သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ထိန်းချုပ်နယ်မြေထဲ ဝင်လာတဲ့စစ်တပ်ကို KNU တိုက်ခိုက်


ကေအင်ယူတပ်ဖွဲ့များ (ဇန်နဝါရီလ၊၃၁၊၂၀၂၁)
ကေအင်ယူတပ်ဖွဲ့များ (ဇန်နဝါရီလ၊၃၁၊၂၀၂၁)

{{Zawgyi/Unicode}}

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း ကေအန်ယူတပ်မဟာ၆ ထိမ်းချုပ်ရာနယ်မြေ ကျိုက်ဒုံလမ်းမနားက မောင်းမရွာသစ်မှာ ကေအန်ယူ နဲ့ မြန်မာစစ်တပ်တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းကို မအေးအေးမာ က ပြောပြပါမယ် ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်း ကေအန်ယူတပ်မဟာ၆ ထိမ်းချုပ်ရာနေရာမှာ မြန်မာစစ်တပ်ဘက်အင်အားနဲ့ ဝင်ရောက်လာတဲ့အတွက် ကေအန်ယူတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်သတင်းစဉ်ရဲ့အယ်ဒီတာချုပ် နန်းဖောဂေ ကအခုလိုပြောပြပါတယ်။

"ကရင်ပြည်နယ်တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် နယ်မြေအရတော့ ကော့ကရိတ်တောင်ပိုင်း မောင်းမရွာသစ်ဖက်မှာ ကေအန်ယူ ထိမ်းချုပ်တဲ့နေရာဖြစ်နေတာပေါ့။ အဲဒီမှာ စစ်တပ်ကလာမယ်ပြောတယ်။ ကေအန်ယူတပ်မဟာ၆ က တော့ အထက်က စစ်တပ်ဘက်ကလာမယ်လို့ကြိုတင်ပြောထားတာမရှိတော့ နယ်မြေကျော်တဲ့အခါမှာတော့ ထိတွေ့ပစ်ခတ်မူတွေဖြစ်သွားတယ်"။

ရွာသားတချို့ရဲ့ပြောကြားချက်တွေအရ အကြမ်းမဖက်အာခံတဲ့ ဝန်ထမ်းတွေကို စစ်တပ်ဘက်က လိုက်လံဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ အခုပစ်ခတ်မူတွေဖြစ်ပွားခဲ့တဲ့နေရာက လူထုတွေဟာမြို့ပေါ်တက်ပြီးဆန္ဒပြတာတွေကိုဆက်တိုက်လုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။

"အခုပစ်ခတ်မူဖြစ်ပွားတဲ့နေရာက ကော့ကရိတ်မြို့နယ် မောင်းမရွာသစ်ပေါ့ အဲဒီရွာက ရွာသူရွာသားတွေက ကော့ကရိတ်မြို့ပေါ်တက်ပြီး စစ်အာဏာရှင်အလိုမရှိဘူးဆိုပြီး ဆန္ဒထုတ်ဖော်တာပေါ့။ ဒီနေ့လည်းဆန္ဒထုတ်ဖော်မူရှိတယ်။ ကျမတို့ဆက်သွယ်လို့ရတဲ့ အဲဒီရွာကဆန္ဒထုတ်ဖော်တဲ့လူငယ်တယောက်ကတောေ့ပြာတယ်။ ကော့ကရိတ်မြို့ပေါ်တက်ပြီးဆန္ဒထုတ်ဖော်တယ်ပြောတယ်။ အဲဒီရွာကလူတွေက မြို့ပါ်ကလူတွေနဲ့ပေါင်းပြီးဆန္ဒထုတ်ဖော်တာရှိတယ်"

ကရင်ပြည်နယ်ကော့ကရိတ်မြို့မှာ ထိတွေ့ပစ်ခတ်မူ့ သတင်းမှန်ကန်ကြောင်း ကေအန်ယူ တွဲဘက်အတွင်ရေးမှူး (၂) ဖဒိုစောလှထွန်းကတော့ပြောပြပါတယ်။

"ထိတွေ့မူ့ဖြစ်တယ်ဆိုတာတော့မှန်တယ် ကျနော်တို့လှမ်းမေးတော့ပစ်ခတ်တယ်ပြောတယ်
အသေးစိတ်ကိုတော့မသိရသေးဘူးလို့ KNU ကဆိုပါတယ်"။

ကရင်ပြည်နယ်မှာလည်း မြို့ပေါ်သာမက ရွာတွေအထိဆန္ဒထုတ်ဖော်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ ကရင်ရွာပေါင်း ၃၀ကျော်က ကျေးရွာသားတွေမြဝတီမြို့မှ ာဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့တော့ ကေအန်ယူက သူနယ်မြေအတွင်း ရွာသားတွေကိုဝန်းရံပေးခဲ့ပါတယ်ရှင်။

.................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





"အခုပဈခတျမူဖွဈပှားတဲ့နရောက ကော့ကရိတျမွို့နယျ မောငျးမရှာသဈပေါ့ အဲဒီရှာက ရှာသူရှာသားတှကေ ကော့ကရိတျမွို့ပေါျတကျပွီး စဈအာဏာရှငျအလိုမရှိဘူးဆိုပွီး ဆန်ဒထုတျဖောျတာပေါ့။ ဒီနေ့လညျးဆန်ဒထုတျဖောျမူရှိတယျ။ ကမြတို့ဆကျသှယျလို့ရတဲ့ အဲဒီရှာကဆန်ဒထုတျဖောျတဲ့လူငယျတယောကျကတောေ့ပွာတယျ။ ကော့ကရိတျမွို့ပေါျတကျပွီးဆန်ဒထုတျဖောျတယျပွောတယျ။ အဲဒီရှာကလူတှကေ မွို့ပါျကလူတှနေဲ့ပေါငျးပွီးဆန်ဒထုတျဖောျတာရှိတယျ"




XS
SM
MD
LG