သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA တပ္စခန္းႏွစ္ခု ဖယ္ရွားဖို႔ ျမန္မာစစ္တပ္ေတာင္းဆို


ကခ်င္လြတ္လပ္ေရးအဖြဲ႔ (KIA) က တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ေအာက္တိုဘာ ၂၈၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ခ်ီေဖြၿမိဳ႕နယ္အတြင္းက ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO ရဲ႕ တပ္စခန္း ၂ ခုကို ဖယ္ရွားဖုိ႔ တပ္မေတာ္ဘက္က ေတာင္းဆုိထားတာၿပီး ႏွစ္ဘက္အၾကား နယ္ေျမအျငင္းပြားမႈျဖစ္ေနတဲ့သတင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးထားပါတယ္။

ကခ်င္လက္နက္ကိုင္အဖဲြ႔ KIO ရဲ႕ တပ္စခန္း ၂ ခု ဖယ္ရွားဖုိ႔ကို ကခ်င္ျပည္နယ္ လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ၾကီးဌာနက ဒီလ ၈ ရက္ေန႔မွာ PCG ေခၚ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔က တဆင့္ အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။

အစိုးရဘက္က အေၾကာင္းၾကားလာတာနဲ႔႔ ပတ္သက္ၿပီး KIO ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက VOA ကို အခုလို ေျပာပါတယ္။

“ဒီ ခ်ီေဖြနဲ႔ ေဆာ့ေလာ္ၾကားမွာ ဟလ ဆုိတဲ့ က်ေနာ္တုိ႔ရဲ့ တပ္စခန္းနဲ႔ မန္ဒံုဆိုတဲ့ တပ္စခန္းရိွပါတယ္။ အဲဒီတပ္စခန္း ၂ ခုကို ဖယ္ရွားဖုိ႔ အေၾကာင္းၾကားလာတာ ျဖစ္ပါတယ္။ သူ႔ရဲ့ စာထဲမွာ ပါတာကေတာ့ ဒီ Post ၂ ခုကေတာ့ အသစ္ တုိးခ်ဲ႕လာတဲ့ တပ္စခန္းျဖစ္ေနတဲ့အတြက္ ဖယ္ရွားဖို႔ ေျပာထားတယ္။ ၇ ရက္ကေန ၁၃ ရက္ေပါ့ေနာ္ ၉ လပိုင္း အဲဒီၾကားမွာ ဖယ္ရွားပါတဲ့။ တကယ္လုိ႔မ်ား အဲဒီၾကားမွာ မဖယ္ရွားလုိ႔ရိွရင္ေတာ့ နယ္ေျမရွင္းလင္းေရးလုပ္မယ္ဆုိၿပီးေတာ့ အေၾကာင္းၾကားလာတာျဖစ္ပါတယ္။”

KIO ဘက္ ဒီတပ္စခန္းေတြဟာ အသစ္တည္ေဆာက္တာ မဟုတ္ေၾကာင္းနဲ႔ တကယ္လို႔ ဖယ္ရွားဖုိ႔ လုိအပ္ရင္လည္း ေဆြးေႏြးညိွႏိႈင္းၿပီး ဖယ္ရွားမွာျဖစ္ေၾကာင္း ျပန္လည္အေၾကာင္းၾကားခဲ့လို႔ ေျပာပါတယ္။

KIO က အေၾကာင္းျပန္တဲ့အေပၚမွာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ တပ္စခန္းေတြ ေရႊ႔ခုိင္းတာဟာ လမ္းေဖာက္လုပ္ေရးအတြက္ ျဖစ္ေၾကာင္းလည္း ထပ္မံအေၾကာင္းၾကားလာတယ္လုိ႔ PCG က ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။

“အဲဒါ တိုင္းကလည္း ေျပာထားကလည္း အဲဒီေနရာ သူတုိ႔ ဖယ္ခုိင္းတဲ့အေၾကာင္းရင္းကေတာ့ လမ္းေဟာင္းျဖစ္တယ္။ အဲဒီ လမ္းေဟာင္းအေပၚမွာ ေနတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ အဲဒါ ျပည္သူလူထုက လႊတ္ေတာ္မွ လႊတ္ေတာ္အမတ္ကေန တဆင့္တင္ျပလာတယ္။ အဲဒါ အခုသူတုိ႔ လမ္းေဖာက္ဖုိ႔ ရိွတယ္။ လမ္းေဖာက္တာကလည္း တပ္မေတာ္က ေဖာက္မွာ မဟုတ္ဘူး။ အစိုးရကေန ေဖာက္မွာ ျဖစ္တယ္ေပါ့။ သူတို႔အေနနဲ႔ကေတာ့ လမ္းေဖာက္ၿပီးဆုိရင္ေတာ့ မိုင္းရွင္းလင္းေရး ဘာညာပါ လုပ္ရမွာေပါ့။ အဲဒါကို ေျပာျခင္းျဖစ္ပါတယ္ဆုိၿပီးမွ အေၾကာင္းျပန္လာတယ္။ အဲဒီအေပၚမွာလည္းပဲ က်ေနာ္တုိ႔ KIO ကိုလည္းပဲ တင္ျပထားပါတယ္။”

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ လက္ရိွ တပ္စခန္းဖယ္ရွားေရးအေပၚမွာ အခုလုိ ေျပာဆုိပါတယ္။

“အဓိကကေတာ့ KIA နဲ႔ က်ေနာ္တုိ႔ အစိုးရရဲ့ ၾကားထဲမွာ ယခင္က Bilateral သေဘာတူညီခ်က္ေတြ ရိွၿပီးသား ျဖစ္တယ္။ ဒီဟာေတြလည္း ရိွၿပီးသားျဖစ္ပါလိမ့္မယ္။ ဒါေတြနဲ႔ မသက္ဆုိင္တဲ့ေနရာေတြမွာ လာေရာက္ေနထုိင္တဲ့အတြက္ေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ သတိေပးရျခင္းျဖစ္တယ္လုိ႔ က်ေနာ္ ေျပာခ်င္ပါတယ္ဗ်။”

KIO ဘက္က ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ ၂၀၁၃ ခုႏွစ္ ေမလ ၂၈ ကေန ၃၀ရက္ေန႔အၾကားေဆြးေႏြးပဲြအရ ျပည္သူေတြ သြားလာတဲ့ လမ္းမၾကီးေတြေဘးက ႏွစ္ဘက္တပ္ေတြ ဆုတ္ခြာေပးဖုိ႔ သေဘာတူညီခဲ့ေၾကာင္းနဲ႔ လက္ရိွ တပ္စခန္း ၂ ခုဟာ လမ္းမၾကီး အနီးမွာ မဟုတ္ေၾကာင္း အခုလို ေျပာပါတယ္။

“အခု က်န္ရိွေနတဲ့ အဲဒီ တပ္စခန္း ၂ ခုကေတာ့ ျပည္သူလူထုေတြ သြားလာလႈပ္ရွားတဲ့ေနရာမွာ အဟန္႔အတား အေႏွာက္အယွက္ေပးတဲ့ တပ္စခန္းေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔ကလည္း အခု အသစ္ တိုးခ်ဲ႔ထားတာလည္း မဟုတ္ဘူး။ ျပည္သူလူထုသြားလာလႈပ္ရွားတဲ့ေနရာမွာလည္း အေႏွာက္အယွက္ ေပးတဲ့စခန္းလည္း မဟုတ္ဘူးေပါ့။ သူတို႔ရဲ႕ ေျပာတဲ့ေနရာမွာေတာ့ လမ္းေဖာက္ဖို႔ ျပည္သူလူထု သြားလာလႈပ္ရွားတဲ့ေနရာမွာ အေႏွာက္အယွက္ ေပးတယ္ဆုိၿပီးမွ ေျပာလာတာေတာ့ ရိွပါတယ္။ ဒါေပမဲ့ အဲဒါကေတာ့ သိပ္ၿပီး မွန္ကန္တာေတာ့ မဟုတ္ဘူးလုိ႔ ေျပာလုိပါတယ္။ ”

ေလာေလာဆည္မွာေတာ့ ႏွစ္ဘက္အၾကားမွာ တပ္စခန္းေနရာေရႊ႕ေျပာင္းေရးနဲ႔ ပတ္သက္ၿပီး ညိွႏိႈင္းေနဆဲ ရိွေၾကာင္း ဦးလမုိင္ဂြမ္ဂ်ာက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကေတာ့ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ အစိုးရတပ္မေတာ္နဲ႔ KIA အၾကား တုိက္ပဲြ ၅ ၾကိမ္ထက္မနည္းျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံျပည္သူေတြကေတာ့ လက္ရိွ နယ္ေျမအျငင္းပြားမႈကေန ကခ်င္ျပည္နယ္အတြင္းမွာ စစ္ေရးတင္းမာမႈေတြ ထပ္မံျဖစ္ပြားလာမွာကို စိုးရိမ္တာေတြလည္း ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KIA တပ်စခန်းနှစ်ခု ဖယ်ရှားဖို့ မြန်မာစစ်တပ်တောင်းဆို

ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ တပ်စခန်း ၂ ခုကို ဖယ်ရှားဖို့ တပ်မတော်ဘက်က တောင်းဆိုထားတာပြီး နှစ်ဘက်အကြား နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးထားပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ KIO ရဲ့ တပ်စခန်း ၂ ခု ဖယ်ရှားဖို့ကို ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒီလ ၈ ရက်နေ့မှာ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က တဆင့် အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က အကြောင်းကြားလာတာနဲ့ ပတ်သက်ပြီး KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ဒီ ချီဖွေနဲ့ ဆော့လော်ကြားမှာ ဟလ ဆိုတဲ့ ကျနော်တို့ရဲ့ တပ်စခန်းနဲ့ မန်ဒုံဆိုတဲ့ တပ်စခန်းရှိပါတယ်။ အဲဒီတပ်စခန်း ၂ ခုကို ဖယ်ရှားဖို့ အကြောင်းကြားလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ စာထဲမှာ ပါတာကတော့ ဒီ Post ၂ ခုကတော့ အသစ် တိုးချဲ့လာတဲ့ တပ်စခန်းဖြစ်နေတဲ့အတွက် ဖယ်ရှားဖို့ ပြောထားတယ်။ ၇ ရက်ကနေ ၁၃ ရက်ပေါ့နော် ၉လပိုင်း အဲဒီကြားမှာ ဖယ်ရှားပါတဲ့။ တကယ်လို့များ အဲဒီကြားမှာ မဖယ်ရှားလို့ရှိရင်တော့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့ အကြောင်းကြားလာတာဖြစ်ပါတယ်။”

KIO ဘက် ဒီတပ်စခန်းတွေဟာ အသစ်တည်ဆောက်တာ မဟုတ်ကြောင်းနဲ့ တကယ်လို့ ဖယ်ရှားဖို့ လိုအပ်ရင်လည်း ဆွေးနွေးညှိနှိုင်းပြီး ဖယ်ရှားမှာဖြစ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့လို့ ပြောပါတယ်။

KIO က အကြောင်းပြန်တဲ့အပေါ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက် တပ်စခန်းတွေ ရွှေ့ခိုင်းတာဟာ လမ်းဖောက်လုပ်ရေးအတွက် ဖြစ်ကြောင်းလည်း ထပ်မံအကြောင်းကြားလာတယ်လို့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အဲဒါ တိုင်းကလည်း ပြောထားကလည်း အဲဒီနေရာ သူတို့ ဖယ်ခိုင်းတဲ့အကြောင်းရင်းကတော့ လမ်းဟောင်းဖြစ်တယ်။ အဲဒီ လမ်းဟောင်းအပေါ်မှာ နေတာဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒါ ပြည်သူလူထုက လွှတ်တော်မှ လွှတ်တော်အမတ်ကနေ တဆင့်တင်ပြလာတယ်။ အဲဒါ အခုသူတို့ လမ်းဖောက်ဖို့ ရှိတယ်။ လမ်းဖောက်တာကလည်း တပ်မတော်က ဖောက်မှာ မဟုတ်ဘူး။ အစိုးရကနေ ဖောက်မှာ ဖြစ်တယ်ပေါ့။ သူတို့အနေနဲ့ကတော့ လမ်းဖောက်ပြီးဆိုရင်တော့ မိုင်းရှင်းလင်းရေး ဘာညာပါ လုပ်ရမှာပေါ့။ အဲဒါကို ပြောခြင်းဖြစ်ပါတယ်ဆိုပြီးမှ အကြောင်းပြန်လာတယ်။ အဲဒီအပေါ်မှာလည်းပဲ ကျနော်တို့ KIO ကိုလည်းပဲ တင်ပြထားပါတယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ လက်ရှိ တပ်စခန်းဖယ်ရှားရေးအပေါ်မှာ အခုလို ပြောဆိုပါတယ်။

“အဓိကကတော့ KIA နဲ့ ကျနော်တို့ အစိုးရရဲ့ ကြားထဲမှာ ယခင်က Bilateral သဘောတူညီချက်တွေ ရှိပြီးသား ဖြစ်တယ်။ ဒီဟာတွေလည်း ရှိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါတွေနဲ့ မသက်ဆိုင်တဲ့နေရာတွေမှာ လာရောက်နေထိုင်တဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သတိပေးရခြင်းဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်ဗျ။”

KIO ဘက်က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ၂၀၁၃ ခုနှစ် မေလ ၂၈ ကနေ ၃၀ရက်နေ့အကြားဆွေးနွေးပွဲအရ ပြည်သူတွေ သွားလာတဲ့ လမ်းမကြီးတွေဘေးက နှစ်ဘက်တပ်တွေ ဆုတ်ခွာပေးဖို့ သဘောတူညီခဲ့ကြောင်းနဲ့ လက်ရှိ တပ်စခန်း ၂ ခုဟာ လမ်းမကြီး အနီးမှာ မဟုတ်ကြောင်း အခုလို ပြောပါတယ်။

“အခု ကျန်ရှိနေတဲ့ အဲဒီ တပ်စခန်း ၂ ခုကတော့ ပြည်သူလူထုတွေ သွားလာလှုပ်ရှားတဲ့နေရာမှာ အဟန့်အတား အနှောက်အယှက်ပေးတဲ့ တပ်စခန်းတော့ မဟုတ်ဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ကလည်း အခု အသစ် တိုးချဲ့ထားတာလည်း မဟုတ်ဘူး။ ပြည်သူလူထုသွားလာလှုပ်ရှားတဲ့နေရာမှာလည်း အနှောက်အယှက် ပေးတဲ့စခန်းလည်း မဟုတ်ဘူးပေါ့။ သူတို့ရဲ့ ပြောတဲ့နေရာမှာတော့ လမ်းဖောက်ဖို့ ပြည်သူလူထု သွားလာလှုပ်ရှားတဲ့နေရာမှာ အနှောက်အယှက် ပေးတယ်ဆိုပြီးမှ ပြောလာတာတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကတော့ သိပ်ပြီး မှန်ကန်တာတော့ မဟုတ်ဘူးလို့ ပြောလိုပါတယ်။ ”

လောလောဆည်မှာတော့ နှစ်ဘက်အကြားမှာ တပ်စခန်းနေရာရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲ ရှိကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေကတော့ လက်ရှိ နယ်မြေအငြင်းပွားမှုကနေ ကချင်ပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG