သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲ ဒေသခံရွာသား ၃ထောင်နီးပါး ပိတ်မိနေ


 ကချင်စစ်ဘေးရှောင်များ (Hkun Awng Nlam)
ကချင်စစ်ဘေးရှောင်များ (Hkun Awng Nlam)

ဧပြီလကနေ ဒီကနေ့အထိ တပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေး တပ်မတော် တို့တိုက်ပွဲအတွင်း ကချင်ပြည်နယ် က ထောင်နဲ့ချီတဲ့ကျေးရွာသားတွေဟာ စစ်ဘေးတိမ်းရှောင်နေရသလို ရွာသားတချို့ဟာလဲ ဖမ်းဆီးထိန်းသိမ်းမှု တွေခံနေရတာပါ။ ကချင်စစ်ဘေးရှောင်တွေရဲ့နောကဆုံးအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်း ထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ KIAကချင်လွတ်လပ်ရေး တပ်မတော် တို့အကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရသလို တိုက်ပွဲအတွင်းဖမ်းဆီး ခံရမှုတွေရှိနေခဲ့တာပါ။

KIAနဲ့ မြန်မာ့တပ်မတော်တို့အကြားဖြစ်ပွါးခဲ့တဲ့ မူဆယ်ခရိုင်မုန်းကိုးဒေသတိုက်ပွဲအတွင်း မြန်မာစစ်တပ်ကနေ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အရပ်သား(၉)ဦးပြန်လည်လွတ်မြောက် လာခဲ့တယ်လို့ မုန်းကိုးဒေသ မိုးမောင်းတိုက် နယ် သိက္ခာတော်ရဆရာတော် ဦးဇောင်ရာ ကပြောပါတယ်။

"ကျွန်တော်တို့ကြားတာက တောင်ယာသွားတဲ့လမ်း မုန်ယာတောင်ယာလမ်းမှာ အစိုးရစစ်ကြောင်းတခုတက်လာ တော့မိုင်းကွဲတယ်လိုကာကားတယ်။ ရွာသားအမျိုးသမီး(၉)ယောက်ကိုခေါ်ထားတယ်လို့ကြားတယ်လေ။ မနေ့ကပြန်လွတ်လာပြီးလို့ပြောတယ်။ သူတို့အဲဒီမှာမိုင်းကွဲတော့သူတို့ကို မသင်္ကာတာလဲပါမှာပါ။"

ဧပြီလကုန်ရက်မှာ မုန်းကိုးဒေသ မုန်ယာဘက်မှာ မြန်မာ့တပ်မတော်လှုပ်ရှားတပ်တွေကို KIAဘက်ကဆွဲမိုင်းနဲ့ ခြုံခိုတိုက်ခိုက်ခဲ့လို့ အနီးအနားဒေသဖြစ်တဲ့ မုန်ယာ ဂတ်ပါ (မန်ဂျေ)က ပြောင်းစိုက်တောင်သူတွေကို တပ်မတော် ကနေခေါ်ယူဖမ်းဆီးထားရကနေ မနေ့က ပြန်လည်လွတ်မြောက်လာတယ်လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလဆန်းကစလို့ KIAနဲ့ မြန်မာ့တပ်မတော်တို့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဒေသတော်တော်များများဟာ ဒေသခံရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတာပါ။ လက်ရှိပြည်သူ(၃၀၀၀)နီးပါး တိုက်ပွဲအတွင်းပိတ်မိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ကဆိုပါတယ်။

"တနိုင်းဘက်က ကျွန်တော်တို့ဆီကသွားခေါ်ထို့ခွင့်မပြုထားဘူးဖြစ်တဲ့အတွက်ကြောင့် နဂိုလ်အတိုင်း(၂၀၀၀)ကျော် ဟာ (၂၀၀၀)ကျော်ပါဘဲ။ နောက်ပြီးလိုင်နောင်းခူး ကအဖွဲ့တွေလဲ လိုင်နောင်းခူးမှာဘဲ ဒီအတိုင်းဘဲဆို့တစ်နေတယ် ဒီအဖွဲ့တွေ။ အင်ဂျားယန်ဘက်ကဟာတွေလဲဘဲတချို့တဝက်တော့ ခေါ်ယူပြီးပြီလေ။ ခုလောလောဆယ်ကျန်နေတာ က (၁၆)မိုင်တို့ (၁၇)မိုင်တို့အဲဒီအင်ဂျားယန်ဘက်မှာ အခုလူပေါင်း(၅၀၀)ကျော်(၆၀၀)ကျော် ကျန်သေးတယ်ဆိုတာ သိရတယ်ခင်ဗျာ။"

လက်ရှိ အင်ဂျားယန် ဒေသအတွင်းတိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် စစ်ရှောင်တွေစိုးရိမ်နေရတယ်လို့ ဦးလမိုင်ဂွမ်ကဆက်ပြောပါတယ်။

"ဒီအင်ဂျားယန်ဘက် ချီဗွေဘက်ပေါ့လေ။ တိုက်ပွဲဖြစ်တဲ့နေရာတွေလဲရှိတယ်။ လက်နက်ကြီးတွေပစ်တဲ့ဟာ လဲရှိတယ်။ အသံတွေကြားနေရတဲ့အခါကျတော့ အဲဒီမှာရှိတဲ့ပြည်သူလူထုတွေကစိုးရိမ်ကြောင့်ကျနေတာ။ အမြန်ဆုံးလာရောက်ကူညီပေးဖို့အတွက် ဆိုပြီးမှ မြို့ပေါ်မှာရှိတဲ့ အသင်းအဖွဲ့ ဆွေမျိုးတွေရော အားလုံးဆီမှာ အကြောင်းကြားလာတယ်လေ။"

အလားတူကားမိုင်းမြို့နယ် လိုင်နောင်ခူးကျေးရွာအတွင်းမှာလဲ တပ်မတော်ကနေ ကျေးရွာသားတွေကို ရွာအတွင်းမှာဘဲ ထိန်းသိမ်းထားဆဲအခြေအနေမှာရှိနေတယ်လို့ရွာသားတဦးက အခုလို ပြောပါတယ်။

"စစ်မြေပြင်ဖြစ်နေတုန်းဘဲပေါ့။ ကျွန်တော်တို့ဒီမှာနေဖို့ကြောက်နေကြတယ်ပေါ့။ လူဦးရေ(၁၆၀)ပါ။ ဒီမှာသူတို့ (တပ်မတော်)ရှိစဉ်သောအတွင်းမှာ ကျွန်တော်တို့ကို ဘယ်သွားလို့မှ မရသေးဘူး။အခုသူတို့ပြောတာ တော့ နယ်မြေ ရှင်းလင်းရေးလုပ်ရဦးမယ်။ အဲတာကြောင့်မို့ပေးမထွက်တာလို့ ပြောနေကြတယ်။"

လက်ရှိကချင်ပြည်နယ်ဒေသအသီးသီးမှာ တပ်မတော်နဲ့ KIAအကြား တိုက်ပွဲဖြစ်ပွါးနေဆဲလို့ KIOပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

"တနိုင်းမြို့နယ်အောင်လော့ဒ်ဘက်မှာလဲ တိုက်ပွဲလေးတွေဖြစ်ပါတယ်။ နောက်ပြီးတော့ဒီမြစ်ကြီးနားမြို့နယ်ပေါ့နော် တပ်ရင်း(၁၁)ဘက်မှာလဲ မနေ့ကတိုက်ပွဲဖြစ်ပါတယ်။ နောက်အင်ဂျားယန်မြို့နယ်ပေါ့။ KIAတပ်ရင်း(၄) နယ်မြေဘက်မှာလဲ တိုက်ပွဲငယ်လေးတွေတော့ဖြစ်ပါတယ်။ မုန်းကိုးဘက်မှာလဲ ထိတွေ့ရင်ဆိုင်တဲ့တိုက်ပွဲ လေးတွေဖြစ်ပါတယ်။ ကျွန်တော်တို့ကချင်ပြည်နယ်မြို့နယ်တော်တော်များများမှာတော့ တိုက်ပွဲတွေကတော့ အချိန်မရွေးပေါ့နော် တိုက်ပွဲငယ်လေးတွေကတော့ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတော့ထိခိုက်မှုတော့ရှိမှာပါ နှစ်ဖက်။ ဒါပေမဲ့ဘယ်နှစ်ဦးဘယ်နှစ်ယောက်ဆိုတာကတော့ ကျွန်တော်တို့တော့မရပါဘူး။"

တိုက်ပွဲကြောင့်မိုးကောင်းမြို့နယ်ကဆုန့်ရွာကစစ်ရှောင်(၁၂၀၀)ခန့်ဟာ နမ္မတီးခရစ်ယာန်ဘုရားကျောင်း KBC / RC သုံးကျောင်း မှာခိုလှုံနေရသလို မိုင်ဂျားယန်ဘက်က စစ်ရှောင်(၁၀၀၀)ခန့်ဟာ မြစ်ဆုံဒေသကတန်ဖရဲရွာ ခရစ်ယာန် ဘုရား ကျောင်းတွေမှာ စစ်ဘေးခိုလှုံနေကြရပါတယ်။

တိုက်ပွဲအတွင်းပိတ်မိနေတဲ့စစ်ဘေးရှောင်ပြည်သူတွေကို အမြန်ဆုံးကယ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒထုတ် ဖော်မှုကို ဧပြီ ၃၀ရက်နေ့ မြစ်ကြီးနားမြို့မှာကျင်းပခဲ့ပါတယ်။ ထိုင်သပိတ်ဆက်လက်ပြုလုပ်ဖို့ကိုတော့ ကချင် ပြည်နယ်ဝန်ကြီးချုပ်ကနေ ခွင့်ပြုချက်မပေးတဲ့အတွက် လက်ရှိမှာခွင့်ပြုချက်ထပ်မံတောင်းဆိုပြီး ဆက်လက် ဆန္ဒဖေါ်ထုတ်သွားဦးမယ်လို့သပိတ်ဦးဆောင်ကော်မီတီဝင်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG