သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာဗျူဟာမဟုတ်တဲ့ နျူလက်နက်အသုံးချရေး ရုရှားစတင်ပြင်ဆင်


ရုရှားစစ်တပ်ရဲ့ မစ်ဆိုင်းလောင်ချာတွေနဲ့ ထောက်ကူပြုယာဥ်တွေကို စစ်ရေးလေ့ကျင့်ဖို့ ဖြန့်ချထားစဥ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၂)
ရုရှားစစ်တပ်ရဲ့ မစ်ဆိုင်းလောင်ချာတွေနဲ့ ထောက်ကူပြုယာဥ်တွေကို စစ်ရေးလေ့ကျင့်ဖို့ ဖြန့်ချထားစဥ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၂)

မဟာဗျူဟာမဟုတ်တဲ့ နျူကလီယာလက်နက်တွေ ပြင်ဆင်ချထားရေးနဲ့အသုံးပြုရေး လက်တွေ့သင်တန်းတွေစနေပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

အနောက်တိုင်းက တာဝန်ရှိသူတွေရဲ့ကြေညာချက်နဲ့ ရန်စခြိမ်းခြောက်မှုတွေကို တုံ့ပြန်သောအားဖြင့် သမ္မတဗလာဒီမာ ပူတင်က ဒီလအစောပိုင်းက အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ယူကရိန်းမှာ တပ်တွေမချဘူးလို့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့ နေတိုးက ဆုံးဖြတ်မထားသင့်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောခဲ့သလို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron ကလည်း အနောက်တိုင်းကကူထားတဲ့ ဒုံးကျည်တွေနဲ့ ရုရှားနယ်မြေထဲကို ပစ်မပစ်ဟာ ယူကရိန်းရဲ့ အခွင့်အရေးဖြစ်တယ်လို့ ဆိုခဲ့ဖူးကြပါတယ်။

ယူကရိန်းနဲ့ နယ်စပ်ချင်းဆက်နေပြီး ရုရှားကသိမ်းပိုက်ထားတဲ့ ယခင် ယူကရိန်းနယ်တွေပါတဲ့ ရုရှား တောင်ပိုင်းစစ်ဒေသမှာ မဟာဗျူဟာမဟုတ်တဲ့နျူကလီယာ လက်နက်တွေနဲ့ ရုရှားတပ်တွေ စစ်ရေးလေ့ကျင့်နေကြပါတယ်။ ပူတင်က တာဝန်မဲ့ နျူကလီယာ ဟန်ရေးပြတယ်လို့ အနောက်နိုင်ငံတွေကတော့ စွပ်စွဲကြပါတယ်။

မဟာဗျူဟာ နျူကလီယာလက်နက်တွေလောက် မဟာဗျူဟာ မမြောက်တဲ့ နျူကလီယာလက်နက်တွေက အားမကောင်းပေမဲ့ အကြီးအကျယ် ဖျက်ဆီးနိုင်စွမ်း ဒီလက်နက်တွေမှာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG