သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းမှာ အစိုးရလေကြောင်း တိုက်ခိုက်မှု ပြုလုပ်


အစိုးရ စစ်ဘက်သုံးလေယာဉ်
အစိုးရ စစ်ဘက်သုံးလေယာဉ်

ကချင်ပြည်နယ် နယ်စပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ထိစပ်နေတဲ့ဒေသမှာ အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ် တွေကြား ဒီရက်ပိုင်းထဲ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တဝိုက်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေ တယ်လို့ ဒေသခံကပြောပါတယ်။ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ရော၊ လေကြောင်းကူထိုးစစ်ပါ ဆင်နွှဲနေ တာကြောင့် အဲဒီဒေသက ကျောင်းတွေ၊ ဈေးနဲ့ ဘဏ်လုပ်ငန်းတွေ ယာယီ ပိတ်ထားရပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မူဆယ်မြို့နဲ့တဝိုက် အစိုးရတပ်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ တချိန်ထဲမှာပဲ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက မန်ဝိန်းကြီးဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသ တဝိုက်မှာ ဒီရက်ပိုင်းထဲ တိုက်ပွဲ ပြင်းထန်နေ တာပါ။ အဲဒီဒေသတွေဟာ တရုတ်-မြန်မာနယ်စပ် နားမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် သောင်းနဲ့ ချီတဲ့ဒေသခံတွေ ဘယ်ကိုမှ မသွားနိုင်ပဲ ပိတ်မိ နေတယ်လို့ မန်စီမြို့နယ်က SNLD ကျားခေါင်းပါတီဝင် စိုင်းဇင်မင်းအေးက VOAကို ပြောပါတယ်။

“မန်စီမြို့နယ် မန်ဝိန်းကြီးဒေသပေါ့ ။ အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်စွဲတဲ့နေရာ မှာပဲ ဖြစ်နေတုန်းပဲ ရှိသေးတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လေကြောင်းကလည်း ပစ်တယ်။ သူကနမ့်ခမ်းနဲ့ နီးတဲ့ဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီနမ့်ခမ်းနဲ့ ရွှေလီမြစ်ကြားမှာပေါ့၊ တံတားကတော့ ပိတ်သွားပြီ။ ပြီးရင်နဂိုကတည်းက ဗန်းမော်နဲ့ မန်ဝိန်းကြီးဒေသမှာ လမ်းက ပိတ်ထားပြီးသားဖြစ် တဲ့အတွက်ကြောင့်မို့လို့ အခုဟာက ဒီမန်ဝိန်းကြီးဒေသမှာ ရှိတဲ့လူတွေအားလုံးက ပိတ်မိနေဆဲ ဖြစ်နေတယ်။ ဘယ်မှသွားလို့မရဘူးဖြစ်နေတယ်။ လူသောင်းနဲ့ချီက မန်စီမြို့ပေါ်ကိုလည်း သွားလို့မရဘူး၊ နမ့်ခမ်းမြို့ထဲကိုလည်း သွားလို့မရဘူး။ အဲလို အခြေအနေဖြစ်နေတယ်။ ဒါကတော့ စစ်ရဲ့ဆိုးကျိုးကို ပြည်သူလူထုက ခံနေရတယ် လို့ပဲ ပြောရမှာပဲ။”

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသဟာ ကချင် KIA တပ်တွေ အဓိက လှုပ်ရှားနေတဲ့နေ ရာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း အစိုးရတပ်က လက်နက် ကြီးနဲ့ရော၊ လေကြောင်းကူ ထိုးစစ်ပါဆင်နွှဲနေပြီး ဒါဟာNCA အပစ်ရပ်စာချုပ်မှာ မြောက်ပိုင်း မဟာမိတ်တပ်တွေ လက်မှတ်ထိုးလာဖို့ ဖိအားပေး လိုတဲ့ သဘောလို့မြင်မိကြောင်း KIA တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူးဇော်ဂေါင်က သုံးသပ် ပါတယ်။

“အခုက လေကြောင်းနဲ့လည်းတိုက်တယ်။ လူအင်အားရယ်၊ လေကြောင်းနဲ့ရယ် ၂ မျိုးနဲ့ တိုက်တာပေါ့။ သူတို့က ဖိအားပေးတဲ့သဘောဖြစ်မယ်ထင်တယ်။ ဘာလဲ ဆိုတော့ NCA ကိုလက်မှတ်ထိုးခိုင်းချင်တဲ့သဘော ဖြစ်ရင်လည်းဖြစ်မှာပေါ့။”

မြောက်ပိုင်းမဟာမိတ်ထဲမှာပါတဲ့ ကချင်KIA တအာင်းပလောင်TNLA ရခိုင်AAနဲ့ ကိုးကန့်MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ဟာ NCA နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေဖြစ်ပါတယ်။ တရုတ် နယ်စပ် ရှမ်းနဲ့ကချင်မှာ အခုဖြစ်နေတဲ့ စစ်ပွဲတွေဟာ ပြီးခဲ့တဲ့လအတွင်း တိုင်းရင်းသားဒေသထဲ အစိုးရတပ်ရဲ့ ထိုးစစ်တွေ ရပ်သွားစေဖို့ မြောက်ပိုင်း မဟာမိတ် တပ်တွေက တရုတ်မြန် မာနယ်စပ် ၁၀၅မိုင်ကုန်သွယ်ဂိတ်ကို တလောက ဝင်တိုက်ခဲ့ပြီးနောက် အစိုးရတပ်တွေက အရင်ထက်ပိုပြီး ထိုးစစ်ဆင်လာတာဖြစ် ပါတယ်။

တရုတ်နယ်စပ်နားက ဒီစစ်ပွဲတွေကြောင့် နမ့်ခမ်းနဲ့ မန်ဝိန်းကြီးဒေသတွေက ေ ကျာင်းတွေ ဈေးနဲ့ ဘဏ်တွေ ယာယီ ပိတ်ထားရတယ်လို့ SNLD ပါတီက စိုင်းဇင်မင်းအေးက ပြောပါတယ်။

“နမ့်ခမ်းမြို့ပေါ်က ဒီနေ့ ဒီအချိန်အထိ တောင်မှ ကျောင်းနဲ့ ဘဏ်က မဖွင့်သေးဘူး။ မန်ဝိန်းကြီးဒေသမှာဆိုရင်တော့ သေချာတယ် ဘယ်သူမှ သွားလို့မရဘူး ဖြစ်နေ တယ်။ နမ့်ခမ်းမြို့ပေါ်က လူတွေကလည်း မန်ဝိန်းကြီးကို သွားလို့မရသလို၊ မန်ဝိန်း ကြီးဒေသကလည်း နမ့်ခမ်းကို လာလို့မရဘူး။ အဲဒီမှာရှိတဲ့ ဈေးနဲ့ ကျောင်းတွေ အားလုံးကလည်း အခုအချိန်အထိ ပိတ်ထားတုန်းပဲ။”

ဒီစစ်ပွဲတွေတာ ပြသနာရဲ့အဖြေမဟုတ်ပဲ နောက်ဆုံး ပြည်သူလူထုသာ နစ်နာရ တယ်လို့ စိုင်းဇင်မင်းအေးက သုံးသပ်ပါတယ်။

“ဒီစစ်ပွဲတွေဖြစ်လာတာက နှစ်ပေါင်း ၆၀ ကျော်ပြီ ၊ ဒါပေမယ့် ဖြစ်လာတိုင်းလည်း လူထုကိုပဲ ထိခိုက်တာများတယ်။ ကျနော့်အနေနဲ့ပြောရမှာက စစ်ပွဲကအဖြေ မဟုတ် ဘူးလို့ပဲ ပြောချင်တယ်။ ပါတီ အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ တိုက်တွန်း လာတာကတော့ ကြာလာပါပြီ။ ဒါပေမယ့် အခုအထိကတော့ ပြည့်ပြည့်၀၀ နိုင်ငံေ ရးဆွေးနွေးပွဲ လုပ်နေတာတော့ မရှိသေးဘူးလို့ပြောရမှာပါပဲ။”

ကချင်နဲ့ ရှမ်းပြည်နယ်တွင်း စစ်ပွဲတွေကြောင့် အခုချိန်ထိ ကချင်စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၃သောင်းကျော်ရှိသလို၊ ရှမ်း စစ်ဘေးရှောင် ဒုက္ခသည် သောင်း ဂဏန်းထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG