သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ချိမှု ကန် ထောက်ခံ


တောင်မြောက်ကိုရီးယားနယ်စပ်ကို တောင်ကိုရီးယားဘက်ကကြည့်ရှုနေစဉ် (ဇွန် ၉၊ ၂၀၂၄)
တောင်မြောက်ကိုရီးယားနယ်စပ်ကို တောင်ကိုရီးယားဘက်ကကြည့်ရှုနေစဉ် (ဇွန် ၉၊ ၂၀၂၄)

မြောက်ကိုရီးယားအကြောင်း စာစောင်တွေပါတဲ့ မိုးပျံပူဖောင်းကို တောင်ကိုရီးယားဖက်က လွှတ်တင်ပြီး အချက်အလက်ဖြန့်ဖြူးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာတွေ အပါအဝင် ပြင်ပကအချက်အလက်တွေကို မြောက်ကိုရီးယားပြည်သူတွေဆီ ရောက်ရှိအောင် လုပ်ဆောင်နေမှုကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ကိုရီးယား၂ နိုင်ငံကြား မိုးပျံပူဖောင်းတွေ အပြန်အလှန် ပို့နေကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရီးယားကျွန်းဆွယ်မှာ ၂ နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့တာပါ။ မြောက်ကိုရီးယားအစိုးရရဲ့ ထိန်းချုပ်မှုနဲ့ ကင်းလွတ်တဲ့ သီးခြားအချက်အလက်တွေကို မြောက်ကိုရီးယားပြည်သူတွေ ရရှိဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက VOA ရဲ့ စုံစမ်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ညှိနှိုင်းပြောဆိုမှုကို လိုလားတဲ့ တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ်ပါတီကတော့ အခုလို စာစောင်တွေပို့တာကို ဆန့်ကျင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ ဖိနှိပ်မှု အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး အာဏာရပါတီကို ထိပါးစေမယ့် အချက်အလက်တွေ ပြည်သူတွေဆီ မရောက်အောင် ပိတ်ပင်ထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG