သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကြောင့် ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း ပိတ်ထား 


 ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း (MOI)
ကျောက်တော်စိုက်ပျိုးရေးသိပ္ပံကျောင်း (MOI)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအရ ကျောက်တော်စိုက်ပျိုးရေး သိပ္ပံကျောင်းကို ယာယီပိတ်ထား ရတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။ ဒါအပြင် ပညာရေး ဝန်ထမ်းတွေကလဲ ထိခိုက်မှုတွေ ရှိနေသလို လုံခြုံမှုကင်းမဲ့တဲ့အခြေအနေကြောင့် တာဝန်ထမ်းဆောင်ဖို့ ဝန်လေးနေ ကြပါတယ်။ ပဋိပက္ခဖြစ်ပွားရာရခိုင်ဒေသအတွင်း တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းတွေအတွက် အထုူးအခွင့်အရေး ပေးထားရတယ်လို့ ပညာရေးဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပညာသင်ကြားရေးအခက်ခဲရှိလာနေသလို တချို့ကျောင်းတွေ ဆို ပိတ်ထားရတဲ့အခြေအနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်မှာဖြစ်ခဲ့တဲ့ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား(၄၀၀) ကျော်ရှိတဲ့ ကျောက်တော်စိုက်ပျိုး ရေးသိပ္ပံကျောင်းကို ယာယီပိတ်ထားရတယ်လို့ ကျောက်တော်မြို့နယ်မဲဆန္ဒ နယ် ကပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။

“စိုက်ပျိုးရေးသိပ္ပံကျောင်းပိတ်ထားတော ပြန်ခိုင်းထားတယ်လို့ပြောရမှာပေါ့ဗျာ။ နိ့မို့ဆို အသက်အန္တရာယ်ရှိတောင်မှ ဖြစ်နိုင်တဲ့အခြေအနေရှိတယ် ဆိုတော့ ဆရာဆရာမတွေလည်း စိုးရိမ်ကြတာပေါ့။ အဲဒီအနားမှာမကြာခဏဆိုသလို တပ်မ တော်ကလာပြီးနေရာယူတာတို့ ကျောင်းဝင်းထဲလာနေတာတို့ရှိတဲ့အခါကျတော့လေ။ စိုးရိမ်ပြီးတော့ ဒါလောလော ဆယ် နားထားလိုက်ပါဆိုပြီးတော့မှ ညွှန်ကြားတယ်ဆိုလားဘာလားဘဲ။ အခုလောလောဆယ်ဆယ်တော့ ကလေးတွေ ကို တော့ပြန်လွှတ်ထားတယ်။ တချို့ဆရာဆရာမတွေလဲ စစ်တွေကို ပို့ထားလိုက်တယ်။ ဒီလို အခြေအနေမျိုးတွေ ရှိတယ်။”

ဒီဇင်ဘာလကုန်က ကျောက်တော်မြို့အတွင်းပစ်ခတ်မှုမှာ စိုက်ပျိုး ရေးသိပ္ပံကျောင်းရဲ့ အမိုးအကာတွေ လက်နက် ကျည်ထိမှန်မှုတွေရှိခဲ့ပါတယ်။

ဒါအပြင်ဒီပစ်ခတ်မှုမှာ ကျောင်းဆရာမတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

“ဒီဇင်ဘာ(၃၀)မှာ ည(၇)နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ရော သေနတ်တွေနဲ့ပါ ကျွန်တော်တို့ နာရီဝက် နီးပါးပစ်တယ်ပေါ့။ အဲဒီမှာအသက်(၈၀)လောက်အဖွားကြီးတယောက်ရယ် နောက်ပြီးတော့ ဆရာမ တယောက်ရယ် နှစ်ယောက် ဒဏ်ရာရတာပေါ့။ သူတို့နှစ်ယောက်ကတော့လောလောဆယ်အထိ ဆေးကုသမှု ခံယူနေရတဲ့ အခြေအနေရှိတယ်ပေါ့။”

ကျောက်တော်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှူမှာ တပ်မတော်ဘက်က ရခိုင်လက်နက်ကိုင် အဖွဲ့ပစ်ခတ်တာလို့ ပြောဆို ထားသလိုAAဖက်ကတော့ သူတို့နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်နေတဲ့ စစ်ရေးအခြေအနေကြောင့် ပညာရေး အပါအဝင် တခြားကဏ္ဍတွေမှာလဲ စိုးရိမ်စရာ အနေအထားမှာရှိနေပါတယ်။ လက်ရှိ အခြေအနေမှာ ပညာရေးဝန်ထမ်းတွေအနေနဲ့ရခိုင်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်ဖို့ ဝန်လေးလာတဲ့ အနေအထားမှာ ရှိနေပါတယ်။

မောင်တောခရိုင် ပညာရေးမှူးဦးခင်အောင်ကတော့ ပဋိပက္ခဖြစ်ပွားရာဒေသမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ တွေအတွက် တာဝန်ထမ်းဆောင်မယ့် ကာလကို ဒေသအလိုက် သတ်မှတ်ပေးထားတယ်လို့ပြောပါတယ်။

“ဖြစ်တဲ့အချိန်ကျတော့ ကျွန်တော်တို့မသွားဘဲနေတာပေါ့။ ငြိမ်းလို့ရှိရင်တော့ အဲဒီလိုဆရာ၊ ဆရာမတွေ သွားကြပါတယ်။ ကျွန်တော်တို့ မောင်တောဘူးသီးတောင်ကျတော့ ဒေသအလိုက်လစာ(၂)ဆခံစားခွင့် အထူးဒေသပေါ့။ အဲဒီဒေသ ကို တော့တနှစ်နေလို့ရှိရင် ကျွန်တော်တို့ပြောင်းပေးပါတယ်။ တနှစ်နေလို့ရှိရင် ကိုယ်နေတဲ့နေရာကို လျှောက်လိုက်ပြီး အဲဒီနေရာမှာ နေရာလွတ်ရှိရင်ကိုပြောင်းခွင့်ပြုပါတယ်။ ကျန်တဲ့ဒေသတွေကျတော့ (၂)နှစ်ပေါ့ ဘူးသီးတောင် မောင်တော မဟုတ်လို့ရှိရင်။”

စစ်ရေးပဋိပက္ခကာလအတွင်း ပညာရေးဝန်ထမ်းတချို့ကိုလဲ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်ကနေဖမ်းဆီးမှုတွေရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ၊ သြဂုတ်လမှာ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာတိုက်ပွဲအပြီး ကျောင်းဆရာတဦးနဲ့ စိုင်းဒင်တံတားတိုက်ပွဲဖြစ်ပွါးအပြီး ကျောင်းဆရာတဦး အပေါင်း(၂)ဦး ကိုမြန်မာစစ်တပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။ ဒီကျောင်းဆရာနှစ်ဦးကိုဒီဇင်ဘာလမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တနှစ်ကြာ-ဆက်တိုက် ဖြစ်ပွားနေတဲ့ စစ်ပွဲအပေါ် ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ရခိုင်ကျောင်းသား များသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)တို့ကနေ လေ့လာသုံးသပ်ချက် စာတန်းတခုကို ဒီကနေ့မှာထုတ်ပြန်ခဲ့ပါတယ်။

တနှစ်နီးပါးရှိလာတဲ့ ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေထိခိုက်သေဆုံး အဖမ်းဆီးခံရမှုရှိ နေတဲ့ အခြေအနေကို ရခိုင်ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မီတီ ကိုသော်ဇင်ထွန်းက အခုလိုပြောပါတယ်။

“တနှစ်ကြာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာ သေဆုံးတာ ဒါမှမဟုတ် သတ်ဖြတ်ခံရတဲ့ အရပ်သားတွေကတော့ (၁၂၀) ဝန်းကျင်လောက်ရှိတယ်ခင်ဗျ။ ထိခိုက်ဒဏ်ရာရရှိမှုတွေကတော့ စုစုပေါင်းလိုက်မယ်ဆိုရင် (၂၃၀)ဝန်းကျင်ရှိတယ်ခင်ဗျ။ ဖမ်းဆီးခံရမှုအရေအတွက်က ပြန်လွှတ်လာတာရော၊ ပြန်မလွှတ်လာဘဲ အစပျောက်နေတာရော စုစုပေါင်း(၆၀၀)ဝန်းကျင် (၇၀၀)လောက်ရှိတယ်ခင်ဗျ။”

ဒီစာတန်းမှာ ရခိုင်ပြည်နယ်အတွင်း နိမ့်ကျနေတဲ့စီးပွါးရေး လူမှုရေး ဘက်ပေါင်းစုံအခြေအနေကြောင့် ရခိုင်လက်နက် ကိုင်AAအဖွဲ့တော်လှန်ရေးပေါ်ပေါက်လာတာဖြစ်ပြီး ရခိုင်ပြည်သူအများစုက ဒီတော်လှန်ရေးကိုထောက်ခံမှုရှိနေတယ် လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAတို့ရဲ့တနှစ်တာ စစ်ရေးတင်းမာမှုအတွင်း အရပ်သားတသိန်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


...............

စဈကွောင့ျ ကြောကျတောျစိုကျပြိုးရေးသိပ်ပံကြောငျး ပိတျထား

(Unicode)




















XS
SM
MD
LG