သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ေနမေကာင္းလို႔ အမႈမစစ္ႏိုင္


ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚအောင္ဆန္းစုၾကည္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ဖမ္းဆီး တရားစြဲခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အဂတိလိုက္စားမႈနဲ႔ အမႈ ၁ ခုထပ္တိုးလိုက္တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမႈဖြင့္ထားတဲ့ အဂတိလိုက္စားမႈ စုစုေပါင္း ၅ မႈရွိသြားပါၿပီ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂ လၾကာရပ္ထားတဲ့ အမႈၾကားနာစစ္ေဆးမႈေတြ ဒီေန႔ ေနျပည္ေတာ္မွာ ျပန္စေပမဲ့ ေဒၚေအာင္ဆန္းစုၾကည့္ ေနမေကာင္းတဲ့အတြက္ သူ႔အမႈေတြကို မၾကားနာႏိုင္ခဲ့ပါဘူး။ သမၼတ ဦးဝင္းျမင့္ရဲ႕ အမႈတခုကိုေတာ့ စစ္ေဆးခဲ့ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္း နန္းေလာဝ္ ေျပာျပပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို သီးသန႔္စစ္ေဆးႏိုင္ဖို႔ ေနျပည္ေတာ္လုပ္ထားတဲ့ အထူးတရား႐ုံးမွာ ဒီေန႔ ၾကားနာစစ္ေဆးမႈေတြအတြက္ ႐ုံးခ်ိန္းျပန္စပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂ လၾကာ အမႈစစ္ေဆးၾကားနာမႈေတြ ရပ္ထားခဲ့ၿပီး ျပန္စတဲ့ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ ရန္ကုန္ၿမိဳ႕မွာ အမႈထပ္ဖြင့္ထားတာသိခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“အခုက်ေနာ္တို႔ သိတာက ဗဟန္းမွာစြဲတဲ့ တခုရွိတယ္။ အဲဒါမွာ ဦးဝင္းျမင့္မပါဘူး ေဒၚေအာင္ဆန္းစုၾကည္တေယာက္ထဲပါ။ ဒီကေန႔ေတာ့ သူမက တိုင္းတရားလႊတ္ေတာ္ကေန သူ႔ဆီပို႔တဲ့ အမႈေခၚစာရင္းေတြျပပါတယ္။ အဲဒါေတြအတြက္ ပါဝါတင္ဖို႔လုပ္ပါေျပာတယ္။ က်ေနာ္တို႔ အဲဒါေတြေကာင္းေကာင္း မၾကည့္ႏိုင္ဘူး သူလဲေနမေကာင္းေတာ့။ ေသခ်ာစကားမေျပာႏိုင္ေတာ့ မနက္ဖန္က်မွေသခ်ာေဆြးေႏြးမယ္။ ျပမယ္ေျပာပါတယ္။”

မႏၲေလးတိုင္းေဒသႀကီး တိုင္းတရား႐ုံးမွာလည္း ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈ တိုက္ ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈ ဖြင့္ထားတာရွိပါတယ္။ ဒါေၾကာင့္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္မွာ ထပ္စြဲတဲ့ အမႈနဲ႔ဆို ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ စြဲတာ စုစုေပါင္း ၅ မႈ ျဖစ္ရွိသြားပါၿပီ။ ေနျပည္ေတာ္မွာ စြဲဆိုထားတဲ့ အမႈေတြၾကားနာဖို႔ ဒီေန႔ ႐ုံးခ်ိန္းထုတ္ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေနမေကာင္းျဖစ္ေနလို႔ မၾကားနာႏိုင္ခဲ့ဘူးလို႔ ေရွ႕ေနႀကီးဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“၉ခြဲမွာသူနဲ႔ေတြ႕တာေပါ့ေနာ္။ အရင္အစီအစဥ္အတိုင္းေပါ့။ ဝင္လာခ်ိန္မွာ သူ မ်က္ႏွာေတြနီေနတယ္။ ႏွာမႊန္ေနတယ္။ အဲေတာ့ထိုင္ၿပီးၿပီးခ်င္း သူေနသိပ္မေကာင္းဘူး။ ေခါင္းေတြ ေတာ္ေတာ္မူးေနတယ္။ ေနမေကာင္းတာ က်န္းမာေရးလားဆိုေတာ့ ဖ်ားတာနာတာေတာ့မဟုတ္ဘူးနဲ႔ တူတယ္တဲ့။ သူတေလွ်ာက္လုံး ဆရာတို႔နဲ႔ မေတြ႕တဲ့ ၂ လအတြင္းမွာလဲဘဲ ဘာမွသိပ္မျဖစ္ပါဘူးတဲ့။ အခုဟာက သူအလာလမ္းမွာ ကားၾကမ္းလို႔တဲ့။ ေတာ္ေတာ္ရမ္းတယ္။ အဲမွာမူးသြားတာလို႔ေျပာတယ္။ သိပ္စကားလည္းမေျပာႏိုင္ဘူး။ ေနာက္ေန႔မွေျပာတာေပါ့တဲ့ ေနာက္ေန႔လည္း႐ုံးခ်ိန္းေတြရွိတာကို. ေျပာ ၿပီးေတာ့သူျပန္သြားတယ္။”

အမႈၾကားနာစစ္ေဆးမႈေတြ ရပ္ထားခ်ိန္ ၂ လအတြင္း ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြနဲ႔ ေတ့ြခြင့္ မရခဲ့ဘဲ ဒီေန႔မွ ပထမဆုံးအႀကိမ္ ျပန္ေတ့ြခဲ့တာျဖစ္ပါတယ္။ ေနမေကာင္းလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို မၾကားနာႏိုင္ခဲ့ေပမဲ့ သမၼတဦးဝင္းျမင့္ ရဲ႕ အမႈေတြကိုေတာ့ စစ္ေဆးၾကားနာခဲ့ပါတယ္။

“ဒီကေန႔က တမႈဘဲစစ္တာေပါ့။ သမၼတဦးဝင္းျမင့္အမႈ သဘာဝေဘး ၂၅ေပါ့။ ဦးဝင္းျမင့္အမႈကေတာ့ ရွာေဖြသက္ေသစစ္တယ္။ ရွာေဖြသက္ေသစစ္သလိုဘဲေပါ့။ ေရွ႕ကလူေတြလို ေပါ့၊ ဒီပစၥည္းေတြ သိမ္းရတယ္ဆိုတာ လက္မွတ္ထိုးရတယ္ေပါ့။ ရွာေဖြသက္ေသစစ္ေတာ့ အဲပစၥည္းေတြ ေကာင္းေကာင္းမျမင္ခဲ့ရပါဘူးဆိုၿပီး သူကိုယ္တိုင္လဲ ဝန္ခံသြားပါတယ္။ စစ္တဲ့ အခါ႐ုံးေရွ႕မွာ တင္ထားတဲ့ စာ႐ြက္စာတမ္းေတြ ဟုတ္မဟုတ္လဲ သူေကာင္းေကာင္းမသိပါဘူးလို႔ သူ ကိုယ္တိုင္ေျပာပါတယ္။ မနက္ဖန္မွာေတာ့ ၅၀၅-ခ အတြက္ စြဲခ်က္ေလွ်ာက္လဲခ်က္ ျဖစ္ႏိုင္တယ္ဗ်။”

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ တရားစြဲထားတဲ့ အမႈေတြထဲက အငယ္စားအမႈေတြကို ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ တပါတ္ကို ၂ ရက္ ၾကားနာစစ္ေဆးေနတာျဖစ္ပါတယ္။ မနက္ျဖန္ စက္တင္ဘာ ၁၄ ရက္က်ရင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲထားတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစတဲ့ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ နဲ႔ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ တို႔အတြက္ ၾကားနာစစ္ေဆးဖို႔ အစီအစဥ္ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ၊ သဘာဝေဘး အႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ နဲ႔ (၂)မႈ၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးကေန ေနျပည္ေတာ္တရားလႊတ္ေတာ္ ကိုလႊဲေျပာင္းထား တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ) ၊ တခါ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ ထပ္မံစြဲဆိုခံထားရတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈ အျပင္ ခုေနာက္ဆုံး ဗဟန္းၿမိဳ႕နယ္မွာ အမႈဖြင့္ထားတဲ့ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၁၁ မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်နေမကောင်းလို့ အမှုမစစ်နိုင်

(Unicode)

ဖမ်းဆီး တရားစွဲခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ အမှု ၁ ခုထပ်တိုးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စုစုပေါင်း ၅ မှုရှိသွားပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာရပ်ထားတဲ့ အမှုကြားနာစစ်ဆေးမှုတွေ ဒီနေ့ နေပြည်တော်မှာ ပြန်စပေမဲ့ ဒေါ်အောင်ဆန်းစုကြည့် နေမကောင်းတဲ့အတွက် သူ့အမှုတွေကို မကြားနာနိုင်ခဲ့ပါဘူး။ သမ္မတ ဦးဝင်းမြင့်ရဲ့ အမှုတခုကိုတော့ စစ်ဆေးခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်း နန်းလောဝ် ပြောပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို သီးသန့်စစ်ဆေးနိုင်ဖို့ နေပြည်တော်လုပ်ထားတဲ့ အထူးတရားရုံးမှာ ဒီနေ့ ကြားနာစစ်ဆေးမှုတွေအတွက် ရုံးချိန်းပြန်စပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာ အမှုစစ်ဆေးကြားနာမှုတွေ ရပ်ထားခဲ့ပြီး ပြန်စတဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ရန်ကုန်မြို့မှာ အမှုထပ်ဖွင့်ထားတာသိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“အခုကျနော်တို့ သိတာက ဗဟန်းမှာစွဲတဲ့ တခုရှိတယ်။ အဲဒါမှာ ဦးဝင်းမြင့်မပါဘူး ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲပါ။ ဒီကနေ့တော့ သူမက တိုင်းတရားလွှတ်တော်ကနေ သူ့ဆီပို့တဲ့ အမှုခေါ်စာရင်းတွေပြပါတယ်။ အဲဒါတွေအတွက် ပါဝါတင်ဖို့လုပ်ပါပြောတယ်။ ကျနော်တို့ အဲဒါတွေကောင်းကောင်း မကြည့်နိုင်ဘူး သူလဲနေမကောင်းတော့။ သေချာစကားမပြောနိုင်တော့ မနက်ဖန်ကျမှသေချာဆွေးနွေးမယ်။ ပြမယ်ပြောပါတယ်။”

မန္တလေးတိုင်းဒေသကြီး တိုင်းတရားရုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှု ဖွင့်ထားတာရှိပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ထပ်စွဲတဲ့ အမှုနဲ့ဆို ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲတာ စုစုပေါင်း ၅ မှု ဖြစ်ရှိသွားပါပြီ။ နေပြည်တော်မှာ စွဲဆိုထားတဲ့ အမှုတွေကြားနာဖို့ ဒီနေ့ ရုံးချိန်းထုတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်နေလို့ မကြားနာနိုင်ခဲ့ဘူးလို့ ရှေ့နေကြီးဦးခင်မောင်ဇော်က ပြောပါတယ်။

“၉ခွဲမှာသူနဲ့တွေ့တာပေါ့နော်။ အရင်အစီအစဉ်အတိုင်းပေါ့။ ဝင်လာချိန်မှာ သူ မျက်နှာတွေနီနေတယ်။ နှာမွှန်နေတယ်။ အဲတော့ထိုင်ပြီးပြီးချင်း သူနေသိပ်မကောင်းဘူး။ ခေါင်းတွေ တော်တော်မူးနေတယ်။ နေမကောင်းတာ ကျန်းမာရေးလားဆိုတော့ ဖျားတာနာတာတော့မဟုတ်ဘူးနဲ့ တူတယ်တဲ့။ သူတလျှောက်လုံး ဆရာတို့နဲ့ မတွေ့တဲ့ ၂ လအတွင်းမှာလဲဘဲ ဘာမှသိပ်မဖြစ်ပါဘူးတဲ့။ အခုဟာက သူအလာလမ်းမှာ ကားကြမ်းလို့တဲ့။ တော်တော်ရမ်းတယ်။ အဲမှာမူးသွားတာလို့ပြောတယ်။ သိပ်စကားလည်းမပြောနိုင်ဘူး။ နောက်နေ့မှပြောတာပေါ့တဲ့ နောက်နေ့လည်းရုံးချိန်းတွေရှိတာကို. ပြော ပြီးတော့သူပြန်သွားတယ်။”

အမှုကြားနာစစ်ဆေးမှုတွေ ရပ်ထားချိန် ၂ လအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေနဲ့ တေ့ွခွင့် မရခဲ့ဘဲ ဒီနေ့မှ ပထမဆုံးအကြိမ် ပြန်တေ့ွခဲ့တာဖြစ်ပါတယ်။ နေမကောင်းလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မကြားနာနိုင်ခဲ့ပေမဲ့ သမ္မတဦးဝင်းမြင့် ရဲ့ အမှုတွေကိုတော့ စစ်ဆေးကြားနာခဲ့ပါတယ်။

“ဒီကနေ့က တမှုဘဲစစ်တာပေါ့။ သမ္မတဦးဝင်းမြင့်အမှု သဘာဝဘေး ၂၅ပေါ့။ ဦးဝင်းမြင့်အမှုကတော့ ရှာဖွေသက်သေစစ်တယ်။ ရှာဖွေသက်သေစစ်သလိုဘဲပေါ့။ ရှေ့ကလူတွေလို ပေါ့၊ ဒီပစ္စည်းတွေ သိမ်းရတယ်ဆိုတာ လက်မှတ်ထိုးရတယ်ပေါ့။ ရှာဖွေသက်သေစစ်တော့ အဲပစ္စည်းတွေ ကောင်းကောင်းမမြင်ခဲ့ရပါဘူးဆိုပြီး သူကိုယ်တိုင်လဲ ဝန်ခံသွားပါတယ်။ စစ်တဲ့ အခါရုံးရှေ့မှာ တင်ထားတဲ့ စာရွက်စာတမ်းတွေ ဟုတ်မဟုတ်လဲ သူကောင်းကောင်းမသိပါဘူးလို့ သူ ကိုယ်တိုင်ပြောပါတယ်။ မနက်ဖန်မှာတော့ ၅၀၅-ခ အတွက် စွဲချက်လျှောက်လဲချက် ဖြစ်နိုင်တယ်ဗျ။”

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက အငယ်စားအမှုတွေကို နေပြည်တော် သီးသန့်တရားရုံးမှာ တပါတ်ကို ၂ ရက် ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့အတွက် ကြားနာစစ်ဆေးဖို့ အစီအစဉ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော် ကိုလွှဲပြောင်းထား တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ တခါ မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှု အပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG