သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာဇက္စတန္ ဆႏၵျပပဲြေတြအတြင္း ေသဆုံးသူ ၂၂၅ ေယာက္ အစိုးရအတည္ျပဳ


ကာဇက္စတန္ႏုိင္ငံ Almaty ၿမိဳ႕မွာ ဆႏၵျပေနၾကသူမ်ား။ (ဇန္နဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ကာဇက္စတန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အဓိက႐ုဏ္းေတြအတြင္း လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ၁၉ ဦး အပါအဝင္ လူေပါင္း ၂၂၅ ေယာက္ ေသဆံုးခဲ့ရတယ္လို႔ အစိုးရေရွ႕ေန႐ုံး အႀကီးအကဲ Serik Shalabayev က စေနေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ႏိုင္ငံတလႊားက ရင္ခဲြ႐ုံေတြကို ေရာက္လာတဲ့ အေလာင္းေတြကို အေျခခံတြက္ခ်က္ထားတဲ့ ေသဆံုးသူေတြထဲမွာ လံုၿခံဳေရးတပ္သားေတြက ပစ္သတ္လို႔ ေသဆံုးရတဲ့ လက္နက္ကိုင္ လူဆိုးေတြ ပါဝင္တယ္လို႔လည္း ဆိုပါတယ္။

ေသဆံုးသူေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေနာက္ထပ္ သတင္းထုတ္ျပန္ဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။ အရင္ ဆုိဗီယက္ျပည္ေထာင္စုကေန ခြဲထြက္ခဲ့ၿပီးေနာက္ပိုင္း ကာဇက္စတန္ႏိ္ုင္ငံမွာ အေသအေပ်ာက္ အမ်ားဆံုး ဆူပူမႈျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေရနံထုတ္လုပ္တဲ့ ကာဇက္စတန္မွာ ဓာတ္ဆီေစ်း ထိုးတက္ခဲ့တဲ့ေနာက္ ဆႏၵျပပဲြေတြကေန အၾကမ္းဖက္ ဆူပူမႈေတြ ျဖစ္ပြားခဲ့တာပါ။

ဆႏၵျပပြဲေတြမွာ လူေပါင္း ၅၀,၀၀၀ ေလာက္ ပါဝင္ခဲ့ေၾကာင္းနဲ႔ ဇန္နဝါရီလ ၅ ရက္ေန႔ကေတာ့ အဆိုးဆံုးျဖစ္ခဲ့ၿပီး အဲဒီေန႔က ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ အစိုးရအေဆာက္အဦေတြ၊ ကားေတြ၊ ဘဏ္ေတြနဲ႔ ေစ်းဆိုင္ေတြကို ဆႏၵျပသူေတြက မီး႐ႈိ႕ခဲ့ၾကတယ္လို႔လည္း အစိုးရေရွ႕ေန႐ုံး အႀကီးအကဲက ေျပာပါတယ္။

ႏိုင္ငံတြင္း မတည္ၿငိမ္မႈေတြကို ထိန္းႏိုင္ဖို႔ သမၼတ Kassym-Jomart Tokayev က ႐ုရွားဦးေဆာင္တဲ့ စစ္ေရးမဟာမိတ္အဖြဲ႔ကို အကူအညီ ေတာင္းခဲ့တာ ျဖစ္ပါတယ္။ ဆႏၵျပပဲြေတြမွာ ဖမ္းဆီးခံရသူ ၅,၀၀၀ ေက်ာ္ရွိေနၿပီး အဖမ္းခံရသူေတြ ႐ိုက္ႏွက္ ႏွိပ္စက္တာ ခံရတယ္ဆိုတဲ့ တိုင္တန္းမႈေတြ ထြက္ေပၚလာခဲ့ၿပီးတဲ့ေနာက္မွာ အဖမ္းခံရသူေတြကို မႏွိပ္စက္ဖို႔ ရဲေတြကို သမၼတ Tokayev က စေနေန႔မွာ အမိန္႔ထုတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကာဇက်စတန် ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂၂၅ ယောက် အစိုးရအတည်ပြု

ကာဇက်စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဓိကရုဏ်းတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး အပါအဝင် လူပေါင်း ၂၂၅ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရရှေ့နေရုံး အကြီးအကဲ Serik Shalabayev က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံတလွှားက ရင်ခွဲရုံတွေကို ရောက်လာတဲ့ အလောင်းတွေကို အခြေခံတွက်ချက်ထားတဲ့ သေဆုံးသူတွေထဲမှာ လုံခြုံရေးတပ်သားတွေက ပစ်သတ်လို့ သေဆုံးရတဲ့ လက်နက်ကိုင် လူဆိုးတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နောက်ထပ် သတင်းထုတ်ပြန်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း ကာဇက်စတန်နိုင်ငံမှာ အသေအပျောက် အများဆုံး ဆူပူမှုဖြစ်ကြောင်းလည်း ပြောပါတယ်။

ရေနံထုတ်လုပ်တဲ့ ကာဇက်စတန်မှာ ဓာတ်ဆီဈေး ထိုးတက်ခဲ့တဲ့နောက် ဆန္ဒပြပွဲတွေကနေ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြပွဲတွေမှာ လူပေါင်း ၅၀,၀၀၀ လောက် ပါဝင်ခဲ့ကြောင်းနဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကတော့ အဆိုးဆုံးဖြစ်ခဲ့ပြီး အဲဒီနေ့က မြို့ကြီးအတော်များများမှာ အစိုးရအဆောက်အဦတွေ၊ ကားတွေ၊ ဘဏ်တွေနဲ့ ဈေးဆိုင်တွေကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြတယ်လို့လည်း အစိုးရရှေ့နေရုံး အကြီးအကဲက ပြောပါတယ်။

နိုင်ငံတွင်း မတည်ငြိမ်မှုတွေကို ထိန်းနိုင်ဖို့ သမ္မတ Kassym-Jomart Tokayev က ရုရှားဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ကို အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူ ၅,၀၀၀ ကျော်ရှိနေပြီး အဖမ်းခံရသူတွေ ရိုက်နှက် နှိပ်စက်တာ ခံရတယ်ဆိုတဲ့ တိုင်တန်းမှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ အဖမ်းခံရသူတွေကို မနှိပ်စက်ဖို့ ရဲတွေကို သမ္မတ Tokayev က စနေနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

XS
SM
MD
LG