ထိပ်သီးဆွေးနွေးပွဲနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်ချက်
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားတဲ့အပေါ် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားစတဲ့ ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တချို့ကိုတော့ AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပေးပါလိမ့်မယ်။