သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသက္ (၈၀) ခန္႔ အဖြားအို လက္နက္ႀကီးက်ည္သင္႔ ေသဆံုး


Head: အသက္ (၈၀) ခန္႔ အဖြားအို လက္နက္ႀကီးက်ည္သင္႔ ေသဆံုး

အသက္ (၈၀) ခန္႔ အဖြားအို လက္နက္ႀကီးက်ည္သင္႔ ေသဆံုး

{{Zawgyi/Unicode}}
KNU ေညာင္ေလးပင္ခရုိင္၊ မုန္းၿမိဳ႔နယ္ထဲက ေက့ာျပင္း (ခ)ထီးတိုလို ေက်း႐ြာ အတြင္းကို အနီးနားမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ေက်း႐ြာထဲမွာ ေနထိုင္ေနတဲ့ အဖြားအိုတဦး ေသဆုံးခဲ့တဲ့အေၾကာင္း ေဒသခံေတြကေျပာပါတယ္ ။ ေညာင္ေလးပင္ ခ႐ိုင္ထဲမွာ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ မၾကာခန ပစ္ခတ္ေနတာေၾကာင့္ ထိခိုက္ဒဏ္ရာရ သူေတြ ရွိေနတဲ့အေၾကာင္း ကရင္လူ႔အခြင့္အေရးအဖြဲ႔က ေျပာဆိုေပမဲ့ စစ္ေကာင္စီဘက္က တုံျပန္ေျပာဆိုတာေတာ့ မရွိေသးပါဘူး။ မုန္းၿမိဳ႕နယ္ထဲမွာေတာ့ ေဒသခံေတြ ေတာ္ေတာ္မ်ားမ်ား ေနအိမ္ေတြကို မျပန္ရဲၾကဘဲ တိမ္းေရွာင္ေနတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္၊

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ထိမ္းခ်ဳပ္ရာ ေညာင္ေလးပင္ခ႐ိုင္ ၊ မုန္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြနဲ႔ မၾကာခန ပစ္ခတ္ေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကေပမယ့္ ႐ြာထဲမွာ က်န္ခဲ့တဲ့ သက္ႀကီး႐ြယ္အိုေတြ ဒုကၡိတေတြကေတာ့ မေျပးႏိုင္ၾကတာေၾကာင့္ ဒီရက္ထဲမွာပဲ လက္နက္ႀကီး ထိမွန္ေသဆုံးတာေတြ ရွိေနတယ္လို႔ မုန္းၿမိဳ႕နယ္ ထဲက ထီးတိုလိုေက်း႐ြာသားတဦးက ေျပာျပပါတယ္။

" ျမန္မာ လို ေခၚရင္ေတာ့ ေကာ့ျပင္းေပ့ါ ကရင္လိုေခၚရင္ ထီးတိုလို လို႔ေခၚတယ္ ။ ခမရ ၅၉၀ နဲ႔ က်ေနာ္တို႔႐ြာနဲ႔ ကပ္ရက္ေလးပါပဲ။ လွမ္းေခၚရင္ေတာင္ ၾကားရတဲ့ ေနရာေလးပါ။ ကပ္ရက္ေလးကိုမွ က်ေနာ္တို႔ ရြာထဲကို အလုံးႀကီး ပစ္ထည့္တယ္ဆိုေတာ့ က်ေနာ္တို႔ကို အေတာ္ဒုကၡေပးတာပါပဲ။ ပစ္ထည့္ေတာ့ က်ေနာ္တို႔႐ြာမွာ ရပ္ကြက္ (၁)(၂)(၃)ရွိတယ္ ။ အဲဒီထဲက ၂ရပ္ကြက္က ေဒၚခ်က္ေသး အသက္က ၇၈ ႏွစ္ရွိတယ္ ။ သူ႔ကို ေခါင္းေကာ ဝမ္းဗိုက္ေကာ ထိလို႔ ေသသြားတယ္။ အခုခ်ိန္ထိ ႐ြာမွာေတာ့ သူကေတာ့ မေျပးႏိုင္လို႔ က်န္ေနတာေလ။ က်ေနာ္ အဲဒီနားက ေက်း႐ြာသားေတြ ေျမာင္းဦးတို႔ ေက်ာင္းစု႐ြာသားေတြ ေရအိုးစဥ္ ေက်း႐ြာတို႔ စည္ပင္သာေက်း႐ြာက လူေတြလည္း အေတာ္မ်ားမ်ား ပါတယ္။ က်ေနာ္တို႔ မုန္းေဒသအုပ္စုက အေတာ္မ်ားမ်ား ေရွာင္ေနရတုန္းပဲ ။ အိမ္မွာေနတဲ့သူ ေသရတာျဖစ္တယ္။ က်ေနာ္တို႔႐ြာမွာ ေျခက်ိဳးေပါင္ျပတ္ အေယာက္၈၀ေက်ာ္ေလာက္ရွိတယ္။ မိုင္းထိတဲ့သူေတြေပါ့။ သူတို႔နဲ႔ သက္ႀကီး႐ြယ္အိုေတြပဲ ႐ြာထဲမွာက်န္ခဲ့တာ"

အခုဆိုရင္ KNU ထိမ္းခ်ဳပ္ရာ ေညာင္ေလးပင္ခ႐ိုင္ထဲမွာ တိုက္ပြဲေတြမျဖစ္ပဲ လက္နက္ႀကီးေတြ ပစ္ခတ္တာေတြကိုပဲ ႀကဳံေနရေၾကာင္း ဒီအတြက္ ႐ြာေတြမွာ မေနရဲပဲ တိမ္းေရွာင္ေနရတယ္လို႔ လည္းဆိုပါတယ္ ။ စားဝတ္ေနေရးအတြက္ ေတာင္ယာလုပ္ေနရတဲ့ သစ္ခ်ဆိပ္ေက်း႐ြာသား ညီအကို၂ဦးဟာ ေအာက္တိုဘာလကုန္ပိုင္းက လက္နက္ႀကီး ထိမွန္ေသဆုံးတာ ဒဏ္ရာရတာေတြ ျဖစ္ခဲ့တယ္လို႔ လည္းေဒသခံက ဆက္ေျပာျပပါတယ္။

'' ႐ြာစေကာေက်း႐ြာမွာ ေတာင္ယာအလုပ္လုပ္ေနတာ သစ္ခ်ဆိပ္႐ြာက ညီအကိုႏွစ္ေယာက္ပါ။ ခမရ (၃၅၁) နဲ႔ ခလရ (၆၀)က လက္နက္ႀကီးနဲ႔ ထုေတာ့ သူ႔အကို ရဲမင္းဦး က ေသၿပီးေတာ့ သူ႔ညီကေတာ့ ဒဏ္ရာရတယ္"

ကရင္ျပည္နယ္ အတြင္းမွာ လူအခြင့္ေရး ခ်ိဳးေဖာက္မူေတြ ရွိေနၿပီး ေဒသခံျပည္သူေတြဟာ အေၾကာက္တရားေတြနဲ႔ ေနထိုင္ေနရတယ္လို႔လည္း ကရင္လူအခြင့္ေရးအဖြဲ႕ က ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူး ကလည္း ေျပာျပပါတယ္ ။

" ေဒသခံ ျပည္သူေတြ ဆိုလို႔ရွိရင္လည္း ေၾကာက္ေနရတယ္ ။ ေျပးေနရတုန္းပဲ။ ေနာက္တခါက်ရင္ IDPေတြဆိုရင္လည္း သူတို႔အိမ္ကို ျပန္လို႔ရွိရင္ အဖမ္းခံရတာေတြ ပစ္သတ္ခံရတာေတြကို ႀကဳံရတယ္ ။ အခက္အခဲေတြ ဒုကၡေတြကေတာ့ အရင္တုန္းကအတိုင္း ရွိတုန္းပဲ ေဒသခံျပည္သူေတြကေတာ့ အေၾကာက္တရားနဲ႔ ေနေနရတာပါပဲ "

အခုဆိုရင္ ကရင္ျပည္နယ္ ေညာင္ေလးပင္ခ႐ိုင္ထဲမွာ မုန္း နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္ ႏွစ္ခုရွိၿပီး အဲဒီၿမိဳ႕နယ္ႏွစ္ခုထဲက ေက်း႐ြာသား တသိန္းခြဲေလာက္ဟာ ေနရပ္မျပန္ႏိုင္ပဲ စစ္ေဘးေရွာင္ေနရတယ္လို႔ စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................

အသက် (၈၀) ခန့် အဖွားအို လက်နက်ကြီးကျည်သင့် သေဆုံး

{{Zawgyi/Unicode}}
KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကေ့ာပြင်း (ခ)ထီးတိုလို ကျေးရွာ အတွင်းကို အနီးနားမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာထဲမှာ နေထိုင်နေတဲ့ အဖွားအိုတဦး သေဆုံးခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ် ။ ညောင်လေးပင် ခရိုင်ထဲမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရ သူတွေ ရှိနေတဲ့အကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်က တုံပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။ မုန်းမြို့နယ်ထဲမှာတော့ ဒေသခံတွေ တော်တော်များများ နေအိမ်တွေကို မပြန်ရဲကြဘဲ တိမ်းရှောင်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်၊

ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင် ၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြပေမယ့် ရွာထဲမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခိတတွေကတော့ မပြေးနိုင်ကြတာကြောင့် ဒီရက်ထဲမှာပဲ လက်နက်ကြီး ထိမှန်သေဆုံးတာတွေ ရှိနေတယ်လို့ မုန်းမြို့နယ် ထဲက ထီးတိုလိုကျေးရွာသားတဦးက ပြောပြပါတယ်။

" မြန်မာ လို ခေါ်ရင်တော့ ကော့ပြင်းပေ့ါ ကရင်လိုခေါ်ရင် ထီးတိုလို လို့ခေါ်တယ် ။ ခမရ ၅၉၀ နဲ့ ကျနော်တို့ရွာနဲ့ ကပ်ရက်လေးပါပဲ။ လှမ်းခေါ်ရင်တောင် ကြားရတဲ့ နေရာလေးပါ။ ကပ်ရက်လေးကိုမှ ကျနော်တို့ ရွာထဲကို အလုံးကြီး ပစ်ထည့်တယ်ဆိုတော့ ကျနော်တို့ကို အတော်ဒုက္ခပေးတာပါပဲ။ ပစ်ထည့်တော့ ကျနော်တို့ရွာမှာ ရပ်ကွက် (၁)(၂)(၃)ရှိတယ် ။ အဲဒီထဲက ၂ရပ်ကွက်က ဒေါ်ချက်သေး အသက်က ၇၈ နှစ်ရှိတယ် ။ သူ့ကို ခေါင်းကော ဝမ်းဗိုက်ကော ထိလို့ သေသွားတယ်။ အခုချိန်ထိ ရွာမှာတော့ သူကတော့ မပြေးနိုင်လို့ ကျန်နေတာလေ။ ကျနော် အဲဒီနားက ကျေးရွာသားတွေ မြောင်းဦးတို့ ကျောင်းစုရွာသားတွေ ရေအိုးစဉ် ကျေးရွာတို့ စည်ပင်သာကျေးရွာက လူတွေလည်း အတော်များများ ပါတယ်။ ကျနော်တို့ မုန်းဒေသအုပ်စုက အတော်များများ ရှောင်နေရတုန်းပဲ ။ အိမ်မှာနေတဲ့သူ သေရတာဖြစ်တယ်။ ကျနော်တို့ရွာမှာ ခြေကျိုးပေါင်ပြတ် အယောက်၈၀ကျော်လောက်ရှိတယ်။ မိုင်းထိတဲ့သူတွေပေါ့။ သူတို့နဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာထဲမှာကျန်ခဲ့တာ"

အခုဆိုရင် KNU ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲတွေမဖြစ်ပဲ လက်နက်ကြီးတွေ ပစ်ခတ်တာတွေကိုပဲ ကြုံနေရကြောင်း ဒီအတွက် ရွာတွေမှာ မနေရဲပဲ တိမ်းရှောင်နေရတယ်လို့ လည်းဆိုပါတယ် ။ စားဝတ်နေရေးအတွက် တောင်ယာလုပ်နေရတဲ့ သစ်ချဆိပ်ကျေးရွာသား ညီအကို၂ဦးဟာ အောက်တိုဘာလကုန်ပိုင်းက လက်နက်ကြီး ထိမှန်သေဆုံးတာ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ လည်းဒေသခံက ဆက်ပြောပြပါတယ်။

'' ရွာစကောကျေးရွာမှာ တောင်ယာအလုပ်လုပ်နေတာ သစ်ချဆိပ်ရွာက ညီအကိုနှစ်ယောက်ပါ။ ခမရ (၃၅၁) နဲ့ ခလရ (၆၀)က လက်နက်ကြီးနဲ့ ထုတော့ သူ့အကို ရဲမင်းဦး က သေပြီးတော့ သူ့ညီကတော့ ဒဏ်ရာရတယ်"

ကရင်ပြည်နယ် အတွင်းမှာ လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေပြီး ဒေသခံပြည်သူတွေဟာ အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်လို့လည်း ကရင်လူအခွင့်ရေးအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး ကလည်း ပြောပြပါတယ် ။

" ဒေသခံ ပြည်သူတွေ ဆိုလို့ရှိရင်လည်း ကြောက်နေရတယ် ။ ပြေးနေရတုန်းပဲ။ နောက်တခါကျရင် IDPတွေဆိုရင်လည်း သူတို့အိမ်ကို ပြန်လို့ရှိရင် အဖမ်းခံရတာတွေ ပစ်သတ်ခံရတာတွေကို ကြုံရတယ် ။ အခက်အခဲတွေ ဒုက္ခတွေကတော့ အရင်တုန်းကအတိုင်း ရှိတုန်းပဲ ဒေသခံပြည်သူတွေကတော့ အကြောက်တရားနဲ့ နေနေရတာပါပဲ "

အခုဆိုရင် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်ထဲမှာ မုန်း နဲ့ ကျောက်ကြီးမြို့နယ် နှစ်ခုရှိပြီး အဲဒီမြို့နယ်နှစ်ခုထဲက ကျေးရွာသား တသိန်းခွဲလောက်ဟာ နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကပြောပါတယ်။

XS
SM
MD
LG