သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လဒုက္ခသည်တွေ ဆုံးရှုံးအခွင့်အရေး တောင်းဆိုဆန္ဒပြ


A Demonstrator in the Maela Refugee Camp at Thai-Burma Border
A Demonstrator in the Maela Refugee Camp at Thai-Burma Border

ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့ နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Zawgyi

မယ်လဒုက္ခသည်တွေ ဆုံးရှုံးအခွင့်အရေး တောင်းဆိုဆန္ဒပြ

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့ နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

လူအခွင့်ရေးကြေငြာစာတမ်းကအချက် (၃)ချက်လောက်ကို သူတို့ပေးဖို့ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြဒုက္ခ သည်တဦးကပြောပါတယ်။

Act: “လူ့အခွင့်ရေးနဲ့ပတ်သက်ပြီး အချက် ၃၀ ရှိတယ် ကျနော်တို့ကတော့လိုချင်တဲ့အချက် (၃)ချက်ကိုတောင်းဆို တာပေါ့နော်။ပထမအချက်ကတော့ လူသားတယောက်အနေနဲ့ သူနေထိုင်တဲ့နေရာကနေ တခြားနေရာကို လွတ်လပ်စွာသွားလာခွင့်။ မိမိကြိုက်နှစ်သက်ရာနိုင်ငံကိုခိုလှုံခွင့် တောင်းဆိုပိုင်ခွင့်။ကိုယ်ရဲ ခံစားချက့်ထင်မြင်ယူ ဆချက်တွေကိုလွတ်လပ်စွာ ဝေမျှခွင့်ရဖို့UNHCR ကိုတောင်ဆိုတာပေါ့နော်၊ ဒုကသည်ဘဝကို ကိုယ်ချင်းစာပြီး လူတယောက်ရဲ သွားလာခွင့် ခိုလှုံခွင့်ပေးဖို့ရွေးချယ်ခွင့်ပေးဖို့အနူးအညွတ်တောင်းဆိုပါတယ်”

ဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတင်မကဘဲ ကလေးတွေရဲ့ အနာဂတ်နဲ့ပညာရေးအတွက်ပါ အခက်အခဲတွေရှိတယ်လို့နောက်ထပ်ဒုက္ခသည်တဦးကပြောပါတယ်။ စာရွက်စာတမ်းအထောက်အထားမရှိတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ ပြင်ထွက်အလုပ်လုပ်မရဘဲ၊ စခန်းထဲမှာ ဘဲနေနေရတာ ၁၅ နှစ် ၁၆ နှစ်ရှိသွားပြီလို့ နောက်ထပ် ဒုက္ခသည်တဦးကတော့ပြောဆိုပါတယ်။ မယ်လဒုက္ခသည် စခန်းမှာ လက်ရှိဒုက္ခသည် ၂၇,၉၀၈ ဦးရှိပြီး ကရင်အပါအဝင် လူမျိုးပေါင်းစုံ မျိုးနွယ် စု ၁၃ မျိုး နေထိုင်နေတာပါ။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်တ သိန်းလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

Unicode

တိုက်ရိုက် လင့်ခ်

မယျလဒုက်ခသညျတှေ ဆုံးရှုံးအခှင့ျအရေး တောငျးဆိုဆန်ဒပွ

လူအခှင့ျရေးကွငွောစာတမျးကအခကြျ (၃)ခကြျလောကျကို သူတို့ပေးဖို့ဆန်ဒပွခဲ့ကွတာဖွဈတယျလို့ ဆန်ဒပွဒုက်ခ သညျတဦးကပွောပါတယျ။

XS
SM
MD
LG