သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေၾကာင့္ ကရင္ရြာသား ၂,၅၀၀ ခန္႔ ထိုင္းဘက္ခိုလံႈ


ေလးေက့ေကာ္ၿမိဳ႕သစ္ဝန္းက်င္က တုိက္ပြဲေတြေၾကာင့္ ထုိင္းႏုိင္ငံဘက္ထြက္ေျပးလာၾကသူ ေဒသခံ ကရင္တုိင္းရင္းသားမ်ား။ (ဒီဇင္ဘာ ၁၇၊ ၂၀၂၁။ ဓာတ္ပံု-SAW)

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီတပ္ေတြနဲ႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္ေတြအၾကား တိုက္ပြဲေၾကာင့္ ေက်းရြာသား ၂,၅၀၀ ေလာက္ဟာ ထိုင္းနယ္စပ္ျဖတ္ၿပီး ထိုင္းႏိုင္ငံတြင္း ခုိလံႈေရာက္ရွိလာတယ္လို႔ ထိုင္းစစ္တပ္ အရာရွိတဦးက ေအပီသတင္းဌာနကို ေျပာပါတယ္။

ရာနဲ႔ခ်ီတဲ့ အဲဒီ ေက်းရြာသားေတြဟာ ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး ထိုင္းႏိုင္ငံ မဲေဆာက္ခ႐ိုင္ထဲ ဒီဇင္ဘာလ ၁၆ ရက္ေန႔ကတည္းက ေရာက္ရွိလာၾကတာကို ထိုင္းနယ္ျခားေစာင့္တပ္ေတြက လံုၿခံဳေရးယူ ေစာင့္ေရွာက္ေပးေနတာေတြကို ေတြ႔ရပါတယ္။

ေဒသခံေတြ အေျပာအရေတာ့ ထိုင္းနယ္ေျမထဲကို လက္နက္ႀကီးႏွစ္လံုး က်ေရာက္ၿပီး အဲဒီက ႀကံခင္းတခ်ိဳ႕ ပ်က္စီးသြားတယ္လို႔ ေအပီမွာ ေရးသားပါတယ္။

အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားစုပါတဲ့ အဲဒီဒုကၡသည္ေတြကို ေက်ာင္းတခုမွာ ယာယီေနရာခ်ထားေပးၿပီး အစာေရစာ အပါအဝင္ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးထားပါတယ္။ အဲဒါအျပင္ သူတို႔ကို ကိုဗစ္ေရာဂါပိုး စစ္ေဆးမႈေတြလည္း လုပ္ပါတယ္။

အခုလို လူေတြ အစုလိုက္အၿပံဳလိုက္ ထြက္ေျပးရတာမ်ိဳးကို ၿပီးခဲ့တဲ့ ဧၿပီလအတြင္းကလည္း ျဖစ္ခဲ့ဖူးၿပီး အဲဒီတုန္းကေတာ့ ကရင္တိုင္းရင္းသားနယ္ေျမထဲ ျမန္မာစစ္ေကာင္စီက ေလယာဥ္နဲ႔ ေလေၾကာင္းတိုက္ခိုက္တာေၾကာင့္ ျဖစ္ပါတယ္။ အဲဒီတုန္းကေတာ့ သူတို႔ကို ထိုင္းႏိုင္ငံတြင္း ယာယီခိုလံႈခြင့္ေပးခဲ့ၿပီး အဲဒီေနာက္ ျမန္မာျပည္ဘက္ ျပန္ပို႔ခဲ့ပါတယ္။

ျမန္မာႏုိင္ငံတြင္း စစ္တပ္က အာဏာသိမ္းၿပီး ၿငိမ္းခ်မ္းတဲ့ ဆႏၵျပမႈေတြကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းခဲ့တဲ့အတြက္ တက္ႂကြလႈပ္ရွားသူေတြ၊ လႊတ္ေတာ္အမတ္ေတြ အေတာ္မ်ားမ်ား နယ္စပ္ကို တိမ္းေရွာင္ၿပီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း ထိန္းခ်ဳပ္ရာ ေဒသေတြဆီ ခုိလံႈ ေရာက္ရွိလာၾကတာပါ။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ တက္ႂကြလႈပ္ရွားတဲ့ PDF ေဒသခံ ကာကြယ္ေရးအဖြဲ႔ေတြကို အဲဒီေဒသေတြမွာ စစ္သင္တန္းေတြ၊ ေဖာက္ခြဲေရးသင္တန္းေတြ ေပးေနတယ္လို႔ စြပ္စြဲတာေတြ ရွိပါတယ္။

ေလးေက့ေကာ္ေဒသ တိုက္ပြဲေတြေၾကာင့္ ထိုင္းႏုိင္ငံထဲ ထြက္ေျပးခုိလံႈသူေတြ ရွိသလို ေဒသတြင္း ပစ္ခတ္မႈေတြ ဆက္ျဖစ္ေနတာမို႔ ေဒသခံ အေတာ္မ်ားမ်ားဟာ နယ္စပ္မျဖတ္ႏိုင္ဘဲ ေသာင္ရင္းျမစ္နား အနီးတဝိုက္ ေတာေတာင္ေတြထဲ လွည့္လည္ခိုေအာင္း ေနၾကရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တိုက်ပွဲကြောင့် ကရင်ရွာသား ၂,၅၀၀ ခန့် ထိုင်းဘက်ခိုလှုံ

မြန်မာစစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်တွေအကြား တိုက်ပွဲကြောင့် ကျေးရွာသား ၂,၅၀၀ လောက်ဟာ ထိုင်းနယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံတွင်း ခိုလှုံရောက်ရှိလာတယ်လို့ ထိုင်းစစ်တပ် အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ရာနဲ့ချီတဲ့ အဲဒီ ကျေးရွာသားတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ထဲ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတည်းက ရောက်ရှိလာကြတာကို ထိုင်းနယ်ခြားစောင့်တပ်တွေက လုံခြုံရေးယူ စောင့်ရှောက်ပေးနေတာတွေကို တွေ့ရပါတယ်။

ဒေသခံတွေ အပြောအရတော့ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနှစ်လုံး ကျရောက်ပြီး အဲဒီက ကြံခင်းတချို့ ပျက်စီးသွားတယ်လို့ အေပီမှာ ရေးသားပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါတဲ့ အဲဒီဒုက္ခသည်တွေကို ကျောင်းတခုမှာ ယာယီနေရာချထားပေးပြီး အစာရေစာ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ပေးထားပါတယ်။ အဲဒါအပြင် သူတို့ကို ကိုဗစ်ရောဂါပိုး စစ်ဆေးမှုတွေလည်း လုပ်ပါတယ်။

အခုလို လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရတာမျိုးကို ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ကရင်တိုင်းရင်းသားနယ်မြေထဲ မြန်မာစစ်ကောင်စီက လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူတို့ကို ထိုင်းနိုင်ငံတွင်း ယာယီခိုလှုံခွင့်ပေးခဲ့ပြီး အဲဒီနောက် မြန်မာပြည်ဘက် ပြန်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီး ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ အတော်များများ နယ်စပ်ကို တိမ်းရှောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ထိန်းချုပ်ရာ ဒေသတွေဆီ ခိုလှုံ ရောက်ရှိလာကြတာပါ။

မြန်မာစစ်ကောင်စီဘက်ကတော့ တက်ကြွလှုပ်ရှားတဲ့ PDF ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို အဲဒီဒေသတွေမှာ စစ်သင်တန်းတွေ၊ ဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ်လို့ စွပ်စွဲတာတွေ ရှိပါတယ်။

လေးကေ့ကော်ဒေသ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံသူတွေ ရှိသလို ဒေသတွင်း ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတာမို့ ဒေသခံ အတော်များများဟာ နယ်စပ်မဖြတ်နိုင်ဘဲ သောင်ရင်းမြစ်နား အနီးတဝိုက် တောတောင်တွေထဲ လှည့်လည်ခိုအောင်း နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG