သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Keir Starmer ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာ


ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာသူ လေဘာပါတီခေါင်းဆောင် ကီယာစတာမာ (Keir Starmer) နဲ့ ဇနီး ဗစ်တိုးရီးယားကို လန်ဒန်မြို့တော် ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ကြိုဆိုနေကြစဉ် (ဇူလိုင် ၅၊ ၂၀၂၄)
ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာသူ လေဘာပါတီခေါင်းဆောင် ကီယာစတာမာ (Keir Starmer) နဲ့ ဇနီး ဗစ်တိုးရီးယားကို လန်ဒန်မြို့တော် ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ကြိုဆိုနေကြစဉ် (ဇူလိုင် ၅၊ ၂၀၂၄)

ဗြိတိန်နိုင်ငံမှာ လေဘာပါတီခေါင်းဆောင် Keir Starmer (ကီယာ စတာမာ) ဝန်ကြီးချုပ်သစ် ဖြစ်လာပါပြီ။ ကြာသပတေးနေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အပြတ်အသတ်ရှုံးခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း Rishi Sunak ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။

ပြည်သူတွေ ယုံကြည်တဲ့အစိုးရဖြစ်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ်တာဝန်ယူ ယူပြီးချင်းမှာ Keir Starmer က ကတိပေး ပြောကြားခဲ့ပါတယ်။ ဒီနေ့ကစပြီး ဗြိတိန်နိုင်ငံကို ပြန်လည်တည်ဆောက်သွားမယ်လို့ အမှတ် ၁၀ ‌ဒေါင်းနင်း (Downing) လမ်းအိမ်ရှေ့မှာ ဝန်ကြီးချုပ်သစ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဗြိတိန်မှာ သယ်ယူပို့ဆောင်ရေးကစလို့ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအထိ အဖက်ဖက်က ယိုယွင်းနေတယ်လို့ ပြည်သူအများ ဝေဖန်ခံနေရချိန် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက နှစ်ပေါင်း ၁၀၀ ကျော်သမိုင်းမှာ အဆိုးဆုံး အခြေအနေနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ Liz Truss အပါအဝင် အရင်အာဏာရ ကွန်ဆာဗေးတစ်ပါတီထိပ်ပိုင်းတာဝန်ရှိသူ တော်တော်များများလည်း လွှတ်တော်နေရာတွေ ရှုံးနိမ့်ခဲ့ပါတယ်။ လွှတ်တော်အမတ်နေရာ ၄၁၂ နေရာမှာ လေဘာပါတီက ၁၇၄ နေရာထက်မနည်းနဲ့ အများစုအနိုင်ရထားတာမို့ ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်ပါတီ အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပါတယ်။

Keir Starmer ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG