သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပည္တြင္းျပည္ပပုဂၢိဳလ္မ်ားေတြ႕ဆုံေဆြးေႏြးမႈမရွိ


ေဒၚအောင္ဆန္းစုၾကည္နွင့္ ဦး၀င္းျမင့္တို ့အား ပထမအၾကိမ္ရံုးထုတ္စဥ္

(Zawgyi/Unicode)

ျပည္တြင္းျပည္ပ ဘယ္ပုဂၢိဳလ္ မွ ေဒၚေအာင္ဆန္းစုၾကည္ ကို လာေရာက္ေတြ႕ဆုံခဲ့တာမ်ိဳးမရွိပါဘူး လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့တယ္လို႔ သူ႔ေရွ႕ေနတစ္ေယာက္ က ဗြီအိုေအ ကို ေျပာပါတယ္။ သည္ မတိုင္ခင္ က စစ္ေကာင္စီ တာဝန္ရွိသူတခ်ိဳ႕ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႕ဆုံခဲ့တာေတြ ရွိတယ္လို႔ ေကာလဟာလ သတင္းေတြ ထြက္ခဲ့ေပမဲ့၊ သတင္းဌာနေတြ က အတည္ျပဳခ်က္ မရရွိခဲ့ၾကပါဘူး။

ဒါေပမဲ့ ျမန္မာနဲ႔ပတ္သက္တဲ့ အာဆီယံ မူ ၅ ခ်က္ မွာ ပတ္သက္သူေတြ နဲ႔ ေတြ႕ဆုံေဆြးေႏြးေရး ဟာ အခ်က္တစ္ခ်က္ အျဖစ္ ပါဝင္ခဲ့ၿပီး၊ အေနာက္ ႏိုင္ငံေတြ ကလည္း အာဆီယံ အထူးကိုယ္စားလွယ္ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေရး ကို ေတာင္းဆိုခဲ့ၾကပါတယ္။ ေကအိုင္အို ေခါင္းေဆာင္မ်ား ကလည္း ျမန္မာႏိုင္ငံ ရဲ႕ ျပႆနာေတြ ကို ႏိုင္ငံေရး နည္းလမ္းအရ ေတြ႕ဆုံေဆြးေႏြး အေျဖရွာဖို႔ ဩဂုတ္လကုန္ပိုင္း က တိုက္တြန္း ခဲ့ၾကပါေသးတယ္။

တ႐ုတ္ ႏိုင္ငံ ရဲ႕ အာရွေရးရာ အထူးကိုယ္စားလွယ္ Mr. Sun Guoxiang ဟာ ျမန္မာႏိုင္ငံ ကို ဩဂုတ္ ၂၁ ကေန ၂၈ အထိ လာေရာက္ခဲ့ၿပီး၊ စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုငံျခားေရး ဝန္ႀကီး ဉီး ဝဏၰ ေမာင္လြင္ တို႔ နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါေသးတယ္။ ဒီ ခရီးစဥ္ နဲ႔ ပတ္သက္ၿပီး၊ စစ္ေကာင္စီ က ႏႈတ္ပိတ္ေနခဲ့ပါတယ္။ လူမႈအေျခအေနမ်ား တည္ၿငိမ္ၿပီး၊ ဒီမိုကေရစီ ကို ေစာစီးစြာ ကူးေျပာင္းႏိုင္ေအာင္ ျမန္မာႏိုင္ငံ က အားထုတ္ရာ မွာ အျပဳသေဘာ အခန္းကဏၭကေန ႏိုင္ငံတကာ အသိုက္အဝန္း နဲ႔ အတူတကြ ေဆာင္႐ြက္မယ္ လို႔ ေဘဂ်င္း မွာ လုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ တ႐ုတ္အစိုးရ ေျပာေရးဆိုခြင့္ ရွိသူ ဝန္ဝမ္ဘင္ Wang Wenbin က ေျပာၾကားခဲ့ပါေသးတယ္။

တခ်ိန္တည္းမွာေတာ့ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးဆႏၵျပမႈေတြ ျမန္မာႏိုင္ငံေနရာတခ်ိဳ႕ဆက္ရွိေနပါတယ္။ ရန္ကုန္ၿမိဳ႕ ရွိ ၿမိဳ႕နယ္ေပါင္းစု က လူငယ္ေတြ စုေပါင္းၿပီး စစ္ေကာင္စီ ဆန႔္က်င္ေရး လွ်ပ္တျပတ္ဆႏၵျပပြဲနခု စက္တင္ဘာ ၁၄ ရက္ မနက္ က က်င္းပခဲ့ၾကပါတယ္။ မႏၲေလးၿမိဳ႕အေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢမ်ား နဲ႔ မႏၲေလး သံဃ သမဂၢ သပိတ္စစ္ေၾကာင္းေတြ ကလည္း ယေန႔ စက္တင္ဘာ ၁၄ ရက္ေန႔ မွာ ဆႏၵျပတာေတြရွိခဲ့ပါတယ္။ မုံ႐ြာၿမိဳ႕ မွာ ဆိုင္ကယ္သပိတ္ ဆင္ႏႊဲခဲ့ၾကၿပီး၊ တနသၤာရီ၊ ေလာင္းလုံး မွာလည္း ေက်ာင္းသားေတြ ဆႏၵျပခဲ့ၾကပါတယ္။

အေမရိကန္၊ ၿဗိတိန္၊ ဂ်ာမနီ စတဲ့ ျပည္ပႏိုင္ငံတခ်ိဳ႕မွာလည္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ ဦးေက်ာ္မိုးထြန္းကို ဆက္ၿပီး အသိအမွတ္ျပဳဖို႔္ ေတာင္းဆိုတဲ့ ျပည္ေရာက္ျမန္မာေတြဦးစီးတဲ့ ဆႏၵျပ လႈပ္ရွားမႈေတြလည္းရွိေနပါတယ္။

စစ္တပ္အာဏာသိမ္းတဲ့ေန႔ကေန ဒီကေန႔အထိဆိုရင္ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာ၊ ဖမ္းဆီးခ်ိန္အတြင္း ေသဆုံးတာ စတဲ့ျဖစ္ရပ္အမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးသူအေရအတြက္ ၁၀၈၉ ရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ထုတ္ျပန္ထားပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းပြည်ပပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးမှုမရှိ

(Unicode)

ပြည်တွင်းပြည်ပ ဘယ်ပုဂ္ဂိုလ် မှ ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်တွေ့ဆုံခဲ့တာမျိုးမရှိပါဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ သူ့ရှေ့နေတစ်ယောက် က ဗွီအိုအေ ကို ပြောပါတယ်။ သည် မတိုင်ခင် က စစ်ကောင်စီ တာဝန်ရှိသူတချို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တာတွေ ရှိတယ်လို့ ကောလဟာလ သတင်းတွေ ထွက်ခဲ့ပေမဲ့၊ သတင်းဌာနတွေ က အတည်ပြုချက် မရရှိခဲ့ကြပါဘူး။

ဒါပေမဲ့ မြန်မာနဲ့ပတ်သက်တဲ့ အာဆီယံ မူ ၅ ချက် မှာ ပတ်သက်သူတွေ နဲ့ တွေ့ဆုံဆွေးနွေးရေး ဟာ အချက်တစ်ချက် အဖြစ် ပါဝင်ခဲ့ပြီး၊ အနောက် နိုင်ငံတွေ ကလည်း အာဆီယံ အထူးကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကို တောင်းဆိုခဲ့ကြပါတယ်။ ကေအိုင်အို ခေါင်းဆောင်များ ကလည်း မြန်မာနိုင်ငံ ရဲ့ ပြဿနာတွေ ကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ဩဂုတ်လကုန်ပိုင်း က တိုက်တွန်း ခဲ့ကြပါသေးတယ်။

တရုတ် နိုင်ငံ ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang ဟာ မြန်မာနိုင်ငံ ကို ဩဂုတ် ၂၁ ကနေ ၂၈ အထိ လာရောက်ခဲ့ပြီး၊ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုငံခြားရေး ဝန်ကြီး ဉီး ဝဏ္ဏ မောင်လွင် တို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒီ ခရီးစဉ် နဲ့ ပတ်သက်ပြီး၊ စစ်ကောင်စီ က နှုတ်ပိတ်နေခဲ့ပါတယ်။ လူမှုအခြေအနေများ တည်ငြိမ်ပြီး၊ ဒီမိုကရေစီ ကို စောစီးစွာ ကူးပြောင်းနိုင်အောင် မြန်မာနိုင်ငံ က အားထုတ်ရာ မှာ အပြုသဘော အခန်းကဏ္ဌကနေ နိုင်ငံတကာ အသိုက်အဝန်း နဲ့ အတူတကွ ဆောင်ရွက်မယ် လို့ ဘေဂျင်း မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဝန်ဝမ်ဘင် Wang Wenbin က ပြောကြားခဲ့ပါသေးတယ်။

တချိန်တည်းမှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေ မြန်မာနိုင်ငံနေရာတချို့ဆက်ရှိနေပါတယ်။ ရန်ကုန်မြို့ ရှိ မြို့နယ်ပေါင်းစု က လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လျှပ်တပြတ်ဆန္ဒပြပွဲနခု စက်တင်ဘာ ၁၄ ရက် မနက် က ကျင်းပခဲ့ကြပါတယ်။ မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ နဲ့ မန္တလေး သံဃ သမဂ္ဂ သပိတ်စစ်ကြောင်းတွေ ကလည်း ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မှာ ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ မုံရွာမြို့ မှာ ဆိုင်ကယ်သပိတ် ဆင်နွှဲခဲ့ကြပြီး၊ တနင်္သာရီ၊ လောင်းလုံး မှာလည်း ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ စတဲ့ ပြည်ပနိုင်ငံတချို့မှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုဖို့် တောင်းဆိုတဲ့ ပြည်ရောက်မြန်မာတွေဦးစီးတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေလည်းရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာ၊ ဖမ်းဆီးချိန်အတွင်း သေဆုံးတာ စတဲ့ဖြစ်ရပ်အမျိုးမျိုးကြောင့် သေဆုံးသူအရေအတွက် ၁၀၈၉ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။\

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG