သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင် Kim တနင်္လာနေ့ ညက စင်္ကာပူမြို့ လျောက်လည် Selfie ရိုက်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ သူ့ရဲ့ ဘဝတသက်တာမှာ အရေးအပါဆုံး ဖြစ်လာနိုင်တဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် နာရီပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်မှာ စိတ်အေးလက်အေးနဲ့ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံတွေ့နေရပါတယ်။ သူဟာ စင်္ကာပူရဲ့ ညအလှကို ခံစားရင်း လက်ကိုင်ဖုံးနဲ့ ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက် ဆဲလ်ဖီဆွဲသလို ဘေးမှာ အားပေးသူတွေနဲ့ တွေ့ရတာပါ။

သူဝတ်နေကျ ဝတ်စုံဖြစ်တဲ့ မီးခိုးရင့်ရောင် ခပ်ကြပ်ကြပ် ဝတ်စုံနဲ့ စင်္ကာပူရဲ့ အပူဒဏ်ကြောင့် ချွေးပြန်နေတဲ့ Kim ဟာ စင်္ကာပူက ခရီးသွားတွေ အလာအများဆုံး နေရာတွေကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။

Kim ဟာ စင်္ကာပူရဲ့ အထင်ကရ နေရာဖြစ်တဲ့ Marina Bay မှာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Bala kri shnan နဲ့ အတူတွဲပြီးလည်း ဓါတ်ပုံရိုက်ခဲ့တာပါ။

အမေရိကန် သမ္မတ Donald Trump နဲ့ စင်္ကာပူက Sentosa ကျွန်းမှာ ပြုလုပ်မယ့် ထိပ်သီးအစည်းဝေး မတိုင်ခင် ၁၂ နာရီလောက်အလိုမှာ သူဟာ စိတ်အေးလက်အေးနဲ့ စင်္ကာပူ ညအလှကို ခံစားရင်း လျှောက်ကြည့်နေတာ ဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲဟာ သူ့ရဲ့ မြောက်ကိုရီးယားက နျူကလီယားလက်နက် အစီစဉ်ကို ဖျက်သိမ်းနိုင်ဖို့ အဓိက ရည်ရွယ် ကျင်းပတဲ့ ပွဲဖြစ်ြ့ပီး မြောက်ကိုရီးယား ခေါင်းဆောင်န့ အမေရိကန် သမ္မတတို့ ပထမဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် ထိုင်ြ့ပီး ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

စင်္ကာပူထိပ် သီးဆွေးနွေးပွဲမတိုင်ခင် သီတင်းပတ်တွေထဲမှာတော့ သမ္မတ Trump က Kim ဟာ ပွင့်လင်း ရိုးသားကြောင်းပြောခဲ့တာ ဖြစ်ပြီး အရင်ကတော့ ရော့ကက်လူငယ်လေး လို့ ခေါ်ရင် ချိုးချိုးနှိမ်နှိမ်တွေ ပြောခဲ့တာပါ။ အမေရိကန် အခြေစိုက် Heritage Foundation ကတော့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် စိုးရိမ်စိတ်ပူရမှု တွေကို မေ့မထားဖို့ သတိပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG