သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကွတ်ခိုင် အရပ်သားသေဆုံးမှု မြောက်ပိုင်းမဟာမိတ်လက်ချက်လို့ တပ်မတော် ပြန်စွပ်စွဲ


စစ်ပွဲကြောင့် ဒဏ်ရာရ ဒေသခံတဦး
စစ်ပွဲကြောင့် ဒဏ်ရာရ ဒေသခံတဦး

သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ် မော်ဟစ်စုစည်းရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ မနေ့ကရက်စွဲနဲ့ ဖေါ်ပြထားပါတယ်။

ကွတ်ခိုင်မြို့နဲ့ အစိုးရစစ်တပ်နယ်မြေခံ တပ်ဖွဲ့တွေကို လက်နက်ကြီးတွေနဲ့ ၂ နေရာကနေ ပစ်ခတ်ရာမှာ အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့ လက်နက်ကိုင်အဖွဲ့တွေဘက်ကနေ အင်တာနက် စာမျက်နှာကနေတဆင့် ဒါဟာ တပ်မတော်ရဲ့လက်ချက်ဖြစ်တယ်လို့ သတင်းမှားတွေ ထုတ်ပြန်ခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကွတ်ခိုင်မြို့အရှေ့မြောက်ဘက် မန်ထန်ရွာနဲ့ အနောက်တောင်ဘက် ပန်ဆေးရွာနားကနေ ပစ်ခတ်ရာမှာ မော်ဟစ်စုစည်းကျေးရွာဟာ ကျည်လမ်းကြောင်းပေါ်မှာ ရှိတာကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွါးပြီးချိန်မှာတော့ ဖေ့စ်ဘွတ် လူမှုကွန်မှာ မပေါက်ကွဲဘဲ မြေမှာ စိုက်ဝင်နေတဲ့ အစိုးရစစ်တပ်ကထုတ်တယ်ဆိုတဲ့ ဗုံးသီးဓါတ်ပုံတွေပေါ်ထွက်လာပြီး ဒါဟာ လုပ်ကြံဖန်တီးမှုသာဖြစ်တယ်ဆိုလို့ တပ်မတော်ထုတ်ပြန်ချက်မှာ ငြင်းထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ကတော့ အရပ်သားတွေသေဆုံးတာဟာ ကွတ်ခိုင်အခြေစိုက် တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG