ကရင္အမ်ိဳးသားအစည္းအ႐ုံး မူေၾတာ္ခ႐ိုင္ တပ္မဟာ(၅)နယ္ေျမနဲ႔ ဒူးပလာယာခ႐ိုင္ ၊ တပ္မဟာ(၆)နယ္ေျမမွာ ဇန္နဝါရီလ တစ္လအတြင္း စစ္ေကာင္စီဘက္ကေလေၾကာင္း တိုက္ခိုက္မႈေပါင္း (၅၇)ႀကိမ္လုပ္ခဲ့ၿပီး၊ အရပ္သားျပည္သူ ၁၃ ဦး ေသဆုံးခဲ့သလို ေနအိမ္စာသင္ေက်ာင္းေတြလည္း ပ်က္စီးခဲ့တယ္လို႔ KNU က ထုတ္ျပန္ထားပါတယ္။ အခုေဖေဖာ္ဝါရီ ၁၄ ရက္နဲ႔ ၁၅ ရက္ေတြမွာလည္း KNU တပ္မဟာ ၅ နယ္ေျမအတြင္း ေလေၾကာင္းတိုက္ခိုက္ခံရမႈေတြရွိခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထာက္မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။
ကရင္အမ်ိဳးသားအစည္းအ႐ုံးထိမ္းခ်ဳပ္ရာနယ္ေျမထဲက တပ္မဟာ(၅)နဲ႔ တပ္မဟာ(၆) နယ္ေျမေတြမွာ ေက်း႐ြာေတြကို စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈ ၅၇ ႀကိမ္လုပ္ခဲ့ၿပီး လက္နက္ႀကီး ေတြနဲ႔ပစ္ခတ္တာေၾကာင့္ အရပ္သားျပည္သူ (၁၃) ဦးေသဆုံးၿပီး (၉)ဦးထိခိုက္ဒဏ္ရာေတြရခဲ့တယ္လို႔ ေကအန္ယူကေျပာပါတယ္။ ဒီထဲမွာ ကေလးသူငယ္ေတြ၊ဘာသာေရးဆရာေတြပါေသဆုံးတာေတြရွိခဲ့ပါတယ္။ အခုဆိုရင္ စစ္ေကာင္စီဘက္ေလေၾကာင္းတိုက္ခိုက္မူေတြ ခပ္စိတ္စိတ္လုပ္လာတာေၾကာင့္ေဒသခံေတြဟာေနေရာ ညပါ ေနအိမ္ေတြမွာမေနရဲပဲ ေရွာင္ပုန္းေနရတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးသတင္းနဲ႔ျပန္ၾကားေရး ဒုတိယတာဝန္ခံ ဖဒိုကလယ္ေစးကအခုလိုေျပာျပပါတယ္။
"ေလေၾကာင္းတိုက္ခိုက္မူ႔ကေတာ့အႀကိမ္ေရပိုၿပီးစိတ္လာတာေပါ့ေနာ္၊ အဲဒီထဲမွာ ႐ြားသားေတြ ေနအိမ္ေတြအေဆာက္အဦးေတြ ေက်ာင္းေတြပါကုန္တယ္ ၁၅ရက္ေန႔မွာျဖစ္တာကေတာ့ လူေတြကေန႔ဘက္ဆို စား-ဝတ္ေနေရးအတြက္႐ုန္းကန္ေနရတယ္ ညဘက္ဆို ေရွာင္ပုန္းေနရတယ္ အိမ္မွာလည္းေနလို႔မရဲဘူး ။ညဘက္ဆို ႐ြာလုံးကြၽတ္နီးပါး ႐ြာအေတာ္မ်ားမ်ားက ညဘက္ဆိုထြက္ေျပးေနရတယ္ တိမ္းေရွာင္ေနရတယ္ ေဒသခံေတြကအၿမဲတိမ္းေရွာင္ေနရတယ္"
စစ္ေကာင္စီဘက္က စစ္ေရးအရွိန္ျမႇင့္တာေတြလုပ္လာသလို တပ္မဟာ(၆)နယ္ေျမ ေကာ့ကရိတ္ဘက္မွာေတာ့ အနီေရာင္အဆင့္သတ္မွတ္ၿပီး ထိမ္းခ်ဳပ္မႈေတြပိုလုပ္လာတယ္လို႔ေျပာပါတယ္။
"သူတို႔ဘက္ကေတာ့ စစ္ေရးအရွိန္ျမႇင့္တာေတြေၾကျငာခ်က္ထုတ္တာေတြလုပ္လာတယ္ ေကာ့ကရိတ္ဘက္မွာဆိုရင္ အနီေရာင္အဆင့္သတ္မွတ္ထားတာေတြရွိတယ္၊ ျပန္လည္တိုက္ခိုက္မူေတြ ျမႇင့္တင္တာေတြရွိတယ္"
စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္းတစ္လအတြင္း ေဒသခံေတြရဲ႕ေနအိမ္ ၃၃လုံးမီးေလာင္ျပာက်ခဲ့သလို လူေနအိမ္ ၂၄ လုံးလည္း ထိခိုက္ပ်က္စီးခဲ့ပါတယ္။ စာသင္ေက်ာင္း ၂ ေက်ာင္း ခရစ္ယာန္ ဘုရားရွစ္ခိုးေက်ာင္း ၄ ေက်ာင္း ဗုဒဘာသာဘုန္းႀကီးေက်ာင္း ၂ ေက်ာင္း ေဆး႐ုံေတြ အေဆာက္အဦးေတြ ပ်က္ဆီးသြားခဲ့ပါတယ္ ။
{Unicode}
ဇန်နဝါရီလအတွင်း KNU ဒေသကို လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေနဲ့ ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေမှာ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုပေါင်း (၅၇)ကြိမ်လုပ်ခဲ့ပြီး၊ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သလို နေအိမ်စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ အခုဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာလည်း KNU တပ်မဟာ ၅ နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာနယ်မြေထဲက တပ်မဟာ(၅)နဲ့ တပ်မဟာ(၆) နယ်မြေတွေမှာ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်လုပ်ခဲ့ပြီး လက်နက်ကြီး တွေနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ (၁၃) ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ကေအန်ယူကပြောပါတယ်။ ဒီထဲမှာ ကလေးသူငယ်တွေ၊ဘာသာရေးဆရာတွေပါသေဆုံးတာတွေရှိခဲ့ပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်လေကြောင်းတိုက်ခိုက်မူတွေ ခပ်စိတ်စိတ်လုပ်လာတာကြောင့်ဒေသခံတွေဟာနေရော ညပါ နေအိမ်တွေမှာမနေရဲပဲ ရှောင်ပုန်းနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးသတင်းနဲ့ပြန်ကြားရေး ဒုတိယတာဝန်ခံ ဖဒိုကလယ်စေးကအခုလိုပြောပြပါတယ်။
"လေကြောင်းတိုက်ခိုက်မူ့ကတော့အကြိမ်ရေပိုပြီးစိတ်လာတာပေါ့နော်၊ အဲဒီထဲမှာ ရွားသားတွေ နေအိမ်တွေအဆောက်အဦးတွေ ကျောင်းတွေပါကုန်တယ် ၁၅ရက်နေ့မှာဖြစ်တာကတော့ လူတွေကနေ့ဘက်ဆို စား-ဝတ်နေရေးအတွက်ရုန်းကန်နေရတယ် ညဘက်ဆို ရှောင်ပုန်းနေရတယ် အိမ်မှာလည်းနေလို့မရဲဘူး ။ညဘက်ဆို ရွာလုံးကျွတ်နီးပါး ရွာအတော်များများက ညဘက်ဆိုထွက်ပြေးနေရတယ် တိမ်းရှောင်နေရတယ် ဒေသခံတွေကအမြဲတိမ်းရှောင်နေရတယ်"
စစ်ကောင်စီဘက်က စစ်ရေးအရှိန်မြှင့်တာတွေလုပ်လာသလို တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်ဘက်မှာတော့ အနီရောင်အဆင့်သတ်မှတ်ပြီး ထိမ်းချုပ်မှုတွေပိုလုပ်လာတယ်လို့ပြောပါတယ်။
"သူတို့ဘက်ကတော့ စစ်ရေးအရှိန်မြှင့်တာတွေကြေငြာချက်ထုတ်တာတွေလုပ်လာတယ် ကော့ကရိတ်ဘက်မှာဆိုရင် အနီရောင်အဆင့်သတ်မှတ်ထားတာတွေရှိတယ်၊ ပြန်လည်တိုက်ခိုက်မူတွေ မြှင့်တင်တာတွေရှိတယ်"
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေအတွင်းတစ်လအတွင်း ဒေသခံတွေရဲ့နေအိမ် ၃၃လုံးမီးလောင်ပြာကျခဲ့သလို လူနေအိမ် ၂၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ စာသင်ကျောင်း ၂ ကျောင်း ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၄ ကျောင်း ဗုဒဘာသာဘုန်းကြီးကျောင်း ၂ ကျောင်း ဆေးရုံတွေ အဆောက်အဦးတွေ ပျက်ဆီးသွားခဲ့ပါတယ် ။