သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ တပ္ရင္းမွဴးအိမ္ မီးရိႈ႕ဖ်က္ဆီးခံရ


(KNU/KNLA-PC) တပ္ရင္းမွဴး ေနအိမ္ကုိ အမည္မသိ လက္နက္ကုိင္ေတြက မီးရႈိ႔ဖ်က္ဆီး

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) အမွတ္ (၇၇၇)တပ္ရင္းမႉး ေစာဝင္းေက်ာ္ ရဲ႔ေနအိမ္ကုိ အမည္မသိတဲ့ လက္နက္ကုိင္ေတြက ေအာက္တိုဘာလ ၂၇ ရက္ေန႔ညက သူ႔ရဲ႔ မိသားစု၀င္ေတြကုိ ပစ္ခတ္ျပီး အိမ္ကုိလည္း မီးရႈိ႔ဖ်က္ဆီးသြားခဲ့ပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ ထားပါတယ္။

ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ တပ္ရင္းမွဴးအိမ္ မီးရိႈ႕ဖ်က္ဆီးခံရ

{{Zawgyi/Unicode}}

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႔နယ္ ေျမာက္ပိုင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၇ ၊ ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာရွိတဲ့ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC) အမွတ္ (၇၇၇)တပ္ရင္းမႉး ေစာဝင္းေက်ာ္ ရဲ႔ေနအိမ္ကုိ အမည္မသိတဲ့ လက္နက္ကုိင္ေတြက ေအာက္တိုဘာလ ၂၇ ရက္ေန႔ညက သူ႔ရဲ႔ မိသားစု၀င္ေတြကုိ ပစ္ခတ္ျပီး အိမ္ကုိလည္း မီးရႈိ႔ဖ်က္ဆီးသြားခဲ့ပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ ထားပါတယ္။

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႔နယ္ ေျမာက္ပိုင္း၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၇ ထိန္းခ်ဳပ္နယ္ေျမ အတြင္းမွာရွိတဲ့ မိဖာလဲေက်းရြာမွာ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီရဲ႔ တပ္ရင္းမွွဴးအိမ္ကို ၾကာသပေတးညက အမည္မသိ လက္နက္ကိုင္ေတြက ၀င္ေရာက္ပစ္ခတ္ျပီး ေနအိမ္ကုိလည္း မီးရွိဳ႔သြားခဲ့တယ္လို႔ ျပည္သူကာကြယ္ေရးတပ္ဖဲြ႔ က ေခါင္းေဆာင္တဦး ျဖစ္တဲ့ ကိုေစာမြန္ေျပာျပခဲ့ပါတယ္။

" PC က တပ္ရင္းမွဴးအိမ္လို႔ ေျပာတယ္၊ တပ္ရင္းမွဴးအိမ္ကို ဘယ္အဖဲြ႔ကမွန္း မသိတဲ့ သူေတြက မီးရွို႔သြားတယ္။ ဘာအေႀကာင္းေႀကာင့္ရိႈ႕တယ္ ၊ ဘယ္အဖဲြလုပ္တယ္ဆိုတာ အခုခ်ိန္အထိ သတင္းထုတ္ျပန္တာမရွိေသးဘူး။ တပ္ရင္းမွဴးကေတာ့ ထြက္ေျပးသြားတယ္။ သူ႔မိသားစုကေတာ့ ဘာျဖစ္သြားလဲဆိုတာ အခုခ်ိန္ထိေတာ့ အတည္ျပဳလို႔မရေသးဘူး"

လက္နက္ကိုင္အဖဲြ႔တခုက ၀င္ေရာက္ပစ္ခတ္တာေႀကာင့္ ေစာ၀င္းေက်ာ္ရဲ႔ မိသားစု၀င္ေတြနဲ႔ ျငိမ္းခ်မ္းေရး ေကာင္စီတပ္ဖဲြ႔က ရဲေဘာ္တခ်ိဳ႔ ေသဆံုးကုန္တယ္လို႔ ကရင္သတင္းစဥ္မွာ ေဖာ္ျပခဲ့ေပမယ့္ VOAက အတည္ျပဳႏိုင္ဖို႔ ျငိမ္းခ်မ္းေရးေကာင္စီအဖဲြ႔ ကို ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အခုပစ္ခတ္ခံရတဲ့ တပ္ရင္းမွဴးေစာ၀င္းေက်ာ္ နဲ႔ သူရဲ႔အဖဲြ႔ျဖစ္တဲ့ KNU /KNLA ျငိမ္းခ်မ္းေရးေကာင္စီအဖဲြ႔ဟာ စစ္ေကာင္စီရဲ႔ ေဆြးေႏြးပဲြေတြ ညီလာခံေတြကို တက္ေရာက္ေနၾကတဲ့ ကရင္လက္နက္ကိုင္အဖဲြ႔ျဖစ္တယ္လို့လည္း ကိုေစာမြန္ က ေျပာပါတယ္ ။

"သူကေတာ့ NCA လမ္းေႀကာင္းကိုသြားေနတယ္ ။ အခုခ်ိန္ထိ စကစ က ဖိတ္ေခၚတဲ့ေဆြးေႏြးပဲြကုိ သြားေနတယ္ ။ စကစကို သူတုိ႔ဆီက ဘာေတြကမ္းလွမ္းျပီး ဘာေတြရယူေနလဲဆိုတာေတာ့ မေျပာတတ္ဘူး"

ေကာ့ကရိတ္ျမိဳ႔နယ္ထဲမွာ ျပီးခဲ့တဲ့ရက္ပုိင္းအတြင္းက တုိက္ပဲြေတြ ျပင္းထန္းခဲ့ျပီး စစ္ေကာင္စီကလည္း ၃ရက္ဆက္တိုက္ ေလေႀကာင္းကေန အႀကိမ္းေပါင္းမ်ားစြာ ဗံုးႀကဲတုိက္ခိုက္မူေတြလုပ္ခဲ့တာပါ။ ေကအန္ယူ ဘက္ ကေတာ့ ဒီလိုမီးရိႈ႕မူနဲ႔ ပတ္သက္ျခင္းမရွိဘူးလို႔ ေကအန္ယူ က ၀ါရင့္ကရင္ေခါင္းေဆာင္တဦးျဖစ္တဲ့ ဖဒိုေစာသမိန္ထြန္း ကလည္း အခုလိုေျပာပါတယ္။

" ေကအန္ယူ ကေတာ့ က်ေနာ္တုိ႔ ကရင္အမ်ိဳးသားေတြကုိ ရေအာင္စည္းရံုးေနတဲ့ကာလမွာဆိုေတာ့ သူတို႔အိမ္ေတြကို မီးရိႈ႕တာေတြ ဘာေတြလုပ္တာမ်ိဳး က်ေနာ္တုိ႔မလုပ္ဘူး၊ က်ေနာ္တို႔ဆီမွာမရွိဘူး၊ DKBA ခဲြထြက္အဖဲြ႔ေတြဆိုရင္လည္း ဗုိလ္ေက်ာ္သက္ တုိ႔ အုပ္စုေတြေလ။ ဗုိလ္ေက်ာ္သက္တုိ႔အုပ္စုဆိုရင္ေတာ့ က်ေနာ္တို႔ဆီကျပန္ျပီး တာ၀န္ယူထားတယ္၊ဘံုရန္သူကုိ တုိက္ခ်င္တုိက္၊ က်န္တာေတြေတာ့ ဘာမွမလုပ္နဲ႔လို ႔ကုိင္ထားတာပဲဗ်၊သူတို႔အခ်င္းခ်င္းပဲျဖစ္မယ္ သူတို႔အခ်င္ခ်င္းပဲ စီးပြားေရးလု႔ လို႔ျဖစ္ႏိုင္စရာရိွတယ္ က်န္တာေတာ့က်ေနာ္မသိဘူး "

KNU /KNLA ျငိမ္းခ်မ္းေရးေကာင္စီအဖဲြ႔ကို ဗုိလ္ခ်ဳပ္ထိန္ေမာင္ေခါင္းေဆာင္ခဲ့ျပီး ထိုေကာ့ကိုးေနရာမွာအေျခခ်ခဲ့ပါတယ္။ ၂၀၀၇ ခုႏွစ္ ေဖေဖၚ၀ါရီလ (၁၁)ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ထိန္ေမာင္က KNU ကေန ခဲြထြက္ျပီး နအဖအစိုးရနဲ ႔ျငိမ္းခ်မ္းေရးရယူျပီး KNU /KNLA ျငိမ္းခ်မ္းေရးေကာင္စီအဖဲြ႔ကို ဖဲြ႔စည္းခဲ့ပါတယ္

ဖဲြ႔စည္းတဲ့အခ်ိန္ကစျပီး စစ္အစိုးရလက္ထက္ သမၼတဦးသိန္းစိန္လက္ထက္ NLD အစိုးရလက္ထက္ စစ္ေကာင္စီ အာဏာသိ္မ္းထားတဲ့ ကာလအထိ လုပ္ခဲ့တဲ့ ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြမွာ တက္ေရာက္ပါ၀င္ခဲ့ပါတယ္။

တႏို္င္ငံလံုး ပစ္ခတ္တိုက္ခုိက္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ထိုးထားတဲ့ ကရင္လက္နက္ကိုင္ အဖဲြ႔လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်းမှူးအိမ် မီးရှို့ဖျက်ဆီးခံရ

{{Zawgyi/Unicode}}

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ ၊ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော် ရဲ့နေအိမ်ကို အမည်မသိတဲ့ လက်နက်ကိုင်တွေက အောက်တိုဘာလ ၂၇ ရက်နေ့ညက သူ့ရဲ့ မိသားစုဝင်တွေကို ပစ်ခတ်ပြီး အိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ အတွင်းမှာရှိတဲ့ မိဖာလဲကျေးရွာမှာ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ တပ်ရင်းမှူးအိမ်ကို ကြာသပတေးညက အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်ကိုလည်း မီးရှို့သွားခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ က ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုစောမွန်ပြောပြခဲ့ပါတယ်။

" PC က တပ်ရင်းမှူးအိမ်လို့ ပြောတယ်၊ တပ်ရင်းမှူးအိမ်ကို ဘယ်အဖွဲ့ကမှန်း မသိတဲ့ သူတွေက မီးရှို့သွားတယ်။ ဘာအကြောင်းကြောင့်ရှို့တယ် ၊ ဘယ်အဖွဲလုပ်တယ်ဆိုတာ အခုချိန်အထိ သတင်းထုတ်ပြန်တာမရှိသေးဘူး။ တပ်ရင်းမှူးကတော့ ထွက်ပြေးသွားတယ်။ သူ့မိသားစုကတော့ ဘာဖြစ်သွားလဲဆိုတာ အခုချိန်ထိတော့ အတည်ပြုလို့မရသေးဘူး"

လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ပစ်ခတ်တာကြောင့် စောဝင်းကျော်ရဲ့ မိသားစုဝင်တွေနဲ့ ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့က ရဲဘော်တချို့ သေဆုံးကုန်တယ်လို့ ကရင်သတင်းစဉ်မှာ ဖော်ပြခဲ့ပေမယ့် VOAက အတည်ပြုနိုင်ဖို့ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုပစ်ခတ်ခံရတဲ့ တပ်ရင်းမှူးစောဝင်းကျော် နဲ့ သူရဲ့အဖွဲ့ဖြစ်တဲ့ KNU /KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေ ညီလာခံတွေကို တက်ရောက်နေကြတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တယ်လို့လည်း ကိုစောမွန် က ပြောပါတယ် ။

"သူကတော့ NCA လမ်းကြောင်းကိုသွားနေတယ် ။ အခုချိန်ထိ စကစ က ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို သွားနေတယ် ။ စကစကို သူတို့ဆီက ဘာတွေကမ်းလှမ်းပြီး ဘာတွေရယူနေလဲဆိုတာတော့ မပြောတတ်ဘူး"

ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုက်ပွဲတွေ ပြင်းထန်းခဲ့ပြီး စစ်ကောင်စီကလည်း ၃ရက်ဆက်တိုက် လေကြောင်းကနေ အကြိမ်းပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တာပါ။ ကေအန်ယူ ဘက် ကတော့ ဒီလိုမီးရှို့မူနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ ကေအန်ယူ က ဝါရင့်ကရင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဖဒိုစောသမိန်ထွန်း ကလည်း အခုလိုပြောပါတယ်။

" ကေအန်ယူ ကတော့ ကျနော်တို့ ကရင်အမျိုးသားတွေကို ရအောင်စည်းရုံးနေတဲ့ကာလမှာဆိုတော့ သူတို့အိမ်တွေကို မီးရှို့တာတွေ ဘာတွေလုပ်တာမျိုး ကျနော်တို့မလုပ်ဘူး၊ ကျနော်တို့ဆီမှာမရှိဘူး၊ DKBA ခွဲထွက်အဖွဲ့တွေဆိုရင်လည်း ဗိုလ်ကျော်သက် တို့ အုပ်စုတွေလေ။ ဗိုလ်ကျော်သက်တို့အုပ်စုဆိုရင်တော့ ကျနော်တို့ဆီကပြန်ပြီး တာဝန်ယူထားတယ်၊ဘုံရန်သူကို တိုက်ချင်တိုက်၊ ကျန်တာတွေတော့ ဘာမှမလုပ်နဲ့လို့ကိုင်ထားတာပဲဗျ၊သူတို့အချင်းချင်းပဲဖြစ်မယ် သူတို့အချင်ချင်းပဲ စီးပွားရေးလု့ လို့ဖြစ်နိုင်စရာရှိတယ် ကျန်တာတော့ကျနော်မသိဘူး "

KNU /KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဗိုလ်ချုပ်ထိန်မောင်ခေါင်းဆောင်ခဲ့ပြီး ထိုကော့ကိုးနေရာမှာအခြေချခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့မှာ ဗိုလ်ချုပ်ထိန်မောင်က KNU ကနေ ခွဲထွက်ပြီး နအဖအစိုးရနဲ့ငြိမ်းချမ်းရေးရယူပြီး KNU /KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်

ဖွဲ့စည်းတဲ့အချိန်ကစပြီး စစ်အစိုးရလက်ထက် သမ္မတဦးသိန်းစိန်လက်ထက် NLD အစိုးရလက်ထက် စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလအထိ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်ပါဝင်ခဲ့ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG