သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆန့်ကျင်ရေး မြစ်ကြီးနားမှာ ဆန္ဒပြ


(ဓါတ်ပုံ-Kachin Youth Movement)
(ဓါတ်ပုံ-Kachin Youth Movement)

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA တို့အကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် တောထဲမှာ ပိတ် မိနေတဲ့ ကချင်စစ် ဘေးရှောင်ဒေသခံတွေကို အမြန်ဆုံးကယ်ထုတ်ပေးနိုင်ဖို့ ဆန္ဒဖေါ်ထုတ်မှုတရပ်ကို ဒီမနက် ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ဒေသခံတွေအနေနဲ့မနက်ပိုင်းမှာမြို့တွင်း စီတန်းလှည့် လည်ဆန္ဒ ဖေါ်ထုတ်ခဲ့ပေမဲ့ သပိတ်စခမ်းဖွင့်လှစ်သွားမဲ့အစီအစဉ်ကိုတော့ အာဏာပိုင်တွေကနေခွင့်မပြုခဲ့ဘူးလို့ သပိတ် စခန်း ဦးဆောင်ကော်မီတီဝင်တွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်က ကချင်လူငယ်တွေ ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့လူမှုအဖွဲ့အစည်းတွေကနေ မြစ်ကြီးနား မြို့အတွင်း ဆန္ဒဖေါ်ထုတ်ရတဲ့အခြေအနေနဲ့ပက်သက်လို့ သပိတ်စခန်းဦးဆောင်ကော်မီတီဝင် တဦးဖြစ်သူ ဦးလွမ်း ဇောင်းက အခုလိုပြောပါတယ်။

"မနက်(၇)နာရီကနေ(၈)နာရီကနေစတင်ပြီးမှ ကချင်ပြည်သူလူထုခန့်မှန်းချေကတော့ သုံးသောင်းနီးပါးရှိမယ်လို့ ခန့် မှန်း ပါတယ်။ မနောကွင်းမှာစုစည်းပြီးမှ မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းတွေကြောင့် ကျွန်တော်တို့တောတောင်ဒေသ မှာပိတ်မိနေတဲ့ ပြည်သူလူထုတွေအယောက်(၂၀၀၀)ကျော် ယနေ့အချိန်မှာအသက်အန္တရာယ် စားနပ်ရိက္ခာ လူသား ချင်းစာနာထောက်ထားမှုအကူညီမရှိဘဲ ပိတ်လှောင်ခံနေရတဲ့အတွက်ကြောင့်မို့ ဒီစစ်ပြေးကချင်ပြည်သူ ဒုက္ခသည် တွေကို အမြန်ဆုံးနိုင်ငံတော်အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး လေးလေးနက်နက်ထားပြီးမှ အမြန်ဆုံးကယ်ထုတ် နိုင်ရန် လူထုအင်အားနဲ့မြစ်ကြီးနားမြို့မှာ အားလုံးဆန္ဒပြမှုတွေကျွန်တော်တို့လုပ်ဆောင်ခဲ့ပါပြီး။ အခုညနေပိုင်းတွေက တော့ ကျွန်တော်တို့ကချင်လူငယ်ထုတွေဦးဆောင်ပြီးမှ သပိတ်စခန်းကိုဖွင့်သွားပြီးမှကျွန်တော်တို့ ဆန္ဒပြထုတ်ဖေါ် သွားမှာဖြစ်ပါတယ်။"

ဆန္ဒဖေါ်ထုတ်သူတွေအနေနဲ့တိုက်ပွဲကြားပိတ်မိသူတွေကို စားနပ်ရိက္ခာထောက်ပံ့ရေး ပိတ်မိပြည်သူတွေရဲ့ အသက် ကို လျစ်လျူမရှုရေးနဲ့စစ်ပွဲများကြောင့် ဒုက္ခကြုံနေရတဲ့ ပြည်သူလူထုတွေရဲ့အရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် အစိုးရက နှုတ်ဆိတ်မနေဖို့ စီတန်းလှည့်လည်တောင်းဆိုခဲ့တာပါ။

မနက်ပိုင်းမှာမြို့တွင်းစီတန်းလှည့်လည်ဆန္ဒဖေါ်ထုတ်ခဲ့ရာမှာ အာဏာပိုင်တွေဘက်ကတားဆီးပိတ်ပင်မှုတွေ မရှိခဲ့ ပေမဲ့ ညနေပိုင်းမှာ တက်ကြွတဲ့ကချင်လူငယ်တွေကနေ သပိတ်စခန်းဖွင့်လှစ်သွားမဲ့အစီအစဉ်အတွက် အာဏာပိုင် တွေကခွင့်ပြုချက်မပေးဘဲ တားဆီးမှုတွေပြုလုပ် လာနေပါတယ်။

ဒီအခြေအနေကိုတော့ ဦးလွမ်းဇောင်းက အခုလိုပြောပါတယ်။

"နောက်ဆုံးအခြေအနေကတော့ရဲတွေပတ်ပတ်လည်ကျွန်တော်တို့ကိုဝိုင်းထားတယ်။ မြို့နယ်ရဲစခန်း ကိုကျွန်တော်တို့ ဦးဆောင်ကော်မီတီတချို့တွေသွားညှိနှိုင်းတယ်။ အခုကတော့ ဝန်ကြီးချုပ်ကိုယ်စား သူတို့ခွင့်မပြုပါဘူးဆိုပြီးမှ စာလာ ချပေးတယ်လို့ကြားသိရပါတယ်ဗျ။ ကျွန်တော်တို့ဦးဆောင်ကော်မီတီတွေအစည်းဝေးထိုင်ပြီးမှ ဘယ်လိုရှေ့ဆက်လုပ် မယ်ဆိုတာတော့ ကျွန်တော်တို့ပြန်ပြီးမှဆုံးဖြတ်မှာဖြစ်ပါတယ်။"

လူငယ်တွေကနေ သပိတ်စခန်းဖွင့်လှစ်သွားမဲ့အစီအစဉ်အတွက် သပိတ်ဦးဆောင်ကော်မီတီတွေကနေ ဆွေးနွေးပြီး မှ သပိတ်ထားသင့်မထားသင့်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ဧပြီလအတွင်း တပ်မတော်နဲ့ကချင်လက်နက်ကိုင်အဖွဲ့KIAတို့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ဒေသအနှံ့က ဒေသခံပြည်သူတွေစစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေကို ဦးလွမ်းဇောင်းက အခုလိုဆက်ပြောပါတယ်။

"ကျွန်တော်တို့ဒီတနိုင်းဒေသ အောင်လော့ဒ်ဒေသဘက်မှာပေါ့နော်။ (၁၈၀၀)ကျော်လောက် ပိတ်လှောင်ခံနေရပါတယ်။ ပြီးရင်ကားမိုင်းမြို့နယ်ဘက်က လိုင်နောင်းခူးဘက်မှာလဲ အယောက်(၂၀၀)ကျော်လောက် ပိတ်လှောင်ခံနေရပါတယ်။ အင်ဂျားယန်ဟိုတောင်ဖက်မှာလဲ လူတွေရှိနေသေးတာကိုကျွန်တော်တို့သိရပါတယ်။"

ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ကားမိုင်း မိုးကောင်းနဲ့ အင်ဂျန်းယန် မြို့နယ်က KIA အခြေပြုနေရာတွေဖြစ်တဲ့ မံဝယ်ဒေသ၊ အောင်လောဒ့်ဒေသ၊ ကဆုန့်ဒေသ နှင့် အင်ဂျန်းယန်ဒေသတွေမှာ တပ်မတော်ကနေ နယ်မြေရှင်း လင်းရေး ဆောင်ရွက်ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာကြောင့် ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

အလားတူ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့အကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် မြစ်ဆုံကျေးရွာအုပ်စု ဂွေထောင်ကျေးရွာမှာ သုံးရက်ခန့် ပိတ်မိနေတဲ့ အင်ဂျန်ယန်ဒေသခံ တစ်ရာကျော်ကို မနေ့ ညဘက်မှာ အကူအညီပေးရေးအဖွဲ့စည်းတွေကနေ သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

"မနေ့က ၂ နာရီလောက်မှာ ကချင်ပြည်နယ်အစိုးရရုံးမှာအစည်းဝေးလုပ်ပြီးမှ MCCလို့ခေါ်တဲ့ ဂိုဏ်းဂနပေါင်းစုံအသင်း တော်က ဆရာတော်တွေ။ ကျွန်တော်တို့PCGလဲပါပြီးတော့မှ ဂွေထော်မှာရှိတဲ့လူပေါင်း(၁၀၀)ကျော်ပေါ့လေ။ ပိတ်ဆို့ နေတဲ့ဟာကို သွားရောက်ခေါ်ယူဖို့အတွက်ခွင့်ပြုချက်ရရှိခဲ့တယ်လေ။ မနေ့ည(၇)နာရီ(၈)နာရီလောက်မှာ တဖက် ကမ်းကိုပြန်ကူးနိုင်ပြီးတော့မှ အခုတန်ဖရဲရွာပေါ့။ မြစ်ဆုံအထက်နားရွာမှာပေါ့လေ။ အဲဒီစစ်ရှောင်စခမ်းယာယီဖွင့်ထား တဲ့နေရာမှာ ကက်သလစ်ဘုရားကျောင်းဝင်းထဲမှာဘဲ အားလုံးစုထားတယ်ဗျ။"

ပြီးခဲ့တဲ့ဧပြီလ(၂၆)ရက်နေ့မှာလဲ တပ်မတော်နဲ့KIAတို့တိုက်ပွဲကြောင့်အင်ဂျန်းယန်မြို့နယ်အတွင်းကအင်လော့ယန်၊ ဂွေထောင် ၊ အင်ဂရန့်ကောင်စတဲ့ကျေးရွာ ၁၀လောက်က ပြည်သူတစ်ထောင်ကျော်ဟာ မြစ်ဆုံက တန်ဖဲရွာကို တိမ်းရှောင်ရောက်ရှိလာခဲ့ပါတယ်။

အင်ဂျန်းယန်ဒေသဘက်မှာ တိုက်ပွဲတွေကြောင့် မြစ်ကြီးနာမြို့ကို ထွက်ပြေးလာတဲ့ ဒေသခံတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗျူဟာမှူးကနေ ယမနေ့ကသွားရောက်တွေ့ဆုံခဲ့ပြီး တပ်မတော်ဘက်က ပြည်သူတွေကို အသိပေး ကြေညာချက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ပါတယ်။

အဲဒီလက်ကမ်းစာစောင်ထဲမှာဧပြီလအတွင်း ကေအိုင်အေ အခြေပြုနေရာတွေဖြစ်တဲ့ ဖားကန့်မြို့နယ်မံဝယ်ဒေသကို တပ်မတော်က နယ်မြေရှင်းလင်း သိမ်းပိုက်ခဲ့ပြီး အောင်လေဒ့်ဒေသ၊ ကဆုန်းဒေသနဲ့အင်ဂျန်းယန်ဒေသတွေမှာ တပ်မတော်က ဆက်လက်နယ်မြေရှင်းလင်းနေသလို ကေအိုင်အေနဲ့မပါတ်သက်မဆက်နွယ်သူတွေ စိုးရိမ်စရာ မရှိဘဲ အိမ်ပြန်နိုင်တယ်လို့ အဲဒီလက်ကမ်းစာစောင်တွေမှာ ဖော်ပြထားပါတယ်။

အလားတူ KIOကချင်လွတ်လပ်ရေးအဖွဲ့ဘက်ကလဲ တိုက်ပွဲတွေကြောင့် နေအိမ်ကနေထွက်ပြေးပြီး စစ်ဘေးရှောင် နေရတဲ့ ကချင်ပြည်သူလူထုတွေစိတ်ဓါတ်မကျပဲ ကြုံတွေ့နေရတဲ့ဒုက္ခတွေကို သည်းခံပြီးကျော်ဖြတ်ကြဖို့ (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဧပြီလ ၂၈ ရက်မှာစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG