သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ က်ိဳက္ဒံု ရဲစခန္း KNLA ပူေပါင္းတပ္ စီးနင္းတိုက္ခိုက္


KNLA/PDF seized a police Station in Kyatdone, Karen stare.

ကရင္ျပည္နယ္ေကာ့ကရိတ္ျမိဳနယ္ထဲက က်ိဳက္ဒုံရဲစခန္းကို KNLA ပူးေပါင္းတပ္ေတြက ေအာက္တိုဘာလ၂၈ရက္ေန႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဒီရက္ပုိင္းအတြင္းစစ္ေကာင္စီတပ္ေတြနဲ႔ေကအန္ယူ ပူးေပါင္းတပ္ဖဲြ႔ေတြႀကားတုိက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္

Zawgyi

ကရင္ျပည္နယ္ က်ိဳက္ဒံု ရဲစခန္း KNLA ပူေပါင္းတပ္ စီးနင္းတိုက္ခိုက္

ကရင္ျပည္နယ္ေကာ့ကရိတ္ျမိဳနယ္ထဲက က်ိဳက္ဒုံရဲစခန္းကို KNLA ပူးေပါင္းတပ္ေတြက ေအာက္တိုဘာလ၂၈ရက္ေန႔က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဒီရက္ပုိင္းအတြင္းစစ္ေကာင္စီတပ္ေတြနဲ႔ေကအန္ယူ ပူးေပါင္းတပ္ဖဲြ႔ေတြႀကားတုိက္ပဲြေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္။ ဒီသတင္းကိုVOA သတင္းေထာက္မေအးေအးမာကသတင္းေပးပုိ႔ထားပါတယ္။
ကရင္အမ်ိဳးသားအစည္းအရံုးဒူးပလာယာခ႐ိုင္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာရွိတဲ့ က်ိဳက္ဒုံရဲစခန္းကုိ ေအာက္တိုဘာလ ၂၈ရက္ေန့ ည၉နာရီေက်ာ္အခ်ိန္မွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ တပ္ရင္း(၁၈) တပ္ခဲြ(၁) တပ္ခဲြ(၄)နဲ့ PDF ေတြပူးေပါင္းထားတဲ့ေဒါနစစ္ေႀကာင္းတို႔က ၀င္ေရာက္တုိက္ခိုက္ခဲ့တာပါ။ တုိက္ခိုက္မႈ႔အတြင္း ရဲစခန္းကေန လက္ႏွက္ခဲယမ္းေတြသိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ကေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္ကေျပာ ပါတယ္။
“ က်ိဳက္ဒံုရဲစခန္းကုိ မေန႔ေကအန္ယူတပ္ရင္း၁၈နဲ႔ပူးေပါင္းတပ္ဖဲြ႔ေတြက ရဲစခန္းကို၀င္စီးတာ လက္နက္ေတြလည္း ရတယ္၊ က်ိဳက္ဒံုရဲစခန္းက ရဲဖဲြ႔စည္းပံုအရဆိုရင္ ျမိဳမရဲစခန္းရိွတယ္ နယ္ေျမကင္းစခန္းဆိုတာရွိတယ္ က်ိဳက္ဒံုရဲစခန္း ကေတာ့နယ္ေျမရဲစခန္းေပါ့ စခန္းမွွဴးကေတာ့ႏွစ္ပြင့္အဲဒီအဆင့္မ်ိဳးေတာ့ရွိတယ္။”
ရဲစခန္းကို၀င္ေရာက္စီးနင္းျပိီးတဲ့ေနာက္ စစ္ေကာင္စီဘက္ကက်ဆံုး႔မႈ႔တြရွိတယ္လို့ ေကအန္ယူဒူးပလာယာခရိုင္က သတင္းထုတ္ျပန္ခဲ့ေပမယ့္ VOA ကသီးျခားအတည္ျပဳလို႔မရေသးပါဘူး။ က်ိဳက္ဒံုရဲစခန္းကိုဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားခဲ့ ေပမယ့္ဆက္သြယ္လို႔မရခဲ့ပါဘူး။
က်ိဳက္ဒံုရဲစခန္းစီးနင္းခံရျပီးတဲ့ေနာက္ စစ္ေကာင္စီဘက္ကလက္နက္ႀကီးေတြနဲ႔က်ိဳက္ဒံုျမိဳ႔ထဲကိုျပန္လည္ပစ္ခတ္ခ့ဲတာ ေတြရွိတယ္လုိ႔လည္းဆုိပါတယ္။

“ဘုရားကုန္းဆိုတာရွိတယ္ က်ိဳက္ဒံုေဟာင္သေရာေခ်ာင္းနားမွာ ဘုရားကုန္းတခုရွိတယ္ က်ိဳက္ဒံုစာသင္ေက်ာင္း ေနာက္မွာ ဗ်ဴဟာကုန္းဆုိတာရွိတယ္ အဲဒီကေန လက္နက္ႀကီးနဲ႔လွမ္းပစ္တာေပါ့ အဲဒီေတာ့ အိမ္တအိမ္ကိုေတာ့ လက္နက္ႀကီးက်တယ္ပ်က္ဆီးဆံုးရွံဳးမႈရွိတယ္ ထိခိုက္ေသဆံုးမႈေတာ့မရွိဘူး”
ေအာက္တိုဘာလ၂၉ရက္ေန႔မွာလည္း ေကာ့ကရိတ္ျမိဳ႔နယ္ထဲမွာတိုက္ပဲြေတြဆက္ျဖစ္ေနတယ္လုိ႔လည္းေျပာျပပါတယ္၊
ေအာက္တိုဘာလ ၂၆ ရက္ေန႔ကလည္း ႀကာအင္းဆိပ္ႀကီးျမိဳ႔နယ္ထဲမွာရွိတဲ့ခမရ ၅၆၁ ကီြလံုတုိင္စခန္းကို ကရင္အမ်ိဳး သားလြတ္ေျမာက္ေရးတပ္တပ္ရင္း(၁၇/၁၈)ပူးေပါင္းတပ္ဖဲြ႔ေတြက ၀င္ေရာက္စီးနင္းခဲ့ျပီး စစ္သံုံံ႔ပန္း ၁၇ဦးကုိ ဖမ္းမိခဲ့သလို လက္နက္အလက္ ၄၀ေက်ာ္ကုိလည္းသိမ္းဆည္းခဲ့ပါတယ္၊
ဒီရက္ထဲမွာပဲ ေကာ့ကရိတ္ျမိဳ႔နယ္ထဲမွာတိုက္ပဲြျပင္းထန္တဲ့အတြက္စစ္ေကာင္စီက ၃ရက္ဆက္တိုက္ေလေႀကာင္းကေန ဗံုးႀကဲတိုက္ခိုက္မူေတြလုပ္ခဲ့တာေႀကာင့္ေဒသခံေထာင္နဲ႔ခ်ီျပီးေဘးလြတ္ရာကိုထြက္ေျပးေနရပါတယ္ရွင္။

Unicode

ကရင်ပြည်နယ် ကျိုက်ဒုံ ရဲစခန်း KNLA ပူပေါင်းတပ် စီးနင်းတိုက်ခိုက်

ကရင်ပြည်နယ်ကော့ကရိတ်မြိုနယ်ထဲက ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ်တွေက အောက်တိုဘာလ၂၈ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဒီသတင်းကိုVOA သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ကျိုက်ဒုံရဲစခန်းကို အောက်တိုဘာလ ၂၈ရက်နေ့ ည၉နာရီကျော်အချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်ရင်း(၁၈) တပ်ခွဲ(၁) တပ်ခွဲ(၄)နဲ့ PDF တွေပူးပေါင်းထားတဲ့ဒေါနစစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု့အတွင်း ရဲစခန်းကနေ လက်နှက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြော ပါတယ်။
“ ကျိုက်ဒုံရဲစခန်းကို မနေ့ကေအန်ယူတပ်ရင်း၁၈နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းကိုဝင်စီးတာ လက်နက်တွေလည်း ရတယ်၊ ကျိုက်ဒုံရဲစခန်းက ရဲဖွဲ့စည်းပုံအရဆိုရင် မြိုမရဲစခန်းရှိတယ် နယ်မြေကင်းစခန်းဆိုတာရှိတယ် ကျိုက်ဒုံရဲစခန်း ကတော့နယ်မြေရဲစခန်းပေါ့ စခန်းမှူးကတော့နှစ်ပွင့်အဲဒီအဆင့်မျိုးတော့ရှိတယ်။”
ရဲစခန်းကိုဝင်ရောက်စီးနင်းပြီးတဲ့နောက် စစ်ကောင်စီဘက်ကကျဆုံး့မှု့တွရှိတယ်လို့ ကေအန်ယူဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ခဲ့ပေမယ့် VOA ကသီးခြားအတည်ပြုလို့မရသေးပါဘူး။ ကျိုက်ဒုံရဲစခန်းကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။
ကျိုက်ဒုံရဲစခန်းစီးနင်းခံရပြီးတဲ့နောက် စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ကျိုက်ဒုံမြို့ထဲကိုပြန်လည်ပစ်ခတ်ခဲ့တာ တွေရှိတယ်လို့လည်းဆိုပါတယ်။

“ဘုရားကုန်းဆိုတာရှိတယ် ကျိုက်ဒုံဟောင်သရောချောင်းနားမှာ ဘုရားကုန်းတခုရှိတယ် ကျိုက်ဒုံစာသင်ကျောင်း နောက်မှာ ဗျူဟာကုန်းဆိုတာရှိတယ် အဲဒီကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာပေါ့ အဲဒီတော့ အိမ်တအိမ်ကိုတော့ လက်နက်ကြီးကျတယ်ပျက်ဆီးဆုံးရှုံးမှုရှိတယ် ထိခိုက်သေဆုံးမှုတော့မရှိဘူး”
အောက်တိုဘာလ၂၉ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ်ထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်းပြောပြပါတယ်၊
အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ခမရ ၅၆၁ ကွီလုံတိုင်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်တပ်ရင်း(၁၇/၁၈)ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်သုံံံ့ပန်း ၁၇ဦးကို ဖမ်းမိခဲ့သလို လက်နက်အလက် ၄၀ကျော်ကိုလည်းသိမ်းဆည်းခဲ့ပါတယ်၊
ဒီရက်ထဲမှာပဲ ကော့ကရိတ်မြို့နယ်ထဲမှာတိုက်ပွဲပြင်းထန်တဲ့အတွက်စစ်ကောင်စီက ၃ရက်ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တာကြောင့်ဒေသခံထောင်နဲ့ချီပြီးဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်ရှင်။

XS
SM
MD
LG