ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမိဳ႕က ေက်း႐ြာတခုကို ဒီေန႔ တနလၤာေန႔ မနက္ပိုင္းမွာ ျမန္မာစစ္တပ္က ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တဲ့အတြက္ ေနအိမ္တခ်ိဳ႕ ပ်က္စီးသြားၿပီး ေဒသခံတခ်ိဳ႕အိုးအိမ္စြန႔္ခြာေရွာင္ေျပးၾကရပါတယ္။ မင္းတပ္ၿမိဳ႕နယ္ကို တလနီးပါးေလာက္ ဖုန္းလိုင္းေတြ ျဖတ္ေတာက္ထားတဲ့အတြက္ ေျမျပင္မွာ ထိခိုက္ေသဆုံးမႈေတြ အတိအက်ရရွိဖို႔ ခက္ခဲေနတယ္လို႔ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ CDF မင္းတပ္ရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကိုေတာ့ ကိုၿငိမ္းခ်မ္းက ေျပာျပေပးမွာပါ။
မင္းတပ္ၿမိဳနယ္၊ လွထြီေက်း႐ြာကို ဒီေန႔မနက္ ၁၁ နာရီေလာက္မွာ ေလယာဥ္နဲ႔ ေလးႀကိမ္တိတိ ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း လွထြီေက်း႐ြာ အနီးနားက ေဒသခံေတြက ေျပာပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ ထိခိုက္၊ ေသဆုံးတာေတြ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားေပမဲ့ ဖုန္းလိုင္းေတြမရတာေၾကာင့္ ေျမျပင္အေျခအေန အတိအက်ကို ခ်က္ခ်င္း မေျပာျပႏိုင္ေသးေၾကာင္း ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ CDF မင္းတပ္ရဲ႕ တာဝန္ရွိသူက ဗြီအိုေအကို ေျပာပါတယ္။
" လွထြီေက်း႐ြာဘက္မွာ ဗုံးကိုလာႀကဲတာ အတိအက်ပါ၊ ၁၁နာရီ... အခုက ေနာက္ဆုံး အသံၾကားတာကေတာ့ ၁၂နာရီေလာက္မွာ ၾကားတယ္။ ေလယာဥ္သံလည္း ၾကားတယ္၊ ေပါက္ကြဲသံလည္း ၾကားတယ္။ ခန႔္မွန္းတာကေတာ့ အထိအခိုက္ေတြ၊ လူနာ ဒဏ္ရာရတဲ့သူေတြေတာ့ ရွိတယ္၊ ဒါေပမဲ့ အေသအေပ်ာက္ကေတာ့ အတိအက် မသိရေသးဘူး။ အိမ္ေတြလည္း ေတာ္ေတာ္ပ်က္တယ္လို႔ ၾကားတယ္။"
ISP အဖြဲ႕ရဲ႕ သုေတသန စစ္တမ္းအရဆိုရင္ ၂၀၂၂ အတြင္း ခ်င္းျပည္နယ္ထဲမွာ တိုက္ပြဲေပါင္း ၅၉၀ေက်ာ္ ျဖစ္ပြားခဲ့တာပါ။ အဲဒီအထဲမွာ မင္းတပ္ၿမိဳ႕က အႀကိမ္ေပါင္း ၁၂၅ႀကိမ္နဲ႔ တိုက္ပြဲအမ်ားဆုံးၿမိဳ႕နယ္ ျဖစ္ခဲ့တာပါ။ ေလေၾကာင္း တိုက္ခိုက္မႈကိုလည္း အႀကိမ္ေပါင္း ၄၀နီးပါး ခံခဲ့ရတာ ျဖစ္ပါတယ္။
" က်ေနာ္တို႔ ဘာမွလည္း အခုအခ်ိန္မွာက ေျပာလို႔ဆိုလို႔လည္း မေကာင္း၊ ဆုပဲေတာင္းရတာေပါ့။ တည္ၿငိမ္ေအးခ်မ္း တိုင္းသူျပည္သားေတြက လိုခ်င္တာကေတာ့ အျမန္ဆုံး တည္ၿငိမ္ေအးခ်မ္းဖို႔ပဲ ျဖစ္တယ္။ ဆႏၵျပည့္ဝပါေစလို႔ပဲ ဆက္လက္ ဆုေတာင္းခ်င္တာေပါ့ေနာ္။"
မင္းတပ္ၿမိဳ႕က ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ CDFတာဝန္ခံတဦး ေျပာသြားတာပါ။ မေန႔က တနဂၤေႏြေန႔ ညဦးပိုင္းမွာ မင္းတပ္ၿမိဳ႕ ၂၇၄ တပ္ရင္း စစ္ေၾကာင္းဟာ စံ႐ြာမွာ ညအိပ္ခဲ့ၾကၿပီး ဒီေန႔မွာေတာ့ ႐ြာေျမာက္ဘက္က ေလွာ္ဝ၊ မယ္လယ္ကုန္း ႐ြာေတြကို ေရာက္ေနၾကၿပီလို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။
မင္းတပ္နဲ႔ကပ္ေနတဲ့ မေကြးတိုင္း၊ ေက်ာက္ထုၿမိဳ႕နယ္ တပ္မ ၅၅ ကလည္း ၿမိဳ႕နယ္အစပ္က ေတာတြင္းမွာ ေနရာယူထားေၾကာင္းလည္း ေျပာပါတယ္။ မင္းတပ္ၿမိဳ႕ေပၚက တခ်ိဳ႕ ေနရာေတြမွာလည္း ျမန္မာစစ္တပ္က ေနရာယူထားတဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတိထားၿပီး ျဖတ္သန္းသြားလာၾကဖို႔ ေဒသခံအခ်င္းခ်င္းၾကားမွာ သတိေပးေနၾကပါတယ္။
{Unicode}
မင်းတပ် လှထွီကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ဇန်နဝါရီ ၂၃၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့က ကျေးရွာတခုကို ဒီနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တချို့ ပျက်စီးသွားပြီး ဒေသခံတချို့အိုးအိမ်စွန့်ခွာရှောင်ပြေးကြရပါတယ်။ မင်းတပ်မြို့နယ်ကို တလနီးပါးလောက် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေ အတိအကျရရှိဖို့ ခက်ခဲနေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ ကိုငြိမ်းချမ်းက ပြောပြပေးမှာပါ။
မင်းတပ်မြိုနယ်၊ လှထွီကျေးရွာကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လှထွီကျေးရွာ အနီးနားက ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးတာတွေ ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ ဖုန်းလိုင်းတွေမရတာကြောင့် မြေပြင်အခြေအနေ အတိအကျကို ချက်ချင်း မပြောပြနိုင်သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
" လှထွီကျေးရွာဘက်မှာ ဗုံးကိုလာကြဲတာ အတိအကျပါ၊ ၁၁နာရီ... အခုက နောက်ဆုံး အသံကြားတာကတော့ ၁၂နာရီလောက်မှာ ကြားတယ်။ လေယာဉ်သံလည်း ကြားတယ်၊ ပေါက်ကွဲသံလည်း ကြားတယ်။ ခန့်မှန်းတာကတော့ အထိအခိုက်တွေ၊ လူနာ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်၊ ဒါပေမဲ့ အသေအပျောက်ကတော့ အတိအကျ မသိရသေးဘူး။ အိမ်တွေလည်း တော်တော်ပျက်တယ်လို့ ကြားတယ်။"
ISP အဖွဲ့ရဲ့ သုတေသန စစ်တမ်းအရဆိုရင် ၂၀၂၂ အတွင်း ချင်းပြည်နယ်ထဲမှာ တိုက်ပွဲပေါင်း ၅၉၀ကျော် ဖြစ်ပွားခဲ့တာပါ။ အဲဒီအထဲမှာ မင်းတပ်မြို့က အကြိမ်ပေါင်း ၁၂၅ကြိမ်နဲ့ တိုက်ပွဲအများဆုံးမြို့နယ် ဖြစ်ခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုကိုလည်း အကြိမ်ပေါင်း ၄၀နီးပါး ခံခဲ့ရတာ ဖြစ်ပါတယ်။
" ကျနော်တို့ ဘာမှလည်း အခုအချိန်မှာက ပြောလို့ဆိုလို့လည်း မကောင်း၊ ဆုပဲတောင်းရတာပေါ့။ တည်ငြိမ်အေးချမ်း တိုင်းသူပြည်သားတွေက လိုချင်တာကတော့ အမြန်ဆုံး တည်ငြိမ်အေးချမ်းဖို့ပဲ ဖြစ်တယ်။ ဆန္ဒပြည့်ဝပါစေလို့ပဲ ဆက်လက် ဆုတောင်းချင်တာပေါ့နော်။"
မင်းတပ်မြို့က ချင်းကာကွယ်ရေးတပ်ဖွဲ့ CDFတာဝန်ခံတဦး ပြောသွားတာပါ။ မနေ့က တနင်္ဂနွေနေ့ ညဦးပိုင်းမှာ မင်းတပ်မြို့ ၂၇၄ တပ်ရင်း စစ်ကြောင်းဟာ စံရွာမှာ ညအိပ်ခဲ့ကြပြီး ဒီနေ့မှာတော့ ရွာမြောက်ဘက်က လှော်ဝ၊ မယ်လယ်ကုန်း ရွာတွေကို ရောက်နေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။
မင်းတပ်နဲ့ကပ်နေတဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့နယ် တပ်မ ၅၅ ကလည်း မြို့နယ်အစပ်က တောတွင်းမှာ နေရာယူထားကြောင်းလည်း ပြောပါတယ်။ မင်းတပ်မြို့ပေါ်က တချို့ နေရာတွေမှာလည်း မြန်မာစစ်တပ်က နေရာယူထားတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားပြီး ဖြတ်သန်းသွားလာကြဖို့ ဒေသခံအချင်းချင်းကြားမှာ သတိပေးနေကြပါတယ်။