သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU တပ္မဟာ ၅ နယ္ေျမကုိ ျမန္မာစစ္တပ္ ထုိးစစ္ဆင္ တုိက္ခုိက္ေနဆဲ


ေကအန္ယူတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဇန္နဝါရီ ၃၁၊ ၂၀၁၂)

(Zawgyi / Unicode)

ကရင္ျပည္နယ္ ဖာပြန္ခ႐ုိင္အတြင္းက ေကအန္ယူ တပ္မဟာ ၅ ထိန္းခ်ဳပ္ရာေနရာကို ဧၿပီလ ၁၁ ရက္ေန႔က စစ္ေကာင္စီဘက္က ေလယာဥ္ေတြ ပ်ံဝဲလာၿပီး ပစ္မွတ္ရွာေဖြတာေတြ လုပ္တဲ့အျပင္ အဲဒီေဒသမွာ လက္နက္ႀကီးနဲ႔ ပစ္ေနတာေတြ လုပ္ေနတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္အတြင္း ေကအန္ယူတပ္ေတြ ထိန္းခ်ဳပ္ရာ ဖာပြန္ခ႐ုိင္နဲ႔ ဒူးပလာယာခ႐ုိင္ေတြ အတြင္းမွာ ေလယာဥ္ေတြပ်ံဝဲၿပီး ပစ္မွတ္ရွာတာေတြ လုပ္ေနတဲ့အတြက္ ေဒသခံေတြ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနရေၾကာင္း ေကအန္ယူ တပ္မဟာ ၅ ေဒသက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ေစာကလယ္ဒိုက အခုလိုေျပာျပပါတယ္။

“ဒီေန႔ ဒီမွာ ေန႔လယ္ ၁၁ နာရီမွာ ေလယာဥ္ပ်ံ လာဝဲေသးတယ္။ လာေတာ့မပစ္ေသးဘူး၊ ညေန လာပစ္မလားေတာ့ မသိဘူး။ လာဝဲတယ္။ ေဒပူႏုိခြင္မွာပဲ ပထမတႀကိမ္လာပစ္တဲ့ ေနရာမွာပဲဆုိေတာ့ လူေတြကေတာ့ စိတ္ပူတာေပါ့။ ဒီေန႔ ေလယာဥ္လာဝဲေတာ့ လူေတြကေတာ့ ေဘးလြတ္ရာကို ေရွာင္ေနတာေပါ့။ စစ္တပ္က ကုန္းေၾကာင္းဘက္မွာလည္း လူနဲ႔တက္လာတယ္။ ေလယာဥ္ကေတာ့ ဗံုးႀကဲသြားၿပီးေနာက္ပုိင္း ၂ ရက္ ၃ ရက္တခါ တရက္ ၂ ရက္တခါ လာဝဲေနတယ္။ သူတုိ႔က ဒီလိုလုပ္တာ ၿခိမ္းေျခာက္တဲ့သေဘာလည္း ပါတယ္။ ပစ္မွတ္အတိအက်ကိုလည္း လိုက္ရွာတဲ့သေဘာ ျဖစ္ေနတာေပါ့။”

ဧၿပီလ ၉ ရက္ေန႔ကလည္း ဖာပြန္ခ႐ုိင္ထဲကုိ ေလယာဥ္ေတြနဲ႔ ပ်ံဝဲတာရွိသလို ဖာပြန္ခ႐ုိင္ လူေသာၿမိဳ႕နယ္ ေစာမူပေလာအုပ္စု ဝါကေလထူမွာ အေျခစိုက္ ေနရာယူထားတဲ့ စစ္ေကာင္စီတပ္ေတြျဖစ္တဲ့ တပခ/ခမရ - ၂၀ ကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံေတြ လုပ္ငန္းခြင္ထဲ လက္နက္ႀကီးေတြ လာက်တဲ့အတြက္ ေဒသခံေတြ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနထုိင္္ခဲ့ရတယ္လို႔ ဆုိပါတယ္။ ဒီရက္ပုိင္းမွာပဲ တပ္မဟာ ၆ ထိန္းခ်ဳပ္ရာ ဒူးပလာယာခ႐ုိင္ထဲကို ေလယာဥ္ပ်ံဝဲၿပီး ပစ္မွတ္ရွာတာေတြရွိေၾကာင္း ေကအန္ယူက သတင္းထုတ္ျပန္ထားပါတယ္။

ဖာပြန္ၿမိဳ႕ထဲမွာလည္း လူျမင္ကြင္းမွာပဲ လက္နက္ႀကီးေတြ ေနရာခ်ထားၿပီး ပစ္ခတ္တာေတြ ရွိတယ္လို႔ ဖာပြန္ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ၿမိဳ႕ထဲလည္း သူတို႔က လက္နက္ႀကီးနဲ႔ ပစ္ထည့္ထည့္ေနတယ္။ ၿမိဳ႕ထဲရဲ႕ ျပည္သူ႕ေဆး႐ုံႀကီးအေဟာင္းဘက္မွာ လက္နက္ႀကီးေတြ ေထာင္ထားတယ္။ ေခ်ာင္းကမ္းနားေဘး ယြန္းစလင္းေခ်ာင္းဘက္မွာလည္း လက္နက္ႀကီးေတြ ေထာင္ထားတယ္။”

ဖာပြန္ၿမိဳ႕ေပၚမွာေတာ့ အင္တာနက္ျဖတ္တာ မီးျဖတ္တာအျပင္ သတင္းၾကည့္တဲ့ စေလာင္းေတြကို လိုက္သိမ္းတာေတြ လုပ္ေနတယ္လို႔လည္း ဆိုပါတယ္။

“သူမ်ားဖုန္းဆိုင္ေတြက ဖုန္းေတြလည္း ယူသြားတယ္။ စစ္တပ္ကယူတာ။ ဖုန္းေတြလည္း ယူသြားတယ္။ စေလာင္းေတြလည္း လုိက္သိမ္းတယ္။ ဆုိလာျပားေတြလည္း သယ္သြားတယ္။ ဆန္အိတ္ေတြလည္း ယူသြားတယ္။ အဲဒီလိုေတြ လုပ္ေနတာ။”

ဖာပြန္ခ႐ုိင္ထဲမွာေတာ့ ၿမိဳ႕ေပၚလူထုလည္း ဗံုးခိုက်င္းေတြတူးၿပီး ေဘးလြတ္ရာ ေနထုိင္ေနရသလို ေက်းရြာလူထုကေတာ့ ေတာေတာင္ေတြထဲ ထြက္ေျပးေနထုိင္ေနရပါတယ္။ မတ္လ ၂၇ ရက္ေန႔နဲ႔ ၂၈ ရက္ေန႔မွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ တပ္ေတြက ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ ေက်းရြာေတြက ေဒသခံေတြ ေသဆံုးတာ ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာရတာအျပင္ ျပည္တြင္း အိုးအိမ္မဲ့ ဒုကၡသည္ေတြအျဖစ္ လူဦးေရ ၁၂,၀၀၀ ခန္႔ဟာ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနထုိင္ေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

KNU တပ်မဟာ ၅ နယ်မြေကို မြန်မာစစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရာနေရာကို ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီဘက်က လေယာဉ်တွေ ပျံဝဲလာပြီး ပစ်မှတ်ရှာဖွေတာတွေ လုပ်တဲ့အပြင် အဲဒီဒေသမှာ လက်နက်ကြီးနဲ့ ပစ်နေတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်း ကေအန်ယူတပ်တွေ ထိန်းချုပ်ရာ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေ အတွင်းမှာ လေယာဉ်တွေပျံဝဲပြီး ပစ်မှတ်ရှာတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရကြောင်း ကေအန်ယူ တပ်မဟာ ၅ ဒေသက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက အခုလိုပြောပြပါတယ်။

“ဒီနေ့ ဒီမှာ နေ့လယ် ၁၁ နာရီမှာ လေယာဉ်ပျံ လာဝဲသေးတယ်။ လာတော့မပစ်သေးဘူး၊ ညနေ လာပစ်မလားတော့ မသိဘူး။ လာဝဲတယ်။ ဒေပူနိုခွင်မှာပဲ ပထမတကြိမ်လာပစ်တဲ့ နေရာမှာပဲဆိုတော့ လူတွေကတော့ စိတ်ပူတာပေါ့။ ဒီနေ့ လေယာဉ်လာဝဲတော့ လူတွေကတော့ ဘေးလွတ်ရာကို ရှောင်နေတာပေါ့။ စစ်တပ်က ကုန်းကြောင်းဘက်မှာလည်း လူနဲ့တက်လာတယ်။ လေယာဉ်ကတော့ ဗုံးကြဲသွားပြီးနောက်ပိုင်း ၂ ရက် ၃ ရက်တခါ တရက် ၂ ရက်တခါ လာဝဲနေတယ်။ သူတို့က ဒီလိုလုပ်တာ ခြိမ်းခြောက်တဲ့သဘောလည်း ပါတယ်။ ပစ်မှတ်အတိအကျကိုလည်း လိုက်ရှာတဲ့သဘော ဖြစ်နေတာပေါ့။”

ဧပြီလ ၉ ရက်နေ့ကလည်း ဖာပွန်ခရိုင်ထဲကို လေယာဉ်တွေနဲ့ ပျံဝဲတာရှိသလို ဖာပွန်ခရိုင် လူသောမြို့နယ် စောမူပလောအုပ်စု ဝါကလေထူမှာ အခြေစိုက် နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပခ/ခမရ - ၂၀ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ လုပ်ငန်းခွင်ထဲ လက်နက်ကြီးတွေ လာကျတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ တပ်မဟာ ၆ ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲကို လေယာဉ်ပျံဝဲပြီး ပစ်မှတ်ရှာတာတွေရှိကြောင်း ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဖာပွန်မြို့ထဲမှာလည်း လူမြင်ကွင်းမှာပဲ လက်နက်ကြီးတွေ နေရာချထားပြီး ပစ်ခတ်တာတွေ ရှိတယ်လို့ ဖာပွန်မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲလည်း သူတို့က လက်နက်ကြီးနဲ့ ပစ်ထည့်ထည့်နေတယ်။ မြို့ထဲရဲ့ ပြည်သူ့ဆေးရုံကြီးအဟောင်းဘက်မှာ လက်နက်ကြီးတွေ ထောင်ထားတယ်။ ချောင်းကမ်းနားဘေး ယွန်းစလင်းချောင်းဘက်မှာလည်း လက်နက်ကြီးတွေ ထောင်ထားတယ်။”

ဖာပွန်မြို့ပေါ်မှာတော့ အင်တာနက်ဖြတ်တာ မီးဖြတ်တာအပြင် သတင်းကြည့်တဲ့ စလောင်းတွေကို လိုက်သိမ်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

“သူများဖုန်းဆိုင်တွေက ဖုန်းတွေလည်း ယူသွားတယ်။ စစ်တပ်ကယူတာ။ ဖုန်းတွေလည်း ယူသွားတယ်။ စလောင်းတွေလည်း လိုက်သိမ်းတယ်။ ဆိုလာပြားတွေလည်း သယ်သွားတယ်။ ဆန်အိတ်တွေလည်း ယူသွားတယ်။ အဲဒီလိုတွေ လုပ်နေတာ။”

ဖာပွန်ခရိုင်ထဲမှာတော့ မြို့ပေါ်လူထုလည်း ဗုံးခိုကျင်းတွေတူးပြီး ဘေးလွတ်ရာ နေထိုင်နေရသလို ကျေးရွာလူထုကတော့ တောတောင်တွေထဲ ထွက်ပြေးနေထိုင်နေရပါတယ်။ မတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတွေက ဒေသခံတွေ သေဆုံးတာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရတာအပြင် ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေအဖြစ် လူဦးရေ ၁၂,၀၀၀ ခန့်ဟာ တောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG