သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ


စစ်အာဏာသိမ်းကောင်စီကို ကိုယ်စားမပြုကြောင်း ကုလအထွေထွေညီလာခံမှာ စတင်တရားဝင်အသိပေးခဲ့တဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၁)
စစ်အာဏာသိမ်းကောင်စီကို ကိုယ်စားမပြုကြောင်း ကုလအထွေထွေညီလာခံမှာ စတင်တရားဝင်အသိပေးခဲ့တဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၁)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံအသီးအသီး ကိုယ်စားလှယ်ရွေးချယ်ရေး Credential ကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့ အစည်းအဝေး ကျင်းပခဲ့ရာမှာ မြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံတွေ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားဖို့ Credential ကော်မတီဥက္ကဌ Ms. Jane Mugafalu Kabui က အဆိုပြုခဲ့ပြီး မဲခွဲခြင်းမရှိဘဲ အတည်ပြုခဲ့ပါတယ်။ ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ တင်သွင်းချက် ၂ ခု ရရှိခဲ့ကြောင်း Credential ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နယူးယောက်မြို့မှာရုံးစိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ၂၀၂၃ သြဂုတ်လ ၁၆ ရက်နေ့မှာ တင်သွင်းခဲ့သလို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သြဂုတ်လ ၁၆ ရက်နေ့မှာပဲ တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့်သူ ရွေးချယ်ဖို့အရေးကို ကုလစိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်တာကြောင့် လက်ရှိရာထူးနေရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရွေးချယ်ရေးဆုံးဖြတ်ချက်ကို အရင်နှစ် ၂၀၂၂ တုန်းကလည်း အခုလိုပဲ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းဟာ ၂၀၂၀ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်အပြီး ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုကြောင်း မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG