သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံသံတမန်တချို့ အလွတ်သဘောဆွေးနွေး


အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn (ကောက်ကင်ဟွန်း) (ယာ)နဲ့တွေ့ဆုံနှုတ်ဆက်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ) (ဇူလိုင် ၂၄၊ ၂၀၂၄)
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn (ကောက်ကင်ဟွန်း) (ယာ)နဲ့တွေ့ဆုံနှုတ်ဆက်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ) (ဇူလိုင် ၂၄၊ ၂၀၂၄)

လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတချို့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးကြပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟာလည်း အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တာပါ။

"မြန်မာနိုင်ငံက လက်ရှိအခြေအနေ၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးနဲ့ စာနာမှု အကူအညီပေးရေး ကိစ္စတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတာပါ။" လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က သတင်းထောက်တွေကို ပြောခဲ့တာပါ။

မြန်မာ့အရေး အပါအဝင် ဒေသတွင်းကိစ္စတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိနေတဲ့ အစည်းအဝေးမှာ အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ထိပ်တန်းသံတမန်တွေနဲ့ မတွေ့ဆုံခင် အာဆီယံအသင်းဝင်နိုင်ငံတွေ တွေ့ဆုံနေတာဖြစ်ပါတယ်။

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn (ကောက်ကင်ဟွန်း) ကလည်း မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနဲ့ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံမှုနဲ့ ဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားပြုသူ မဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံက သတ်မှတ်ထားပြီး ဒီလို သတ်မှတ်တာကို အမေရိကန် ပြည်ထောင်စုက ထောက်ခံထားပါတယ်။

မြန်မာ့အရေး အာဆီယံသံတမန်တချို့ အလွတ်သဘောဆွေးနွေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG