သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕အနီး တိုက္ပြဲျပင္းထန္


ေလးေက့ေကာ္အနီး ေမတၱာလင္းၿမိဳင္ တိုက္ပဲြျမင္ကြင္း။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - Kahsaw Wah)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ထဲက ေမတၱာလင္းၿမိဳင္နဲ႔ မဲ့ေထာ္သေလး ေနရာၾကားမွာ စစ္ေကာင္စီတပ္နဲ႔ KNLA၊ PDF ပူးေပါင္းတပ္မ်ား ဒီဇင္ဘာလ ၁၉ ရက္ေန႔ ေန႔လယ္ကစၿပီး တိုက္ပြဲျပင္းထန္ေနပါတယ္။ စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ေဒသခံေတြ ခိုလႈံေနတဲ့ ျမန္မာဘုန္းေတာ္ႀကီးတေက်ာင္းေပၚကုိ လက္နက္ႀကီးက်ည္ က်ေရာက္ၿပီး အသက္ ၆၀ အရြယ္ စစ္ေဘးေရွာင္တဦး ဒဏ္ရာျပင္းထန္စြာ ရခဲ့တယ္လို႔ ပူးေပါင္းတပ္ဖဲြ႔ေတြက ဆုိပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္ ေလးေက့ေကာ္ၿမိဳ႕သစ္ထဲက လႊတ္ေတာ္အမတ္ ၂ ဦး အပါအဝင္ တက္ႂကြလႈပ္ရွားသူေတြကို စစ္ေကာင္စီတပ္ေတြက လာေရာက္ဖမ္းဆီးတာေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ ကရင္ျပည္နယ္အတြင္း ေကအန္ယူတပ္ေတြျဖစ္တဲ့ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)၊ ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ (KNDO) နဲ႔ ကရင္ျပည္နယ္တြင္းက ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) စတဲ့ ပူးေပါင္းတပ္ေတြဟာ စစ္ေကာင္စီတပ္ေတြနဲ႔ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစၿပီး တိုက္ပဲြေတြ ျဖစ္ေနပါတယ္။

ေလးေက့ေကာ္ၿမိဳ႕သစ္အျပင္ အနီးနားက မဲ့ေထာ္သေလးေနရာကို တပ္စဲြ ေနရာယူလာတဲ့ စစ္ေကာင္စီတပ္ေတြကို ပူးေပါင္းတပ္ဖဲြ႔ေတြက ထုိးစစ္ဆင္ တုိက္ခိုက္မႈေတြ ဆက္လုပ္လာပါတယ္။ ဒီဇင္ဘာလ ၁၉ ရက္ေန႔ တုိက္ပဲြမွာေတာ့ ႏွစ္ဖက္ ပစ္ခတ္မႈေတြ ျပင္းျပင္းထန္ထန္ ျဖစ္ေနတယ္လို႔ ဆုိပါတယ္။ ဒီေန႔မွာေတာ့ စစ္ေကာင္စီဘက္ကေန ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္က ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းကို က်ခဲ့ၿပီး ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနတဲ့ ေဒသခံ စစ္ေဘးေရွာင္တဦးကို ထိမွန္သြားလို႔ ဒဏ္ရာျပင္းထန္စြာ ရခဲ့တယ္လို႔ Medical Team မွာ တာဝန္ယူထားတဲ့ ပူးေပါင္းတပ္ဖဲြ႔ဝင္တဦးက ေျပာပါတယ္။

“ေလာေလာဆယ္ ဒီေန႔အေျခအေနကေတာ့ ေမတၱာလင္းၿမိဳင္ကုန္းဘက္ကုိ က်ေနာ္တို႔ဘက္က တက္သိမ္းေနၿပီ။ အရင္ဦးဆံုး ဒီဘက္ကေန စရင္ ေလးေက့ေကာ္ရွိတယ္၊ ၿပီးေတာ့ ပဟိကေလာ္၊ ၿပီးေတာ့ မဲ့ေထာ္သေလး၊ အဲဒါၿပီးမွ ေမတၱာလင္းၿမိဳင္၊ အဲဒါဆိုေတာ့ ျမဝတီနဲ႔ အရမ္းကပ္သြားၿပီ။ အဲဒီေနရာကို EAO ဘက္က တက္သိမ္းေနတဲ့ အေနအထားပါ။ အခုနာရီဝက္ အတြင္းမွာပဲ ဆက္တိုက္ပစ္ေနပါတယ္။ သူတို႔ဘက္ကပစ္တဲ့ အေျမာက္ဆန္ေၾကာင့္ ျမန္မာဘုန္ေတာ္ႀကီးေက်ာင္းကို က်လို႔ ေဒသခံတေယာက္ေတာ့ ဒဏ္ရာရထားတယ္။ ခုနပဲ အသည္းအသန္ ေျပးၿပီး ကယ္ထုတ္ရတယ္။ အသက္ ၆၀ ေလာက္ရွိတဲ့ အမ်ိဳးသားတဦးပါ။”

လက္ရွိအခ်ိန္ထိ ျမဝတီၿမိဳ႕ ေတာင္ဘက္မွာရွိတဲ့ ေလးေက့ေကာ္ၿမိဳ႕သစ္အနီး ေမတၱာလင္းၿမိဳင္နဲ႔ မဲ့ေထာ္သေလးဆိုတဲ့ ေနရာၾကားမွာ တုိက္ပဲြေတြ ျပင္းထန္ေနတာပါ။ ေလးေက့ေကာ္ၿမိဳ႕သစ္ ေနရာကို စစ္ေကာင္စီတပ္ေတြက ဆုတ္ခြာသြားၿပီး ပူးေပါင္းတပ္ဖဲြ႔ေတြက ထိန္းခ်ဳပ္ထားေပမယ့္ ေမတၱာလင္းၿမိဳင္နဲ႔ ေက်ာက္လံုးႀကီးေနရာကေန စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြနဲ႔ ပစ္ေနတ့ဲ့အတြက္ ေဒသခံေတြဟာ ေနရပ္ျပန္လုိ႔ မရေသးပါဘူး။

ဒီကေန႔မွာပဲ စစ္ေဘးေရွာင္ထဲကတဦး ျပင္းထန္စြာ ထိိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြဘက္က နယ္ျခားေစာင့္ BGF တပ္ေတြက ပူးေပါင္းၿပီး တိုက္ေနသလို ဒီဘက္မွာလည္း ကရင့္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြ ပူးေပါင္းတိုက္ေနၾကပါတယ္။ ကရင္ျပည္နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ကေတာ့ ျပည္နယ္တခုလံုး အတိုင္းအတာနဲ႔ တိုက္ပဲြလုပ္ေတာ့မွာျဖစ္ေၾကာင္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေတာ့မွာမို႔ ဘားအံ-ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီးနဲ႔ ဘားအံ-ေကာ့ကရိတ္-ၾကာအင္းဆိပ္ႀကီး-ဘုရားသုံးဆူလမ္းအထိ ျပည္သူေတြ စစ္ေရးသတိနဲ႔သာ သြားလာၾကဖို႔ ထုတ္ျပန္ထားပါတယ္။

ကရင္ျပည္နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ဟာ စစ္ေကာင္စီက စစ္အာဏာသိမ္းလိုက္ၿပီးကတည္းက စတင္ဖဲြ႔စည္းထားတာျဖစ္ၿပီး NCA တႏိုင္ငံလံုး ပစ္ခတ္တုိက္ခတ္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ထိုးထားတဲ့ ေကအန္ယူနယ္ေျမထဲမွာ စစ္ေရးလႈပ္ရွားမႈေတြကို မလုပ္ခဲ့ပါဘူး။ အခုအခါမွေတာ့ ေလးေက့ေကာ္ ျဖစ္စဥ္ေၾကာင့္ ေကအန္ယူလက္ေအာက္ခံ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ေတြနဲ႔အတူ ကရင္ျပည္နယ္အတြင္းမွာ ပူးေပါင္းတုိက္ေနတာ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဒီေန႔တုိက္ပဲြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး တိုက်ပွဲပြင်းထန်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မေတ္တာလင်းမြိုင်နဲ့ မဲ့ထော်သလေး နေရာကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်များ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ခိုလှုံနေတဲ့ မြန်မာဘုန်းတော်ကြီးတကျောင်းပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပြီး အသက် ၆၀ အရွယ် စစ်ဘေးရှောင်တဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်ထဲက လွှတ်တော်အမတ် ၂ ဦး အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ကရင်ပြည်နယ်အတွင်း ကေအန်ယူတပ်တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) နဲ့ ကရင်ပြည်နယ်တွင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စတဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

လေးကေ့ကော်မြို့သစ်အပြင် အနီးနားက မဲ့ထော်သလေးနေရာကို တပ်စွဲ နေရာယူလာတဲ့ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်လာပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲမှာတော့ နှစ်ဖက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က မြန်မာဘုန်းတော်ကြီးကျောင်းကို ကျခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံ စစ်ဘေးရှောင်တဦးကို ထိမှန်သွားလို့ ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ Medical Team မှာ တာဝန်ယူထားတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“လောလောဆယ် ဒီနေ့အခြေအနေကတော့ မေတ္တာလင်းမြိုင်ကုန်းဘက်ကို ကျနော်တို့ဘက်က တက်သိမ်းနေပြီ။ အရင်ဦးဆုံး ဒီဘက်ကနေ စရင် လေးကေ့ကော်ရှိတယ်၊ ပြီးတော့ ပဟိကလော်၊ ပြီးတော့ မဲ့ထော်သလေး၊ အဲဒါပြီးမှ မေတ္တာလင်းမြိုင်၊ အဲဒါဆိုတော့ မြဝတီနဲ့ အရမ်းကပ်သွားပြီ။ အဲဒီနေရာကို EAO ဘက်က တက်သိမ်းနေတဲ့ အနေအထားပါ။ အခုနာရီဝက် အတွင်းမှာပဲ ဆက်တိုက်ပစ်နေပါတယ်။ သူတို့ဘက်ကပစ်တဲ့ အမြောက်ဆန်ကြောင့် မြန်မာဘုန်တော်ကြီးကျောင်းကို ကျလို့ ဒေသခံတယောက်တော့ ဒဏ်ရာရထားတယ်။ ခုနပဲ အသည်းအသန် ပြေးပြီး ကယ်ထုတ်ရတယ်။ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားတဦးပါ။”

လက်ရှိအချိန်ထိ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်အနီး မေတ္တာလင်းမြိုင်နဲ့ မဲ့ထော်သလေးဆိုတဲ့ နေရာကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ လေးကေ့ကော်မြို့သစ် နေရာကို စစ်ကောင်စီတပ်တွေက ဆုတ်ခွာသွားပြီး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပေမယ့် မေတ္တာလင်းမြိုင်နဲ့ ကျောက်လုံးကြီးနေရာကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အတွက် ဒေသခံတွေဟာ နေရပ်ပြန်လို့ မရသေးပါဘူး။

ဒီကနေ့မှာပဲ စစ်ဘေးရှောင်ထဲကတဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဘက်က နယ်ခြားစောင့် BGF တပ်တွေက ပူးပေါင်းပြီး တိုက်နေသလို ဒီဘက်မှာလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်နေကြပါတယ်။ ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ တိုက်ပွဲလုပ်တော့မှာဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တော့မှာမို့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဘားအံ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းအထိ ပြည်သူတွေ စစ်ရေးသတိနဲ့သာ သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီက စစ်အာဏာသိမ်းလိုက်ပြီးကတည်းက စတင်ဖွဲ့စည်းထားတာဖြစ်ပြီး NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့ ကေအန်ယူနယ်မြေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေကို မလုပ်ခဲ့ပါဘူး။ အခုအခါမှတော့ လေးကေ့ကော် ဖြစ်စဉ်ကြောင့် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေနဲ့အတူ ကရင်ပြည်နယ်အတွင်းမှာ ပူးပေါင်းတိုက်နေတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG