သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းအတြင္း ေနရာတခ်ဳိ႕ KNU တိုက္ခိုက္


မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းအတြင္း ေနရာတခ်ဳိ႕ KNU တိုက္ခိုက္ 

မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းအတြင္းက ရဲစခန္းနဲ႔ စစ္ေကာင္စီ တပ္ဖဲြ႕ေတြရွိရာ ေနရာတခ်ဳိ႕ကို ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖဲြ႕ေတြ မၾကာေသးခင္က တိုက္ခိုက္ခဲ့ေၾကာင္း၊ ေဒသခံ PDF အဖဲြ႕တာ၀န္ရွိသူတဦးနဲ႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။ 


မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းအတြင္း ေနရာတခ်ဳိ႕ KNU တိုက္ခိုက္

{{Zawgyi/Unicode}}
မြန္ျပည္နယ္နဲ႔ ပဲခူးတိုင္းအတြင္းက ရဲစခန္းနဲ႔ စစ္ေကာင္စီ တပ္ဖဲြ႕ေတြရွိရာ ေနရာတခ်ဳိ႕ကို ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖဲြ႕ေတြ မၾကာေသးခင္က တိုက္ခိုက္ခဲ့ေၾကာင္း၊ ေဒသခံ PDF အဖဲြ႕တာ၀န္ရွိသူတဦးနဲ႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ခိုက္မႈေတြေၾကာင့္ စစ္ေကာင္စီဖက္က ေလေၾကာင္းအပါအ၀င္ တန္ျပန္တိုက္ခိုက္မႈေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။
ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။

မြန္ျပည္နယ္ ၊ က်ိဳက္မေရာက္ျမိဳနယ္၊ ေခ်ာင္းႏွစ္ခြေက်းရြာ ရဲစခန္းကုိ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNU/KNLA နဲ့ PDF ေဒသ ကာကြယ္ေရး ပူးေပါင္းတပ္ဖဲြ႔ေတြက ၀င္ေရာက္တိုက္ခိုက္ခဲ့ရာ ေသဆံုးတာေတြ၊ စစ္သံုံံံ႔ပန္႔ေတြ အျဖစ္ ဖမ္းမိတာေတြရွိတယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ PDF ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္ကေျပာပါတယ္။

" ေခ်ာင္းႏွစ္ခြ နယ္ေျမ ရဲစခန္းကို ၀င္စီးျပီး နဂါးနီစစ္ေႀကာင္းနဲ႔ ေKNLA ပူးေပါင္းတပ္ေတြက ေခ်ာင္းႏွစ္ခြ ရဲစခန္းကုိ ၀င္စီးတာေပါ့။ အဲဒီမွာ ေသနတ္ ၇ လက္ရတယ္၊ အရွင္ ၄ေယာက္ဖမ္းမိတယ္ ၊ ၇နာရီခဲြ ၈နာရီေလာက္က်ေတာ့ ဟတ္စကီးေတြနဲ႔ ေလယာဥ္ေတြနဲ႔ ပစ္ကူေပးတာေပါ့ေနာ္၊ ေခ်ာင္းႏွစ္ခြရြာအနီး ေက်းရြာေတြကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနရတာေပါ့ ၊ ရြာသားတေထာင္ေလာက္ကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနရတာေပါ့"

ရဲစခန္းကို ၀င္ေရာက္ တို္က္ခိုက္ခံရတာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္ကေတာ့ တု႔ံျပန္တာ မရွိေသးပါဘူး။

ႏို၀င္ဘာလ ၁၂ ရက္ တေန႔တည္းမွာပဲ ပဲခူတို္င္း၊ ေက်ာက္ႀကီးျမိဳ႔နယ္ နဲ႔ ေရႊက်င္ျမိဳ႔နယ္ႀကားက စစ္ေကာင္စီတပ္ရဲ႕ စခန္းငယ္ေတြကုိလည္း KNU/KNLA နဲ႔ PDF ေဒသကာကြယ္ေရး ပူးေပါင္းတပ္ဖဲြ႔ေတြက တိုက္ခိုက္ခဲ့တာေႀကာင့္ စစ္ေကာင္စီဘက္က ေလေႀကာင္းကေန တိုက္ခိုက္ခဲ့ေႀကာင္း ေဒသခံေတြကေတာ့ အိုးအိမ္စြန္႔ခြာၿပီး ထြက္ေျပးေနရတယ္လုိ႔ သံဆိပ္ေက်းရြာအနီးက ေဒသခံ တဦးကေျပာျပပါတယ္။

'' ေက်ာက္ႀကီး နဲ႔ ေရႊက်င္ ႀကားက မင္းလမ္းတေလွ်ာက္ေပါ့။ စစ္ေကာင္စီက ဂိတ္စခန္းေတြခ်တယ္။ အဲဒီစခန္းေတြကို KNU/KNLA နဲ့ PDF ေတြက စခန္းေတြကုိ လာတိုက္တာေပါ့။ တုံးတံတားစခန္း၊ ေဘာကထစခန္း၊ သံဆိပ္္စခန္းေတြကို အဲဒီ ၃ခုကိုလာတိုက္တာေပါ့၊ စစ္တပ္က မဲျပီး တိုက္ေလယာဥ္တစီးနဲ့ ဂ်က္ေလယာဥ္နဲ႔ လာပစ္လိုက္ပဲ။ မႀကာမႀကာပစ္လိုက္ ျပန္သြားလိုက္နဲ႔ လာပစ္တယ္။ အိမ္နွစ္အိမ္ေတာ့ မီးေလာင္သြားတယ္ ။ လူအေသ အေပ်ာက္ကေတာ့ မသိေသးဘူး။ အဲဒီမွာရွိတဲ့ ရြာသားေတြ အကုန္လံုးလည္း ထြက္ေျပးႀကတယ္။ အရင္ကတည္းက သံဆိပ္စခန္းကလည္း ခနခန ၀င္ပစ္တာ ၊ ဖမ္းတာေတြရွိလို႔ သံဆိပ္္ရြာသားေတြက ထြက္ေျပးေနရတယ္။ ရြာသားေတြက တိုက္ပဲြျဖစ္ကတည္းက ေႀကာက္ေနျပီေလ။ သူတို႔ကလာျပီ းဗံုးႀကဲတယ္ ဆိုေတာ့ ထြက္ေျပးေနရတာေပါ့"

စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNU/KNLA တပ္ေတြဟာ စစ္အာဏာသိမ္းျပီးကတည္းကတုိက္ပဲြေတြျပင္းထန္ခဲ့ျပီး စစ္ေကာင္စီရဲ႔ စခန္းေတြနဲ႔ ရဲစခန္းေတြကို ၀င္ေရာက္တိုက္ခိုက္မူေတြ စီးနင္းမႈေတြလုပ္ခဲ့တာပါ။ အခုဆိုရင္ စစ္ေကာင္စီရဲ႕ စခန္းငယ္ေတြ အပါအ၀င္ စခန္းအခု၂၀ေလာက္ကို ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က ၀င္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကလည္း ေလေႀကာင္းပစ္ကူေတြသံုးျပီး တိုက္ခိုက္ခဲ့တာေႀကာင့္ ကရင္ျပည္နယ္ အပါအ၀င္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးတခ်ိဳ႔မွာ ေဒသခံျပည္သူေတြ ေသဆံုးဒဏ္ရာရတာေတြ အိုးအိမ္ေတြ မီးေလာင္ပ်က္စီးကုန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................


မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်း နေရာတချို့ KNU တိုက်ခိုက်

{{Zawgyi/Unicode}}
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ရဲစခန်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေရှိရာ နေရာတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မကြာသေးခင်က တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံ PDF အဖွဲ့တာဝန်ရှိသူတဦးနဲ့ ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဖက်က လေကြောင်းအပါအဝင် တန်ပြန်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ၊ ကျိုက်မရောက်မြိုနယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNU/KNLA နဲ့ PDF ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေဆုံးတာတွေ၊ စစ်သုံံံံ့ပန့်တွေ အဖြစ် ဖမ်းမိတာတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပါတယ်။

" ချောင်းနှစ်ခွ နယ်မြေ ရဲစခန်းကို ဝင်စီးပြီး နဂါးနီစစ်ကြောင်းနဲ့ ေKNLA ပူးပေါင်းတပ်တွေက ချောင်းနှစ်ခွ ရဲစခန်းကို ဝင်စီးတာပေါ့။ အဲဒီမှာ သေနတ် ၇ လက်ရတယ်၊ အရှင် ၄ယောက်ဖမ်းမိတယ် ၊ ၇နာရီခွဲ ၈နာရီလောက်ကျတော့ ဟတ်စကီးတွေနဲ့ လေယာဉ်တွေနဲ့ ပစ်ကူပေးတာပေါ့နော်၊ ချောင်းနှစ်ခွရွာအနီး ကျေးရွာတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့ ၊ ရွာသားတထောင်လောက်ကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့"

ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကတော့ တုံ့ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာလ ၁၂ ရက် တနေ့တည်းမှာပဲ ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ် နဲ့ ရွှေကျင်မြို့နယ်ကြားက စစ်ကောင်စီတပ်ရဲ့ စခန်းငယ်တွေကိုလည်း KNU/KNLA နဲ့ PDF ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေကတော့ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ သံဆိပ်ကျေးရွာအနီးက ဒေသခံ တဦးကပြောပြပါတယ်။

'' ကျောက်ကြီး နဲ့ ရွှေကျင် ကြားက မင်းလမ်းတလျှောက်ပေါ့။ စစ်ကောင်စီက ဂိတ်စခန်းတွေချတယ်။ အဲဒီစခန်းတွေကို KNU/KNLA နဲ့ PDF တွေက စခန်းတွေကို လာတိုက်တာပေါ့။ တုံးတံတားစခန်း၊ ဘောကထစခန်း၊ သံဆိပ်စခန်းတွေကို အဲဒီ ၃ခုကိုလာတိုက်တာပေါ့၊ စစ်တပ်က မဲပြီး တိုက်လေယာဉ်တစီးနဲ့ ဂျက်လေယာဉ်နဲ့ လာပစ်လိုက်ပဲ။ မကြာမကြာပစ်လိုက် ပြန်သွားလိုက်နဲ့ လာပစ်တယ်။ အိမ်နှစ်အိမ်တော့ မီးလောင်သွားတယ် ။ လူအသေ အပျောက်ကတော့ မသိသေးဘူး။ အဲဒီမှာရှိတဲ့ ရွာသားတွေ အကုန်လုံးလည်း ထွက်ပြေးကြတယ်။ အရင်ကတည်းက သံဆိပ်စခန်းကလည်း ခနခန ဝင်ပစ်တာ ၊ ဖမ်းတာတွေရှိလို့ သံဆိပ်ရွာသားတွေက ထွက်ပြေးနေရတယ်။ ရွာသားတွေက တိုက်ပွဲဖြစ်ကတည်းက ကြောက်နေပြီလေ။ သူတို့ကလာပြီ းဗုံးကြဲတယ် ဆိုတော့ ထွက်ပြေးနေရတာပေါ့"

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNU/KNLA တပ်တွေဟာ စစ်အာဏာသိမ်းပြီးကတည်းကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ စခန်းတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်မူတွေ စီးနင်းမှုတွေလုပ်ခဲ့တာပါ။ အခုဆိုရင် စစ်ကောင်စီရဲ့ စခန်းငယ်တွေ အပါအဝင် စခန်းအခု၂၀လောက်ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ အိုးအိမ်တွေ မီးလောင်ပျက်စီးကုန်ပါတယ်။

XS
SM
MD
LG