သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာဒုက္ခသည်များ အခြေအနေ


FILE - Ethnic Karen refugee children from Myanmar pass the time at the Mae La camp outside Mae Sot near the Thai-Myanmar border
FILE - Ethnic Karen refugee children from Myanmar pass the time at the Mae La camp outside Mae Sot near the Thai-Myanmar border

ထိုင်းနိုင်ငံအနောက်ဘက်ခြမ်းမြန်မာနယ်စပ်တလျောက်ကတင်းကြပ်စွာချုပ်ချယ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာစစ်ပြေးဒုက္ခသည် ၉သောင်းလောက်ဟာလာမယ့်အင်္ဂါနေ့မှာကျရောက်မယ့် နိုင်ငံတကာ ဒုက္ခသည်များနေကို တနှစ်ထပ်မံဖြတ်ကျော်ရဦးမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်တွေဟာ နှစ်ပေါင်း ၄၀ လောက်ကြာမြင့်နေပြီဖြစ်ပါတယ်

ထိုင်းရောက် မြန်မာဒုက္ခသည်များ အခြေအနေ

ထိုင်းနိုင်ငံအနောက်ဘက်ခြမ်းမြန်မာနယ်စပ်တလျောက်က တင်းကြပ်စွာချုပ်ချယ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာစစ်ပြေးဒုက္ခသည် ၉ သောင်းလောက်ဟာ လာမယ့်အင်္ဂါနေ့မှာကျရောက်မယ့် နိုင်ငံတကာ ဒုက္ခသည်များနေကို တနှစ်ထပ်မံဖြတ်ကျော်ရဦးမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်တွေဟာ ဒီစခန်းတွေမှာနေထိုင်နေရတာ နှစ်ပေါင်း ၄၀ လောက်ကြာမြင့်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲတုန်းကတော့ ဒီဒုက္ခသည်တွေကို တတိယနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ဖို့ အစီစဉ်တရပ်ကိုထိုင်းအစိုးရ ကကြေငြာခဲ့ပြီး၊ ဒီဒုက္ခသည်တွေထဲကအများစုကို အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ပူးပေါင်း ခေါ်ယူဖို့သဘောတူ ထားပါတယ်။ အခုအချိန်အထိတော့ ဒီဒုက္ခသည်တွေကို ခေါ်ယူဖို့ အမေရိကန်တနိုင်ငံကဘဲ ကတိပြုထားပါတယ်။
“ ဒုက္ခသည်တွေရှိနေပေမယ့်လည်း၊ သူတို့ဒီနေရာကနေထွက်ခွါပြီး၊ အခြားနိုင်ငံမှာပြန်လည်အခြေချနေထိုင်ဖို့ တိကျရှင်း လင်းတဲ့တရားဝင်အစီစဉ်တွေမရှိခဲ့ပါဘူး။ အခုတော့ ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီစဉ်ပြန်ပြီး စတင်လိုက်တဲ့ အတွက် ဒါဟာဒုက္ခသည်တွေအတွက်တကယ့်ကိုကောင်းမွန်တဲ့ကိစ္စဖြစ်ပါတယ်လို့၊” နယ်စပ်ဒုက္ခသည်များ ကူညီရေး အဖွဲ့ TBC ရဲ့ ယာယီအမှုဆောင်ရာရှိချုပ် Timothy Moore ကပြောဆိုပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်နဲ့အတိုက်အခံလက်နှက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်ပိုဆိုးသွားခဲ့ပါတယ်။ ဒါကြောင့်ဒုက္ခသည်အများအပြားဟာလည်း နေရပ်ပြန် နိုင်ဖြစ်နေပါတယ်။
ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာအလှုရှင်တွေက ငွေကြေးလျော့ပေါ့ဖြတ်တောက်မှုတွေလုပ်လာ ခဲ့ပေမယ့်လည်း၊ ဒီဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီး နေထိုင်လုပ်ကိုင်စားသောက်ခွင့်၊ ပညာ သင်ကြားခွင့်တွေကို ထိုင်းအစိုးရကခွင့်မပြုပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG