သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစိုးရဝန္ထမ္းေတြ ႏုတ္ထြက္ဖုိ႔ ျမစ္ႀကီးနား၊ တႏိုင္းနဲ႔ ဟူးေကာင္းေဒသက KIO တိုက္တြန္း


Myanmar Ethnic Rebel

[[Zawgyi/Unicode]]

စစ္ေကာင္စီလက္ေအာက္ရိွ ဝန္ၾကီးဌာနေတြက ဝန္ထမ္းေတြကို တာဝန္က ႏုတ္ထြက္ဖုိ႔အတြက္ ျမစ္ႀကီးနား၊ တႏိုင္းနဲ႔ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသက KIO ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔က တိုက္တြန္းထားပါတယ္။ ႏုတ္ထြက္မႈမရိွရင္ အေရးယူမယ့္အေျခအေနေတြ ရိွတာေၾကာင့္ လက္ရိွတာဝန္ထမ္းေဆာင္ေနတဲ့ဝန္ထမ္းေတြမွာ လံုၿခံဳေရးနဲ႔ မိသားစုအေရး အခက္ေတြ႔လာႏိုင္ေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။ ရန္ကုန္ ကလာတဲ့ ကခ်င္ျပည္နယ္က အေျခအေနသတင္းကို ကိုေဇာ္ဝင္းလိႈင္က တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ တႏိုင္းနဲ႔ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသက KIO ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြက စစ္ေကာင္စီလက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနသူေတြကို ႏုတ္ထြက္ဖုိ႔ ၿပီးခဲ့တဲ့စေနေန႔က သတိေပးခ်က္ ထုတ္ျပန္တုိက္တြန္းခဲ့တာပါ။ တိုက္ တြန္းတဲ့အတိုင္း မႏုတ္ထြက္ရင္ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္အားလံုးဟာ မိမိတာဝန္သာျဖစ္တယ္လုိ႔လည္း KIO ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြက သတိေပးထားတာျဖစ္ပါတယ္။

ဒီလိုသတိေပးခ်က္ထုတ္ျပန္တာဟာ KIO ဗဟိုရဲ့ ထုတ္ျပန္တာမဟုတ္ဘဲ ေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြက ထုတ္ျပန္တာျဖစ္တယ္လုိ႔ KIO ရဲ့ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက VOA ကို ေျပာပါတယ္။

“ဗဟိုကထုတ္တာေတာ့မဟုတ္ပါဘူး။ ေဒသဆုိင္ရာ ခရိုင္အဆင့္အေပါ့ေနာ္။ သူတုိ႔ အုပ္ခ်ဳပ္တဲ့ေနရာမွာ က်င့္သံုးဖုိ႔ထုတ္တဲ့ ထုတ္ျပန္ေၾကညာခ်က္ျဖစ္ပါတယ္။ သူတုိ႔ ခရိုင္မွာ၊ သူတုိ႔နယ္ေျမမွာ လိုအပ္လုိ႔ထုတ္တဲ့ ထုတ္ျပန္ေၾကညာခ်က္ေလာက္ပဲ က်ေနာ္တုိ႔ျမင္ပါတယ္။”

ဒီလိုထုတ္ျပန္တာေၾကာင့္ တႏိုင္းၿမိဳ႕ကဝန္ထမ္းေတြ ေတြ႔ၾကံဳရတဲ့ အေျခအေနကို ေဒသခံတဦးက အခုလုိ ေျပာပါတယ္။

“ေလာေလာဆယ္ကေတာ့ အလုပ္ထြက္တာေတြ ဘာေတြကေတာ့ မၾကားရေသးဘူး။ ရိုက္ခတ္မႈဆုိတာကေတာ့ သူတို႔လို သြားေတာ့သြားေနရေပမဲ့လည္း စိတ္ထဲမွာ မလံုမလဲေပါ့ေနာ။ သူတုိ႔ ေျပာလာတာေတာ့ ၾကားရတာေပါ့။ တခ်ဳိ႕ေတြက အဲဒီ မိသားစုျပႆနာကို တျခားနည္းလမ္းနဲ႔ မေျဖရွင္းတတ္လို႔ေပ့ါေနာ္-လုပ္ေနတဲ့ သူေတြလည္း ရိွတာေပါ့။ တခ်ဳိ႕ေတြကေတာ့ ပင္စင္ရခါနီးျဖစ္တဲ့အခါက်ေတာ့ အဲဒါေတြလည္း ပါတယ္ေလ။ ေတြ႔ရတာေပါ့။ ဒါေပမယ့္ တခ်ဳိ႕ေတြက လစ္လပ္တဲ့ေနရာမွာ၊ အစားထိုးတဲ့ေနရာမွာ အသစ္ဝင္တဲ့လူေတြလည္း ရိွတယ္။”

KIO အေနနဲ႔ အခုလုိ စာထုတ္ျပန္ၿပီးရင္ ေနာက္ဆက္တဲြ အေရးယူတာေတြ ရိွခဲ့ဖူးတာေၾကာင့္ ေနာက္ပိုင္းမွာ အေရးယူတာေတြ ရိွလာႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

ျမစ္ၾကီးနားၿမိဳ႕ခံတဦးကေတာ့ ဝန္ထမ္းေတြအေနနဲ႔ အလုပ္မထြက္ရင္ KIA က အေရးယူမယ့္ အေျခအေနမ်ိဳးရိွၿပီး အလုပ္ထြက္ရင္လည္း စစ္ေကာင္စီဘက္က အေရးယူႏိုင္တဲ့အေျခအေနေၾကာင့္ လံုၿခံဳေရးနဲ႔ မိသားစုစားဝတ္ေနေရးအတြက္ အခက္အခဲရိွလာႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

“အခုအေနအထားဆုိရင္ေပါ့။ KIA က ထုတ္ျပန္တယ္ဆုိရင္ေတာ့ ထိေရာက္မႈက ရိွႏိုင္တယ္ေပါ့ေနာ္။ Non CDM လုပ္ေနတဲ့ သူအတြက္ကို ေတာ္ေတာ္အခက္ေတြ႔ လာႏိုင္တယ္။ တခ်ဳိ႕ေတြဆုိ မိသားစုအတြက္၊ စားဝတ္ေနေရးအခက္အခဲေတြေပါ့ေနာ။ လံုၿခံဳေရးေတြကလည္း ျပန္ၿပီးမွ ေဘးက်ပ္နံက်ပ္ ျဖစ္လာႏိုင္ေတာ့မယ္ေပါ့ေနာ္။”

ဒီႏွစ္ဆန္းပိုင္း ဇန္နဝါရီလအတြင္းကလည္း ျမစ္ႀကီးနား၊ တႏိုင္းနဲ႔ ဟူးေကာင္းခ်ဳိင့္ဝွမ္းက ခရိုင္အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြဟာ စစ္ေကာင္စီတပ္ရဲ့ ေက်ာေထာက္ေနာက္ခံ အက်ိဳးတူ လုပ္ငန္းျဖစ္တဲ့ Myanmar Beer ၊ Dagon Beer ၊ ABC Beer ေတြကို ေရာင္းဝယ္ေဖာက္ကား၊ သယ္ယူပို႔ေဆာင္တာမျပဳလုပ္ဖုိ႔ တားျမစ္ခဲ့ဖူးပါတယ္။

ဒီလုိ တားျမစ္ၿပီးေနာက္ပိုင္းမွာ စစ္တပ္ထုတ္ကုန္ေတြကို စစ္ေဆး၊ ဖမ္းဆီး ဖ်က္ဆီးတာေတြရိွခဲ့တာေၾကာင့္ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ စစ္တပ္ထုတ္ကုန္ပစၥည္းေတြကို ေရာင္းခ်တာေတြ မရိွသေလာက္ ျဖစ္ခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္းမွာေတာ့ စစ္ေကာင္စီဘက္က ပူတာအိုဘက္မွာ ရိကၡာနဲ႔ စစ္အင္ အားျဖည့္တင္းတာေတြရိွေနၿပီး လမ္းခရီးမွာ KIA က ၾကားျဖတ္တုိက္ခုိက္တာေတြရိွသလို ေရႊကူ၊ အင္းေတာ္ႀကီးစတဲ့ေဒသေတြဘက္မွာ တိုက္ပဲြျဖစ္ပြားတာေတြ ရိွေနေၾကာင္း ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာပါတယ္။

KIO ဟာ စစ္ေကာင္စီက ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကို ပါဝင္သင့္သူေတြအားလံုး မပါဝင္တဲ့အတြက္ တက္ေရာက္မွာ မဟုတ္ေၾကာင္း ျပန္ၾကားထားတဲ့ အဖဲြ႔လည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

အစိုးရဝန်ထမ်းတွေ နုတ်ထွက်ဖို့ မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းဒေသက KIO တိုက်တွန်း

စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကို တာဝန်က နုတ်ထွက်ဖို့အတွက် မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသက KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ နုတ်ထွက်မှုမရှိရင် အရေးယူမယ့်အခြေအနေတွေ ရှိတာကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေမှာ လုံခြုံရေးနဲ့ မိသားစုအရေး အခက်တွေ့လာနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန် ကလာတဲ့ ကချင်ပြည်နယ်က အခြေအနေသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသက KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေကို နုတ်ထွက်ဖို့ ပြီးခဲ့တဲ့စနေနေ့က သတိပေးချက် ထုတ်ပြန်တိုက်တွန်းခဲ့တာပါ။ တိုက် တွန်းတဲ့အတိုင်း မနုတ်ထွက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးဟာ မိမိတာဝန်သာဖြစ်တယ်လို့လည်း KIO ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးထားတာဖြစ်ပါတယ်။

ဒီလိုသတိပေးချက်ထုတ်ပြန်တာဟာ KIO ဗဟိုရဲ့ ထုတ်ပြန်တာမဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်တာဖြစ်တယ်လို့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ဗဟိုကထုတ်တာတော့မဟုတ်ပါဘူး။ ဒေသဆိုင်ရာ ခရိုင်အဆင့်အပေါ့နော်။ သူတို့ အုပ်ချုပ်တဲ့နေရာမှာ ကျင့်သုံးဖို့ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ သူတို့ ခရိုင်မှာ၊ သူတို့နယ်မြေမှာ လိုအပ်လို့ထုတ်တဲ့ ထုတ်ပြန်ကြေညာချက်လောက်ပဲ ကျနော်တို့မြင်ပါတယ်။”

ဒီလိုထုတ်ပြန်တာကြောင့် တနိုင်းမြို့ကဝန်ထမ်းတွေ တွေ့ကြုံရတဲ့ အခြေအနေကို ဒေသခံတဦးက အခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ အလုပ်ထွက်တာတွေ ဘာတွေကတော့ မကြားရသေးဘူး။ ရိုက်ခတ်မှုဆိုတာကတော့ သူတို့လို သွားတော့သွားနေရပေမဲ့လည်း စိတ်ထဲမှာ မလုံမလဲပေါ့နော။ သူတို့ ပြောလာတာတော့ ကြားရတာပေါ့။ တချို့တွေက အဲဒီ မိသားစုပြဿနာကို တခြားနည်းလမ်းနဲ့ မဖြေရှင်းတတ်လို့ပေ့ါနော်-လုပ်နေတဲ့ သူတွေလည်း ရှိတာပေါ့။ တချို့တွေကတော့ ပင်စင်ရခါနီးဖြစ်တဲ့အခါကျတော့ အဲဒါတွေလည်း ပါတယ်လေ။ တွေ့ရတာပေါ့။ ဒါပေမယ့် တချို့တွေက လစ်လပ်တဲ့နေရာမှာ၊ အစားထိုးတဲ့နေရာမှာ အသစ်ဝင်တဲ့လူတွေလည်း ရှိတယ်။”

KIO အနေနဲ့ အခုလို စာထုတ်ပြန်ပြီးရင် နောက်ဆက်တွဲ အရေးယူတာတွေ ရှိခဲ့ဖူးတာကြောင့် နောက်ပိုင်းမှာ အရေးယူတာတွေ ရှိလာနိုင်ကြောင်းလည်း ပြောပါတယ်။

မြစ်ကြီးနားမြို့ခံတဦးကတော့ ဝန်ထမ်းတွေအနေနဲ့ အလုပ်မထွက်ရင် KIA က အရေးယူမယ့် အခြေအနေမျိုးရှိပြီး အလုပ်ထွက်ရင်လည်း စစ်ကောင်စီဘက်က အရေးယူနိုင်တဲ့အခြေအနေကြောင့် လုံခြုံရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်ကြောင်း သုံးသပ်ပါတယ်။

“အခုအနေအထားဆိုရင်ပေါ့။ KIA က ထုတ်ပြန်တယ်ဆိုရင်တော့ ထိရောက်မှုက ရှိနိုင်တယ်ပေါ့နော်။ Non CDM လုပ်နေတဲ့ သူအတွက်ကို တော်တော်အခက်တွေ့ လာနိုင်တယ်။ တချို့တွေဆို မိသားစုအတွက်၊ စားဝတ်နေရေးအခက်အခဲတွေပေါ့နော။ လုံခြုံရေးတွေကလည်း ပြန်ပြီးမှ ဘေးကျပ်နံကျပ် ဖြစ်လာနိုင်တော့မယ်ပေါ့နော်။”

ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းကလည်း မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းချိုင့်ဝှမ်းက ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar Beer ၊ Dagon Beer ၊ ABC Beer တွေကို ရောင်းဝယ်ဖောက်ကား၊ သယ်ယူပို့ဆောင်တာမပြုလုပ်ဖို့ တားမြစ်ခဲ့ဖူးပါတယ်။

ဒီလို တားမြစ်ပြီးနောက်ပိုင်းမှာ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေး၊ ဖမ်းဆီး ဖျက်ဆီးတာတွေရှိခဲ့တာကြောင့် ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချတာတွေ မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဘက်က ပူတာအိုဘက်မှာ ရိက္ခာနဲ့ စစ်အင် အားဖြည့်တင်းတာတွေရှိနေပြီး လမ်းခရီးမှာ KIA က ကြားဖြတ်တိုက်ခိုက်တာတွေရှိသလို ရွှေကူ၊ အင်းတော်ကြီးစတဲ့ဒေသတွေဘက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIO ဟာ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါဝင်သင့်သူတွေအားလုံး မပါဝင်တဲ့အတွက် တက်ရောက်မှာ မဟုတ်ကြောင်း ပြန်ကြားထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

==========

XS
SM
MD
LG