သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဖာပွန်နဲ့သထုံခရိုင်တွင်းတိုက်ပွဲများ အရပ်သားထိခိုက်သေဆုံး


 ( Photo- KNU ကျောက်ကြီးမြို့နယ်) ယခင်မှတ်တမ်းဓာတ်ပုံ
( Photo- KNU ကျောက်ကြီးမြို့နယ်) ယခင်မှတ်တမ်းဓာတ်ပုံ

{{Zawgyi/Unicode}}

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို KNU ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်၊ သထုံခရိုင်တွေမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေပြီး မူတြော်ခရိုင်၊ ဒူးသထူးခရိုင် စတဲ့နေရာမှာတွေမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အရပ်သားတွေသေဆုံးနေရကြောင်းကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေး ဒုတိယတာဝန်ခံ ဖဒိုကလယ်စေးက အခုလိုပြောပြပါတယ်။

“ ဖြစ်တာကတော့မတ်လ ၂၀ ရက်နေ့မှာဖြစ်တယ်။ နေရာကတော့ မူတြော်ခရိုင်အောက်ပိုင်း ဖာပွန်နဲ့နီးတာပေါ့။ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ (အနောက်ဘက်ကမ်း) ကျေးရွာအတွင်းမှာ ဖြစ်ခဲ့တာပေါ့။ အဲဒီမှာတော့ အသက် ၄၅ နှစ်အရွယ် စောအေဘို ဝမ်းဗိုက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ဒီလိုပဲတရက်တည်းမှာပဲ ဖာပွန်အခြေစိုက် စစ်ဗျူဟာကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ဒါပေမဲ့ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ ထပ်ပြီး ပစ်တယ်။ ည ၇ နာရီကျော်ကျော်လောက်မှာပေါ့။”

မူတြော်ခရိုင်လို့ခေါ်တဲ့ဖာပွန်ခရိုင်ထဲမှာတော့ နေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်တဲ့အတွက် ဒေသခံအကုန်နီးပါးဟာ ရွာတွေမှာမနေရဲတော့ဘဲ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

“မူတြော်ခရိုင်ထဲမှာတော့ အတော်များများ ကုန်သလောက်နီးပါးဖြစ်နေတာပေါ့။ ဥပမာ ရွာထဲမှာမနေရဲတဲ့အနေအထားက ရာခိုင်နှုံးအပြည့်နီးပါးဖြစ်နေတာပါ။”

ဒူးသထူခရိုင်လို့ခေါ်တဲ့ KNU တပ်မဟာ (၁) ထိန်းချုပ်ရာနေရာမှာတော့ အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်တိုင်း အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်တာတွေကို စစ်ကောင်စီဘက်ကလုပ်တယ်လို့ KNU ဘက်ကဆိုပါတယ်။

“ဒီတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ ရွာသားတွေကိုပစ်မှတ်ထားပြီး ကလဲ့စားချေတဲ့သဘောဖြစ်နေတာပေါ့နော်။ သူတို့စခန်းတွေကိုသွားတိုက်မယ်ဆိုရင် ကျေးရွာတွေကိုပစ်ချမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိနေတော့ ဒါဟာ ကျေးရွာသားတွေကိုလူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ကျနော်တို့ကယူဆလို့ရပါတယ်။”

မတ်လ ၂၀ ရက်နေ့တုန်းကလည်း KNU တပ်မဟာ (၃) ထိန်းချုပ်ရာ မူးမြို့နယ်ထဲက ဥသျှစ်ကုန်းကျေးရွာနဲ့ အုန်းပင်စုရွာအတွင်းကို လက်နက်ကြီးနဲ့ အလုံး ၆၀ ကျော်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ အခုလို လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးတာအပြင် အတော်များများပြင်းထန်ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}










XS
SM
MD
LG