{{Zawgyi/Unicode}}
ကရင္ျပည္နယ္ ျမ၀တီခရိုင္ အတြင္းမွာ စစ္ေကာင္စီတပ္ေတြကတဖက္ေကအန္ယူတပ္ေတြ နဲ႔ ျပည္သူကာကြယ္ေရးတပ္ ပူးေပါင္းတပ္ဖဲြ့ေတြကတဖက္ ျဖစ္ပြားခဲ့တဲ့တုိက္ပဲြေတြျငိမ္းသက္ေနေပမယ့္ ေလးေက့ေကာ္ျမိဳ ့သစ္ အပါအဝင္ အနီးတ၀ိုက္က ေက်းရြာေတြက စစ္ေဘးေရွာင္ ဒုကၡသည္ေတြဟာ အခုခိ်န္ထိေနရပ္မျပန္ႏုိင္ေသးပဲ ေသာင္ရင္းျမစ္တေလ်ာက္ အဆင္ေျပတဲ့ေနရာေတြမွာ ေနထုိင္ေနရပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။
ကရင္ျပည္နယ္ ျမဝတီခရိုင္ ေလးေက့ေကာ္ကေန စတင္ခဲ့တဲ့ ႏွစ္ဖက္တိုက္ပဲြေတြအပါအ၀င္ စစ္ေကာင္စီတပ္ေတြဘက္က ေလယာဥ္နဲ့ ဗံုးႀကဲတုိက္ခိုက္မူေတြေႀကာင့္ ျမ၀တီခရိုင္ထဲက ေက်းရြာသားေတြဟာ ဒုကၡသည္ေတြအျဖစ္ ေသာင္ရင္းျမစ္တေလ်ာက္မွာ ေနထုိင္ေနရဆဲျဖစ္ပါတယ္။ ျမန္မာဘက္မွာတုိက္ပဲြ မရွိေပမယ့္လည္း ေျမျမွုပ္မုိင္းနင္းမိလို့ ဒဏ္ရာရႀကတာေတြနဲ့ စစ္ေကာင္စီတပ္ေတြက ရြာေတြထဲမွ ာတပ္စဲြေနရာယူထားတာေႀကာင့္လည္း ဒုကၡသည္ေတြမွာ ေနရပ္မျပန္နိုင္ေသးပဲ ေသာင္ရင္းျမစ္တေလ်ာက္မွာ ေနထုိင္ေနရေႀကာင္း ဒုကၡသည္ေတြကို အကူညီေပးေနသူတဦးကေျပာျပပါတယ္။
"ျမန္မာျပည္ကမ္းမွာေတာ့ လတ္တေလာ အေျခအေနအရ ေသနတ္သံေတြတိတ္ျပီး တိုက္ပဲြေတြကျငိမ္ေနတာေတာ့ေတြ့ရတယ္။
သို့ေသာ္လည္းပဲ ရြာေတြထဲမွာစစ္ေကာင္စီဘက္က စစ္တပ္ဘက္က လူေတြရွိတယ္။ ပထမေတာ့ ရြာေတြကိုျပန္လို့ရျပီဆုိေတာ့ ရြာေတြျပန္ႀကတယ္။ ဖလူးႀကီး ဖလူးေလးဘက္ကိုျပန္ႀကတယ္။ ေနာက္ေတာ့ ဖလူးၿကီးရြာေတြထဲမွာ ရြာသားေတြမရွိေတာ့ဘူး။ တျခားတေနရာကုိျပန္ေရွာင္ႀကတာေတြရွိတယ္။ ဖလူးေလးရြာသားေတြကေတာ့သူတုိ့အိမ္ျပန္ႀကေတာ့ ပစၥည္းေတြမရွိေတာ့ဘူးလို ့ဒီေနျပန္ေျပာႀကတယ္။ ကမ္းစပ္တေလ်ာက္မွာျပန့္ႀကဲေနၾကရတယ္။ တခ်ိဳ ့က ထုိင္းဘက္ကမ္းမွာရွိတယ္။ တခ်ိဳ ့ျမန္မာဘက္ကမ္းမွာအဆင္ေျပသလိုေနထုိင္ေနႀကတယ္။ထုိင္းဘက္ကေနလို့မရဘူးဆိုျမန္မာဘက္ကုိျပန္ေရႊ့ႀကတယ္။ဟုိတစု ဒီတစုေနႀကတယ္ ။ ပ်မ္းမ်ွျခင္းကေတာ့ ကမ္းစပ္မွာဒုကၡသည္၁၆၀၀ေလာက္ရွိေသးတယ္"
ထို္င္းဘက္ျခမ္းမွာ ေထာင္နဲ့ခ်ီိရိွေနတဲ့ ဒုကၡသည္ေတြကိုေတာ့ ျပီးခဲ့တဲ့ရက္ကပဲ ထုိင္းအစိုးရက ျမန္မာျပည္ဘက္ကို ျပန္ပို့ခဲ့ပါတယ္ ။ အခုအခါမွာေတာ့ရာဂဏန္းေလက္ပဲရွိပါေတာ့တယ္။ ေနရပ္မျပန္ရဲႀကတဲ့ဒုကၡသည္ေတြကေတာ့ ေသာင္ရင္းျမစ္နေဘးကိုျပန္ေရာက္လာႀကတယ္လို့ဆုိပါတယ္။
" ႏြားျခံထဲက ရွိေနတဲ့ ဒုကၡသည္ေတြကေတာ့တိုက္ပဲြသံမႀကားရေတာ့ျပန္သြားတာရွိတယ္ ။ ျပန္လႊတ္တာရိွတယ္။ သိုေသာ္လည္း သူတုိ့ရြာေတြကိုမျပန္ရဲႀကပဲကမ္းစပ္တေလ်ွာက္လာေနတာေတြ ့ရတယ္"
ကရင္ျပည္နယ္ ျမဝတီခရိုင္ ေလးေက့ေကာ္ျမိဳ႔သစ္ အတြင္းမွာ ခိုလႈံေနတဲ့ လြတ္ေတာ္အမတ္ ၂ ဦးနဲ႔ စစ္အာဏာသိမ္းမူ့ကို ဆန့္က်င္တဲ့ တက္ႀကြလွဳပ္ရွားသူေတြ အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္ထားတဲ့ ၀န္ထမ္းေတြပါတဲ့ လူ ၂၀ ေက်ာ္ကုိ စစ္ေကာင္စီတပ္ေတြ ျပီးခဲ့တဲ့ ႏွစ္ဒီဇင္ဘာ ၁၄ ရက္မွာ ၀င္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ ေနာက္တရက္ ဒီဇင္ဘာလ ၁၅ ရက္ေန့ကစလို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္အပါအ၀င္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ NUG လက္ေအာက္ခံျပည္သူ့ကာကြယ္ေရးတပ္စတဲ့ ပူးေပါင္းတပ္ဖဲြေတြနဲ့ စစ္ေကာင္စီတပ္ေတြဟာတိုက္ပဲြေတြျဖစ္ခဲ့တာေႀကာင့္ ဒုကၡသည္ေတြဟာ ေသာင္းဂဏန္းေလာက္ နယ္စပ္ေလွ်ာက္ကို ထြက္ေျပးခဲ့ရပါတယ္။
.............................................
{{Unicode}}
ကရင်ပြည်နယ် မြဝတီခရိုင် အတွင်းမှာ စစ်ကောင်စီတပ်တွေကတဖက် ကေအန်ယူတပ်တွေ နဲ့ ပြည်သူကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေကတဖက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေငြိမ်းသက်နေပေမယ့် လေးကေ့ကော်မြို့သစ် အပါအဝင် အနီးတဝိုက်က ကျေးရွာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အခုချိန်ထိနေရပ်မပြန်နိုင်သေးပဲ သောင်ရင်းမြစ်တလျောက် အဆင်ပြေတဲ့နေရာတွေမှာ နေထိုင်နေရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ကနေ စတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအပါအဝင် စစ်ကောင်စီတပ်တွေဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် မြဝတီခရိုင်ထဲက ကျေးရွာသားတွေဟာ ဒုက္ခသည်တွေအဖြစ် သောင်ရင်းမြစ်တလျောက်မှာ နေထိုင်နေရဆဲဖြစ်ပါတယ်။ မြန်မာဘက်မှာတိုက်ပွဲ မရှိပေမယ့်လည်း မြေမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာရကြတာတွေနဲ့ စစ်ကောင်စီတပ်တွေက ရွာတွေထဲမှ ာတပ်စွဲနေရာယူထားတာကြောင့်လည်း ဒုက္ခသည်တွေမှာ နေရပ်မပြန်နိုင်သေးပဲ သောင်ရင်းမြစ်တလျောက်မှာ နေထိုင်နေရကြောင်း ဒုက္ခသည်တွေကို အကူညီပေးနေသူတဦးကပြောပြပါတယ်။
" မြန်မာပြည်ကမ်းမှာတော့ လတ်တလော အခြေအနေအရ သေနတ်သံတွေတိတ်ပြီး တိုက်ပွဲတွေကငြိမ်နေတာတော့တွေ့ရတယ်။
သို့သော်လည်းပဲ ရွာတွေထဲမှာစစ်ကောင်စီဘက်က စစ်တပ်ဘက်က လူတွေရှိတယ်။ ပထမတော့ ရွာတွေကိုပြန်လို့ရပြီဆိုတော့ ရွာတွေပြန်ကြတယ်။ ဖလူးကြီး ဖလူးလေးဘက်ကိုပြန်ကြတယ်။ နောက်တော့ ဖလူးကြီးရွာတွေထဲမှာ ရွာသားတွေမရှိတော့ဘူး။ တခြားတနေရာကိုပြန်ရှောင်ကြတာတွေရှိတယ်။ ဖလူးလေးရွာသားတွေကတော့ သူတို့အိမ်ပြန်ကြတော့ ပစ္စည်းတွေမရှိတော့ဘူးလို့ဒီနေပြန်ပြောကြတယ်။ ကမ်းစပ်တလျောက်မှာပြန့်ကြဲနေကြရတယ်။ တချို့က ထိုင်းဘက်ကမ်းမှာရှိတယ်။ တချို့မြန်မာဘက်ကမ်းမှာအဆင်ပြေသလိုနေထိုင်နေကြတယ်။ထိုင်းဘက်ကနေလို့မရဘူးဆိုမြန်မာဘက်ကိုပြန်ရွှေ့ကြတယ်။ဟိုတစု ဒီတစုနေကြတယ် ။ ပျမ်းမျှခြင်းကတော့ ကမ်းစပ်မှာဒုက္ခသည်၁၆၀၀လောက်ရှိသေးတယ်"
ထိုင်းဘက်ခြမ်းမှာ ထောင်နဲ့ချီရှိနေတဲ့ ဒုက္ခသည်တွေကိုတော့ ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းအစိုးရက မြန်မာပြည်ဘက်ကို ပြန်ပို့ခဲ့ပါတယ် ။ အခုအခါမှာတော့ရာဂဏန်းလေက်ပဲရှိပါတော့တယ်။ နေရပ်မပြန်ရဲကြတဲ့ဒုက္ခသည်တွေကတော့ သောင်ရင်းမြစ်နဘေးကိုပြန်ရောက်လာကြတယ်လို့ဆိုပါတယ်။
" နွားခြံထဲက ရှိနေတဲ့ ဒုက္ခသည်တွေကတော့တိုက်ပွဲသံမကြားရတော့ပြန်သွားတာရှိတယ် ။ ပြန်လွှတ်တာရှိတယ်။ သိုသော်လည်း သူတို့ရွာတွေကိုမပြန်ရဲကြပဲကမ်းစပ်တလျှောက်လာနေတာတွေ့ရတယ်"
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ် အတွင်းမှာ ခိုလှုံနေတဲ့ လွတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းမူ့ကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်းတွေပါတဲ့ လူ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ဒုက္ခသည်တွေဟာ သောင်းဂဏန်းလောက် နယ်စပ်လျှောက်ကို ထွက်ပြေးခဲ့ရပါတယ်။