေက်ာက္မ်က္ တူးေဖာ္ေရးလုပ္ငန္းေတြ ျပန္လည္လုပ္ကုိင္မယ္ဆုိရင္ ကပ္ေရာဂါကာလ က်န္းမာေရးစည္းကမ္းေတြကုိ လုိနာဖုိ႔ လုိအပ္မယ္လုိ႔လည္း ကခ်င္ျပည္နယ္၊ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္းက ေျပာပါတယ္။

“ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ အေပၚမွာေတာ့ သူတို႔လိုက္နာၿပီးမွ ေဆာင္ရြက္ဖို႔ေတာ့ လုိမွာေပါ့။ အဲ့ဒါေလးကို လိုက္နာဖို႔အတြက္ကိုလည္း ဒီသက္ဆိုင္ရာလုပ္ငန္းရွင္ ကုမၸဏီေတြကိုေတာ့ လမ္းညႊန္သြားဖို႔ေတာ့ရွိဖို႔မ်ားမယ္ ရွိၾကမွာေပါ့ေနာ္။ ဒါေတာ့ ျပည္ေထာင္စုရဲ႕ လုပ္ငန္းအေျခအေနျဖစ္တဲ့အခါက်ေတာ့ က်ေနာ္တို႔ျပည္နယ္ကလည္း ဒီထုတ္ျပန္အေပၚမွာ လိုက္နာမႈရွိ၊ မရွိဆိုတာကိုေတာ့ ပံုမွန္ေပါ့ေနာ္... က်ေနာ္တို႔အေနနဲ႔လည္း သြားေရာက္ၾကည့္႐ႈစစ္ေဆးၿပီးမွေပါ့ေနာ္... လိုက္နာမႈမရွိဘူးဆိုရင္လည္း က်ေနာ္အေနနဲ႔ ဒါကို လိုက္နာၿပီးမွ စနစ္တက် ေဆာင္ရြက္ၾကဖို႔အတြက္ကို ေတာက္ေလွ်ာက္ေပါ့ေနာ္.. ၾကပ္မတ္ေဆာင္ရြက္မႈေတာ့ ေပါင္းစပ္ဖို႔ေတာ့ ရွိပါတယ္။”

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ အဂၤါေန႔ အေစာပုိင္းအထိ ထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္မွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁ ဦး အပါအ၀င္ ေရာဂါကူးစက္သူ အတည္ျပဳလူနာ ၆၄၆ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်ကျောက်မျက်တူးဖော်ရေးပြန်စဖို့ လုပ်ငန်းရှင်တွေတောင်းဆို

ကိုဗစ်ကပ်ရောဂါကာလ ရပ်နားထားတဲ့ ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ခွင့်ရဖို့ လုပ်ငန်းရှင်တွေ ကြိုးပမ်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

မိုးတွင်းကာလ အန္တရာယ်ရှိတာကြောင့် ရပ်နားထားခဲ့ရာက နောက်ပိုင်းမှာ ကပ်ရောဂါကူးစက်မှုတွေကြောင့်ပါ ဆက်လက် ရပ်နားထားတဲ့ ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို အခုအခါ ပြန်လည်လုပ်ခွင့်ရဖို့ လုပ်ငန်းရှင်တွေက အာဏာပိုင်တွေကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ၆ လလောက်ကြာ လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတဲ့ လုပ်ငန်းတွေကို ပြန်လည်လုပ်ပိုင်ခွင့်ရဖို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းချုပ်ကတဆင့် တာဝန်ရှိသူတွေထံ တင်ပြထားတယ်လို့လည်း ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်လေးမြင့်က ပြောပါတယ်။

“အခုကိုဗစ်လည်း ဟိုလိုကြီး လျော့နည်းတာမျိုး မဟုတ်ပေမဲ့လည်း အတိုင်းအတာတစ်ခုလျော့နည်းလာတာနဲ့အမျှ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီပေါ့နော် ဒီလိုထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားရင်ရော မဖြစ်နိုင်ဘူးလားပေါ့နော်... ဒီလိုလေးပေါ့တင်ပြချင်တာ၊ အဲ့ဒီမှာလည်း ကျနော်တို့က နည်းနည်းလေး တင်ပြတောင်းဆိုထားတာကတော့ ဘာတွေလဲဆိုတော့ လက်ရှိ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်ဖွင့်ချင်းကို လုပ်ငန်းကို လည်ပတ်ပြီး လုပ်ငန်းချင်တယ်ပေါ့နော်။ ဒီအတွက်ကို လက်ရှိ ကျနော်တို့ ဝန်ထမ်းတွေ ခေါ်ယူရမယ့် ကိစ္စ သို့မဟုတ် လုပ်ငန်းတွေပြင်ဆင်ရမယ့်ကိစ္စတွေကိုလည်း ဇန်နဝါရီလ တစ်လပိုင်းထဲမှာတော့ လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ခွင့်လေးပေ့ါနော်... ပေးဖို့ အဲ့ဒီလိုလည်း ကျနော်တောင်းဆိုထားပါတယ်။”

ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကိုတော့ အန္တရာယ်ရှိတဲ့ မိုးရာသီကာလ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ ရပ်နားထားရာက နောက်ပိုင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ကြုံခဲ့ရတာကြောင့် အာဏာပိုင်တွေက နောက်ထပ် သက်တမ်းတိုးလာခဲ့တာ အခုဆိုရင် ဒီလ ဇန်နဝါရီလကုန်အထိ ဖြစ်ပါတယ်။

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ ရပ်နားထားရတာ ၆ လလောက် ကြာလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနေသလို အလုပ်သမားတွေကြားမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“အခြေခံလူတန်းစားတွေ ကျောက်ရှာတဲ့ သူတွေလည်း အလုပ်လက်မဲ့ဖြစ်နေတာပေါ့ဗျာ။ တူးလည်း မတူးနိုင်ဆိုတော့ အကုန်လုံးအဲ့ဒီမှာ ကိုဗစ်နဲ့ ဆိုတော့ အကုန်လုံးက လုပ်ငန်းတွေ ရပ်တန့်နေတာပေါ့။ ရန်ကုန်မှာတောင်မှ အထည်ချုပ်လုပ်ငန်းတွေဘာတွေ အထည်စက်ရုံတွေ၊ ဘာတွေပြန်လုပ်ခိုင်းတာလေ... အမိုးအောက်မှာလေ။ ကျနော်တို့ဆီကျတော့ လွတ်လွတ်လပ်လပ် ကွင်းပြင်ကြီးအောက်မှာ social distancing ဆိုလည်း အကွာကြီးနဲ့ လုပ်လို့ရတယ်လေ။ လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်။ ဒါတွေလည်း လုပ်လို့ရရင်တော့ ကျနော်အနေနဲ့ တစ်ဘက်တစ်လမ်းကနေ နိုင်ငံရဲ့ အခွန်ဘဏ္ဍာရတာပေါ့ဗျာ။”

ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကြုံရချိန်မှာ ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရာ ဒေသတွေ အပါအဝင် ရောဂါကူးစက်မှုတွေ ရှိခဲ့တာကြောင့် ထိန်းချုပ်ကန့်သတ်တာတွေလည်း ရှိခဲ့ပါတယ်။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားတာကို ပြီးခဲ့တဲ့လထဲမှာပဲ ရုပ်သိမ်းလိုက်ပေမဲ့ ကူးစက်မှု အန္တရာယ်ရှိနေတဲ့ ဖားကန့်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈ ခုမှာတော့ ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်မယ်ဆိုရင် ကပ်ရောဂါကာလ ကျန်းမာရေးစည်းကမ်းတွေကို လိုနာဖို့ လိုအပ်မယ်လို့လည်း ကချင်ပြည်နယ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

“ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အပေါ်မှာတော့ သူတို့လိုက်နာပြီးမှ ဆောင်ရွက်ဖို့တော့ လိုမှာပေါ့။ အဲ့ဒါလေးကို လိုက်နာဖို့အတွက်ကိုလည်း ဒီသက်ဆိုင်ရာလုပ်ငန်းရှင် ကုမ္ပဏီတွေကိုတော့ လမ်းညွှန်သွားဖို့တော့ရှိဖို့များမယ် ရှိကြမှာပေါ့နော်။ ဒါတော့ ပြည်ထောင်စုရဲ့ လုပ်ငန်းအခြေအနေဖြစ်တဲ့အခါကျတော့ ကျနော်တို့ပြည်နယ်ကလည်း ဒီထုတ်ပြန်အပေါ်မှာ လိုက်နာမှုရှိ၊ မရှိဆိုတာကိုတော့ ပုံမှန်ပေါ့နော်... ကျနော်တို့အနေနဲ့လည်း သွားရောက်ကြည့်ရှုစစ်ဆေးပြီးမှပေါ့နော်... လိုက်နာမှုမရှိဘူးဆိုရင်လည်း ကျနော်အနေနဲ့ ဒါကို လိုက်နာပြီးမှ စနစ်တကျ ဆောင်ရွက်ကြဖို့အတွက်ကို တောက်လျှောက်ပေါ့နော်.. ကြပ်မတ်ဆောင်ရွက်မှုတော့ ပေါင်းစပ်ဖို့တော့ ရှိပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁ ဦး အပါအဝင် ရောဂါကူးစက်သူ အတည်ပြုလူနာ ၆၄၆ ဦး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG