သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမဝတီေတာင္ဘက္ DKBA စခန္း ကို စစ္တပ္ကရဟတ္ယာဥ္ေတြနဲ႔ တိုက္ခိုက္


တိုက္ပြဲေတြေၾကာင့္ထိုင္းနယ္စပ္သို ့ထြက္ေျပးလာၾကသော ဒုကၡသည္မ်ား (၁၄၊၁၂၊၂၀၂၁) (ဓာတ္ပံု- AFP)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ျမဝတီၿမိဳ႕ ေတာင္ဘက္ ဖလူးေလးေက်း႐ြာမွာရွိတဲ့ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ရဲ႕ ဗိုလ္စလုံးစခန္းကို စစ္ေကာင္စီတပ္ေတြက ရဟတ္ယာဥ္ ၂ စင္းနဲ႔ ဒီေန႔ ဇန္နဝါရီလ ၁၄ ရက္မွာ တိုက္ခိုက္ခဲ့ပါတယ္။ ဒီစခန္းတြင္းမွာ ေလးေက့ေကာ္က စစ္ေဘးဒုကၡသည္ေတြရွိ မရွိ ဝင္ေရာက္ရွာေဖြဖို႔ လုပ္ရာကေန တိုက္ပြဲေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ စစ္တပ္ရဟတ္ယာဥ္ေတြနဲ႔ တိုက္ခိုက္မႈေၾကာင့္
စစ္ေျပးဒုကၡသည္ေတြ ထိုင္းႏိုင္ငံဘက္ ထပ္ၿပီးထြက္ေျပးခဲ့ၾကတဲ့အေၾကာင္း ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းပို႔ပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ျမဝတီၿမိဳ႕ေတာင္ဘက္ ဖလူးေလးေက်း႐ြာအနီးမွာရွိတဲ့ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ဗိုလ္စလုံးစခန္းအေပၚ စစ္ေကာင္စီတပ္ေတြက လက္နက္တပ္ဆင္ထားတဲ့ တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂ စင္းနဲ႔ ဒီေန႔ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ အခုလို စစ္တပ္က ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အဲဒီမွာ ခိုလႈံေနၾကတဲ့ စစ္ေျပးဒုကၡသည္ေတြ ထိုင္းႏိုင္ငံဘက ထြက္ေျပးခဲ့ၾကရတယ္လို႔ ျပည္သူကာကြယ္ေရးတပ္က ေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္ကေျပာပါတယ္။

"ဖလူးစခန္းကိုေလ ဗိုလ္စလုံးစခန္းကို မေန႔က တိုက္ပြဲျဖစ္ေတာ့ ဒီေန႔ ရဟတ္ယာဥ္နဲ႔၂စီးနဲ႔ဗုံးလာႀကဲတယ္။ ရဟတ္ယာဥ္နဲ႔လည္းႀကဲတယ္ စက္ေသနတ္နဲ႔လည္းပစ္သြားတယ္။ အထိအခိုက္ကေတာ့မရွိဘူး။အေဆာက္အဦးကေတာ့ပ်က္သြားတယ္။ အထိအခိုက္ကေတာ့မရွိဘူး။ အေဆာက္အဦးကေတာ့ပ်က္သြားတယ္။ ပထမကေတာ့ ေလးေက့ေကာ္တိုက္ပြဲျဖစ္ေတာ့ DKBA စခန္းဆိုေတာ့စစ္ေရွာင္ေတြက နီးစပ္ရာေတြကသြားေနၾကတယ္။ ဖလူး႐ြာသားေတြကေတာ့အမ်ားဆုံး။ နဂိုကတည္းက ေလးေကးေကာ္စစ္ေရွာင္ေတြအတြက္ ဗိုလ္စလုံးစခန္းမွာစစ္ေရွာင္ေတြအတြက္ ေနရာလုပ္ေပးထားတယ္။ တိုက္ပြဲေတြျဖစ္ေတာ့စစ္ေရွာင္ေတြက ဒီဘက္ျခမ္းကိုျပန္လာကူးလာရတယ္ "

KNU တပ္မဟာ ၆ ထိန္းခ်ဳပ္ထားတဲ့ ေလးေက့ေကာ္ၿမိဳ႕သစ္မွာ စစ္ေကာင္စီတပ္ေတြက NLD လြတ္ေတာ္အမတ္၂ ဦးနဲ႔ တက္ႂကြလႈပ္ရွားသူေတြ ပါဝင္တဲ့ လူ ၂၀ ေက်ာ္ကို ဒီဇင္ဘာလက ဖမ္းဆီးသြားခဲ့ပါတယ္။ သူတို႔ကို ျပန္ေပးဖို႔ ေတာင္းဆိုရာကေန ေလးေက့ေကာ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA၊ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ KNDO၊ PDF ျပည္သူကာကြယ္ေရးအဖြဲ႕ေတြၾကား ဒီဇင္ဘာလ ၁၅ ရက္ေန႔ထဲက စၿပီးေနစဥ္လိုလို တိုက္ပြဲေတြျဖစ္ေနပါတယ္။ အဲဒီတိုက္ပြဲေတြေၾကာင့္ထြက္ေျပးၾကရတဲ့ ေဒသခံေတြကို DKBA ရဲ႕ ဗိုလ္စလုံးစခန္းမွာ ခိုလႈံခြင့္ေပးထားပါတယ္။

စစ္ေျပးဒုကၡသည္ေတြထဲမွာ စစ္အာဏာသိမ္းမႈဆန႔္က်င္သူ တက္ႂကြလႈပ္ရွားသူေတြရွိသလားဆိုၿပီး နယ္ျခားေစာင့္တပ္ေတြ မၾကာခင္ရက္ပိုင္းက ဝင္ေရာက္ရွာေဖြခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း အရပ္ဝတ္နဲ႔လူတခ်ိဳ႕ဟာ နယ္ျခားေစာင့္တပ္နဲ႔ လာေရာက္ၿပီး ဒုကၡသည္စခန္းထဲကလူေတြကို ဖုန္းနဲ႔ဗြီဒီယို႐ိုက္တာ ေတြရွိတယ္လို႔လည္း ဒုကၡသည္ေတြက ေျပာပါတယ္။ ဇန္နဝါရီ ၁၃ ရက္ကေတာ့ ဗိုလ္စလုံးစခန္းကို စစ္ေကာင္စီတပ္ေတြက အလုံးအရင္းနဲ႔ ဝင္ေရာက္စီးနင္းၿပီး စစ္ေျပးဒုကၡသည္ေတြထဲမွာ သူတို႔လိုခ်င္သူေတြကို ရွာေဖြဖို႔ႀကိဳးစားရာကေန တိုက္ပြဲေတြျဖစ္လာခဲ့ေၾကာင္း ကိုေစာမြန္ကေျပာပါတယ္။

"ေလးေက့ေကာ္တိုက္ပြဲျဖစ္ေတာဒီမွာလာေရွာင္ေနၾကမယ္လို႔ သူတို႔ကထင္တယ္။ အဲဒီထဲကိုဝင္ရွာခြင့္ေတာင္းတယ္ ခြင့္မျပဳလို႔ အဲဒီမွာတိုက္ပြဲျဖစ္သြားတာ။စစ္ေရွာင္ေတြထဲကေန ဟိုလူကိုေပးပါ ဒီလူကိုေပးပါဆိုၿပီး လာေတာင္းေနတာေၾကာင့္ တိုက္ပြဲျဖစ္သြားတာ အဲဒီမွာဒီေကဘီေအနဲ႔အတူ ေကအန္ယူေတြ ပူးေပါင္းတပ္ဖြဲ႕ေတြ ရွိတယ္ အဲဒီအဖြဲ႕ေတြပူးေပါင္းတိုက္ၾကတာပါ ။"

ဒီမိုကေရစီကရင္အက်ိဳးျပဳတပ္မေတာ္ DKBA တပ္၊ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး KNLA တပ္၊ PDF ျပည္သူကာကြယ္ေရးအဖြဲ႕ စတဲ့ ပူးေပါင္းတပ္ေတြက စစ္ေကာင္စီတပ္ေတြကို ပူးေပါင္းတိုက္ခိုက္ၾကတာျဖစ္ပါတယ္။ DKBA ရဲ႕ ဗိုလ္စလုံးစခန္းကေတာ့ဆုတ္ခြါေပးလိုက္ရတယ္လို႔ ထိုင္းနယ္ျခားေစာင့္တပ္ဘက္က လာတဲ့သတင္းေတြမွာပါရွိေပမယ့္ သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ တိုက္ပြဲေတြေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအခ်ိဳ႕ ထိုင္းဘက္ကို ေရာက္ရွိလာတာေၾကာင့္ ကူညီေပးေနရေၾကာင္း ထိုင္းကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


မြဝတီတောင်ဘက် DKBA စခန်း ကို စစ်တပ်ကရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်

Unicode
ကရင်ပြည်နယ် မြဝတီခရိုင်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် ၂ စင်းနဲ့ ဒီနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီစခန်းတွင်းမှာ လေးကေ့ကော်က စစ်ဘေးဒုက္ခသည်တွေရှိ မရှိ ဝင်ရောက်ရှာဖွေဖို့ လုပ်ရာကနေ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့်
စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် ထပ်ပြီးထွက်ပြေးခဲ့ကြတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပို့ပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ဗိုလ်စလုံးစခန်းအပေါ် စစ်ကောင်စီတပ်တွေက လက်နက်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းနဲ့ ဒီနေ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက ထွက်ပြေးခဲ့ကြရတယ်လို့ ပြည်သူကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပါတယ်။

"ဖလူးစခန်းကိုလေ ဗိုလ်စလုံးစခန်းကို မနေ့က တိုက်ပွဲဖြစ်တော့ ဒီနေ့ ရဟတ်ယာဉ်နဲ့၂စီးနဲ့ဗုံးလာကြဲတယ်။ ရဟတ်ယာဉ်နဲ့လည်းကြဲတယ် စက်သေနတ်နဲ့လည်းပစ်သွားတယ်။ အထိအခိုက်ကတော့မရှိဘူး။အဆောက်အဦးကတော့ပျက်သွားတယ်။ အထိအခိုက်ကတော့မရှိဘူး။ အဆောက်အဦးကတော့ပျက်သွားတယ်။ ပထမကတော့ လေးကေ့ကော်တိုက်ပွဲဖြစ်တော့ DKBA စခန်းဆိုတော့စစ်ရှောင်တွေက နီးစပ်ရာတွေကသွားနေကြတယ်။ ဖလူးရွာသားတွေကတော့အများဆုံး။ နဂိုကတည်းက လေးကေးကော်စစ်ရှောင်တွေအတွက် ဗိုလ်စလုံးစခန်းမှာစစ်ရှောင်တွေအတွက် နေရာလုပ်ပေးထားတယ်။ တိုက်ပွဲတွေဖြစ်တော့စစ်ရှောင်တွေက ဒီဘက်ခြမ်းကိုပြန်လာကူးလာရတယ် "

KNU တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေက NLD လွတ်တော်အမတ်၂ ဦးနဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ လူ ၂၀ ကျော်ကို ဒီဇင်ဘာလက ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့ကို ပြန်ပေးဖို့ တောင်းဆိုရာကနေ လေးကေ့ကော်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ PDF ပြည်သူကာကွယ်ရေးအဖွဲ့တွေကြား ဒီဇင်ဘာလ ၁၅ ရက်နေ့ထဲက စပြီးနေစဉ်လိုလို တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့်ထွက်ပြေးကြရတဲ့ ဒေသခံတွေကို DKBA ရဲ့ ဗိုလ်စလုံးစခန်းမှာ ခိုလှုံခွင့်ပေးထားပါတယ်။

စစ်ပြေးဒုက္ခသည်တွေထဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူ တက်ကြွလှုပ်ရှားသူတွေရှိသလားဆိုပြီး နယ်ခြားစောင့်တပ်တွေ မကြာခင်ရက်ပိုင်းက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အရပ်ဝတ်နဲ့လူတချို့ဟာ နယ်ခြားစောင့်တပ်နဲ့ လာရောက်ပြီး ဒုက္ခသည်စခန်းထဲကလူတွေကို ဖုန်းနဲ့ဗွီဒီယိုရိုက်တာ တွေရှိတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်ကတော့ ဗိုလ်စလုံးစခန်းကို စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး စစ်ပြေးဒုက္ခသည်တွေထဲမှာ သူတို့လိုချင်သူတွေကို ရှာဖွေဖို့ကြိုးစားရာကနေ တိုက်ပွဲတွေဖြစ်လာခဲ့ကြောင်း ကိုစောမွန်ကပြောပါတယ်။

"လေးကေ့ကော်တိုက်ပွဲဖြစ်တောဒီမှာလာရှောင်နေကြမယ်လို့ သူတို့ကထင်တယ်။ အဲဒီထဲကိုဝင်ရှာခွင့်တောင်းတယ် ခွင့်မပြုလို့ အဲဒီမှာတိုက်ပွဲဖြစ်သွားတာ။စစ်ရှောင်တွေထဲကနေ ဟိုလူကိုပေးပါ ဒီလူကိုပေးပါဆိုပြီး လာတောင်းနေတာကြောင့် တိုက်ပွဲဖြစ်သွားတာ အဲဒီမှာဒီကေဘီအေနဲ့အတူ ကေအန်ယူတွေ ပူးပေါင်းတပ်ဖွဲ့တွေ ရှိတယ် အဲဒီအဖွဲ့တွေပူးပေါင်းတိုက်ကြတာပါ ။"

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA တပ်၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ PDF ပြည်သူကာကွယ်ရေးအဖွဲ့ စတဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်ကြတာဖြစ်ပါတယ်။ DKBA ရဲ့ ဗိုလ်စလုံးစခန်းကတော့ဆုတ်ခွါပေးလိုက်ရတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်ဘက်က လာတဲ့သတင်းတွေမှာပါရှိပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ ထိုင်းဘက်ကို ရောက်ရှိလာတာကြောင့် ကူညီပေးနေရကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG