သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးချုပ်ဆုံးဖြတ်ချက် ကင်ညာသမ္မတ လိုက်နာမည်


ကင်ညာသမ္မတ Uhuru Kenyatta
ကင်ညာသမ္မတ Uhuru Kenyatta

ကင်ညာနိုင်ငံရဲ့ တရားရေးစနစ်မှာ ပြသနာတွေရှိနေတာကြောင့် ဒါကို ပြုပြင်ရလိမ့်မယ်လို့ ကင်ညာသမ္မတ Uhuru Kenyatta က စနေနေ့က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ Kenyatta အနိုင်ရခဲ့တာကို ပယ်ဖျက်ကြောင်း တရားရုံးချုပ်က ကြေညာလိုက်ပြီး၊ လာမယ့် ရက်(၆၀) အတွင်း ရွေးကောက်ပွဲအသစ်တခု လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နောက်တနေ့မှာပဲ သူက အဲဒီလို ပြောလိုက်တာပါ။

တရားရုံးချုပ်က ပယ်ဖျက်ခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်ကို သူ့အနေနဲ့ လေးစားလိုက်နာ သွားမှာဖြစ် တယ်လို့ ပြောပါတယ်။ တရားရေးစနစ်ကို ထိန်းချုပ်ထားလေ့ရှိတဲ့ အာဖရိကတိုက်မှာ ဒီဆုံးဖြတ်ချက်ဟာ မကြုံစဖူးတဲ့လုပ်ရပ်ဖြစ်သလို၊ အာဏာရထားဆဲ ပုဂ္ဂိုလ်တယောက်က ရွေးကောက်ပွဲ အနိုင်ရတာကို ဆန့်ကျင်ပြီး တရားရုံးက ဆုံးဖြတ်လိုက်တာဟာလဲ အာဖရိက တိုက်မှာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

သမ္မတရဲ့ ခုနောက်ဆုံး မှတ်ချက်စကားဟာ တရားရေးစနစ်နဲ့ပတ်သက်လို့ သောကြာနေ့က ပွင့်လင်းစွာဝေဖန်ခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံ ပြောဆိုတာ ဖြစ်ပါတယ်။

တရားရုံးချုပ်ဟာ ပြည်သူတွေရဲ့ဆန္ဒကို လျှစ်လျှူရှုနေပြီး၊ တရားသူကြီးချုပ်နဲ့ အပေါင်းပါတွေ ဟာ လူညစ်တွေ လို့ နိုင်ရိုဘီမြို့တော်မှာ သောကြာနေ့ကလုပ်တဲ့ လူထုစုဝေးပွဲမှာ သမ္မတ Kenyatta က စွပ်စွဲပြောဆိုလိုက်ပါတယ်။

တရားရုံးချုပ်ဆုံးဖြတ်ချက် ကင်ညာသမ္မတ လိုက်နာမည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG