သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလူးရွာကျောင်းတက်နေတဲ့ ကလေးတွေ ဗုံးဒဏ်က သီသီကလေးလွတ်မြောက်


ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာစာသင်ကျောင်းပေါ် လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့မြင်ကွင်း။​(အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-CJ)
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဖလူးကျေးရွာစာသင်ကျောင်းပေါ် လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့မြင်ကွင်း။​(အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-CJ)

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်နေပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ မြ၀တီခရိုင် ဖလူးကြီးကျေးရွာက စာသင်ကျောင်းမှာ လက်နက်ကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုလည်း ဆက်တိုက်လုပ်နေတာပါ။ အောက်တိုဘာလ ၁ ရက်နေ့ကတော့ မြ၀တီခရိုင် ဖလူးကြီးကျေးရွာက စာသင်ကျောင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီနေသူတဦးက VOAကိုအခုလိုပြောပါတယ်။

“အဲဒီမှာနေ့လယ်က ဖလူးရွာကို လက်နက်ကြီးကျတော့ စာသင်ကျောင်းက ကလေးတွေပြန်လွှတ်ပေးလိုက်တယ်။ ဒီနောက်သိပ်မကြာဘူး။ နောက်ထပ်တလုံးထပ်ကျတာ။ စာသင်ကျောင်းပေါ်တည့်တည့်ကျတယ်။ ကံကောင်းတာကကလေးတွေ ပြန်လွှတ်လိုက်လို့ အထိခိုက်တော့ မရှိဘူး။ ကျောင်းတော့ပျက်စီးသွားတယ်။ စာသင်ကျောင်းပေါ်ကျတော့ကျောင်းအမိုး၊ ကျောင်းဝန်းနံရံတွေကော ထိတယ်။”

ကလေးတွေကိုကျောင်းကနေ ပြန်လွှတ်အပြီး မိနစ်ပိုင်းအကြာမှာပဲ ကျောင်းကိုလက်နက်ကြီးကျရောက်ေ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အခု လက်နက်ကြီးကျပြီးပျက်စီးသွးတဲ့ ဖလူးရွာ စာသင်ကျောင်းမှာ ပညာသင်နေကြတဲ့ ကလေး ၁၇၀ လောက်ရှိပါတယ်။

အဲဒီနေရာဟာ ဖလူးလေးဒုက္ခသည်စခန်းနဲ့လည်းနီးပြီး စစ်ကြောင်းက အဲဒီရွာတွေဘက်ကို ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။

“ဖလူးကြီးပြီးရင် ဖလူလေးရွာ၊ အဲဒီရွာအလယ်လောက်မှာ ကျနော်တို့ဒုက္ခသည်စခန်းရှိတယ်။ အခုက လေယာဉ်နဲ့လည်းသုံးရက်ရှိနေပြီ၊ လာကြဲနေတာ။ မနေ့ကဆို ကျနော်တို့ဘက်နားအထိရောက်တယ်။” လေယာဉ် ၂ စီးနဲ့ကို လာကြဲနေတာ။”

စစ်ကောင်စီဘက်က မြ၀တီဘက်ကတိုက်ပွဲအခြေအနေကိုတော့ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းထားတဲ့အဖွဲ့တွေက စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စွယ်တော်ကုန်းအမြောက်တပ်စခန်းကို သိမ်းယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း အဲဒီစခန်း မကျရေးအတွက် လေကြောင်းသုံးပြီး ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG