သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ရဖို႔ ေရွ႕ေနအဖြဲ႕ ႀကိဳးပမ္း


ျမန္မာ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚအောင္ဆန္းစုၾကည္အား စစ္ေကာင္စီမွ တရား ရုံးထုတ္စဥ္ ( ဓာတ္ပံု - Courtesy )

(Zawgyi/Unicode)

ေဒၚေအာင္ဆန္းစုၾကည္ကို အမႈကိစၥေတြတိုင္ပင္ႏိုင္ဖို႔ ၊ ေတြ႕ဆုံခြင့္ရႏိုင္ဖို႔ကို တင္ျပထားတယ္လို႔ ေရွ႕ေနအဖြဲ႕ကေျပာလိုက္ပါတယ္။လက္ရွိမွာ ကိုဗစ္ထိန္းခ်ဳပ္ဖို႔ဆိုၿပီး ပိတ္တဲ့႐ုံးပိတ္ရက္ေတြေၾကာင့္ ႐ုံးခ်ိန္းေတြရပ္ထားရၿပီး ေရွ႕ေနအဖြဲ႕အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ေတြ႕ခြင့္ မရတာ ၁လခြဲေက်ာ္ ရွိၿပီလို႔ဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အမႈေတြရဲ႕ ေနာက္ဆုံးအေျခအေနေတြကို ဗြီအိုေအ သတင္း ေထာက္ မဆုမြန္ကတင္ျပေပးမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကိုအမႈကိစၥေတြ တိုင္ပင္ႏိုင္ဖို႔ေတြ႕ဆုံခြင့္ရႏိုင္ဖို႔ကို ၿပီးခဲ့တဲ့ ဩဂုတ္ ၂၉ရက္ေန႔ က ဇဗၺဴသီရိ ရဲမႈးဆီမွာ တင္ျပထားတယ္လို႔ ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။ ရဲမႈးကေန တဆင့္ အထက္ကိုတင္ျပေပးမယ္လို႔ ဆိုထားတယ္လို႔ ေရွ႕ေနအဖြဲ႕က ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကိုအခုလိုေျပာျပပါတယ္။

"မေန႔ကက်ေနာ္တို႔နဲ႔ဆက္သြယ္ေပးေနတဲ့ ရဲက ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းထားတဲ့ ရဲအရာရွိကိုဆက္သြယ္ၾကည့္တယ္။ ဇဗၺဴသီရိၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ကေနေပါ့ သူ႔ဆီကိုစာ သြားတင္ပါတယ္။ ေတြ႕ေပးဖို႔ စာတင္တာပါ။ သူကအထက္ကိုတင္ျပပါမယ္လို႔ေျပာပါတယ္။ အထက္ကို တင္ျပၿပီးမွ ေသခ်ာျပန္ေျပာမယ္ေျပာပါတယ္။ က်ေနာ္တို႔ကက်ေနာ္တို႔ အမႈ အေနနဲ႔ တကယ္လဲလိုအပ္လို႔ က်ေနာ္တို႔ အခြင့္အေရးလဲရွိလို႔ ေတာင္းတာေလ။ ေတြ႕ရတယ္ဆိုရင္ေတာ့ သူ႔က်န္းမာေရးသိရမွာေပါ့။"

လက္တေလာမွာ ကိုဗစ္ထိန္းခ်ဳပ္ဖို႔ဆိုၿပီး ပိတ္တဲ့႐ုံးပိတ္ရက္ေတြေၾကာင့္ ႐ုံးခ်ိန္းေတြရပ္ထားရၿပီး ေရွ႕ေန အဖြဲ႕အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ေတြ႕ခြင့္ မရတာ ၁လခြဲေက်ာ္ ရွိၿပီျဖစ္ကာ သူမက်န္းမာ ေရး အေျခအေနကိုလည္း အေသးစိတ္မသိရဘဲျဖစ္ေနတာပါ။ လက္ရွိမွာေတာ့ တနလၤာ၊ အဂၤါေန႔တိုင္း ေနျပည္ေတာ္မွာစစ္ေနတဲ့ ကနဦးအမႈ ေတြကိုေတာ့ လာမယ့္ စက္တင္ဘာ ၆ရက္နဲ႔ ၇ရက္ေတြမွာ ျပန္ လည္ ၾကားနာဖို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ႐ုံးခ်ိန္းေပးထားေပမယ့္ ႐ုံးပိတ္ရက္ေတြထပ္တိုး ပိတ္မယ္ဆိုရင္ ထပ္မံ႐ုံးခ်ိန္းေပးဖြယ္ရွိေနတာေၾကာင့္ အမႈကိစၥေတြ တိုင္ပင္ႏိုင္ဖို႔အေရးတႀကီး လိုအပ္ ေနတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲထားတဲ့ ေနျပည္ေတာ္အမႈ ေတြထဲက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ မွာ ေရွ႕ေနေတြဘက္က ျပန္လွန္ေမးခြန္းေမးခြင့္တခ်ိဳ႕ ကန႔္သတ္ခံရတဲ့ အေပၚ ေဒၚေအာင္ဆန္းစုၾကည္ တို႔ဖက္က အထက္႐ုံးတက္ဖို႔ ျပင္ဆင္ထားတာေတြရွိခဲ့ေပမယ့္ ကိုဗစ္ထိန္းခ်ဳပ္ဖို႔ဆိုၿပီး ပိတ္တဲ့႐ုံးပိတ္ ရက္ ေတြေၾကာင့္ အထက္႐ုံးတင္ရမယ့္ သတ္မွတ္အခ်ိန္ ေက်ာ္လြန္တာေတြရွိတာမို႔ အထက္႐ုံးတင္ခြင့္ ပယ္ပ်က္ခဲ့ရတယ္လို႔ ေရွ႕ေနျဖစ္သူ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

"ခ႐ိုင္႐ုံးတင္မယ့္ ကိစၥက တခုရွိတယ္ဗ်။ အဲဒါကကာလစည္းကမ္းခ်က္ေက်ာ္ ၿပီထင္တယ္။ ဆရာဦးၾကည္ဝင္းကိုင္တဲ့အမႈ အဲအမႈမွာေမးခြန္းေမးတာေပါ့ဗ်ာ။ အဲဒါကိုမူလ႐ုံးကေန လက္မခံဘူး။ အဲဒါခ႐ိုင္႐ုံးတက္တာမွာ ခ႐ိုင္႐ုံးကလည္း ေအာက္႐ုံးအတိုင္းလုပ္တယ္။ တိုင္းလႊတ္ေတာ္ကိုတက္ရမယ္ အဲဒါကေလ။ မျဖစ္ႏိုင္ေတာ့ဘူး ကာလစည္းကမ္းအတိုင္းေက်ာ္သြား လို႔ အဲေမးခြန္းကေတာ့။ အဲကိစၥကေတာ့ထပ္တင္လို႔မရဘူးေပါ့။ က်ေနာ္တို႔လည္းစဥ္းစားလိုက္တာ အေရးေတာ့မႀကီးဘူးဗ်။ အဲကိစၥကေလ။ အေရးႀကီးတဲ့ ကိစၥေတာ့တင္စရာမရွိဘူး။"

မၾကာေသးခင္ကလည္း သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိမႈနဲ႔ ထပ္စြဲထားတာ ေတြလည္းရွိေနသလို ဒီအတြက္ အမႈလိုက္ႏိုင္တဲ့ ခြင့္ျပဳခ်က္ပါဝါလည္းမရေသးဘူးလို႔ ေရွ႕ေနေတြက ေျပာပါတယ္။

လက္ရွိမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ကိုအဂတိလိုက္စားမႈ တိုက္ဖ်က္ ေရးဥပေဒပုဒ္မနဲ႔တရားစြဲဆိုေၾကာင္းထပ္မံေၾကညာတဲ့အတြက္ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ စြဲဆိုခံထားတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအမႈ ၄ မႈ တခါ ကနဦးကတည္းရင္ဆိုင္ေနရတဲ့ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅၊ အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃-၁(ဂ) ၊ေနာက္ထပ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒ ပုဒ္မ ၂၅ တို႔အပါအဝင္ စုစုေပါင္းအမႈ ၆ မႈ ကို ရင္ဆိုင္ေနရတာျဖစ္လို႔ စုစုေပါင္း အမႈ ၁၀မႈကိုရင္ဆိုင္ေနရပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့ ကြိုးပမ်း

(Unicode)

ဒေါ်အောင်ဆန်းစုကြည်ကို အမှုကိစ္စတွေ တိုင်ပင်နိုင်ဖို့ ၊ တွေ့ဆုံခွင့်ရနိုင်ဖို့ကို တင်ပြထားတယ်လို့ ရှေ့နေအဖွဲ့ကပြောလိုက်ပါတယ်။လက်ရှိမှာ ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး ပိတ်တဲ့ရုံးပိတ်ရက်တွေကြောင့် ရုံးချိန်းတွေရပ်ထားရပြီး ရှေ့နေအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့် မရတာ ၁လခွဲကျော် ရှိပြီလို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ သတင်း ထောက် မဆုမွန် ကတင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုအမှုကိစ္စတွေ တိုင်ပင်နိုင်ဖို့တွေ့ဆုံခွင့်ရနိုင်ဖို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၉ရက်နေ့ က ဇဗ္ဗူသီရိ ရဲမှုးဆီမှာ တင်ပြထားတယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။ ရဲမှုးကနေ တဆင့် အထက်ကိုတင်ပြပေးမယ်လို့ ဆိုထားတယ်လို့ ရှေ့နေအဖွဲ့က ဦးခင်မောင်ဇော်က ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

"မနေ့ကကျနော်တို့နဲ့ဆက်သွယ်ပေးနေတဲ့ ရဲက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ရဲအရာရှိကိုဆက်သွယ်ကြည့်တယ်။ ဇဗ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့ကနေပေါ့ သူ့ဆီကိုစာ သွားတင်ပါတယ်။ တွေ့ပေးဖို့ စာတင်တာပါ။ သူကအထက်ကိုတင်ပြပါမယ်လို့ပြောပါတယ်။ အထက်ကို တင်ပြပြီးမှ သေချာပြန်ပြောမယ်ပြောပါတယ်။ ကျနော်တို့ကကျနော်တို့ အမှု အနေနဲ့ တကယ်လဲလိုအပ်လို့ ကျနော်တို့ အခွင့်အရေးလဲရှိလို့ တောင်းတာလေ။ တွေ့ရတယ်ဆိုရင်တော့ သူ့ကျန်းမာရေးသိရမှာပေါ့။"

လက်တလောမှာ ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး ပိတ်တဲ့ရုံးပိတ်ရက်တွေကြောင့် ရုံးချိန်းတွေရပ်ထားရပြီး ရှေ့နေ အဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့် မရတာ ၁လခွဲကျော် ရှိပြီဖြစ်ကာ သူမကျန်းမာ ရေး အခြေအနေကိုလည်း အသေးစိတ်မသိရဘဲဖြစ်နေတာပါ။ လက်ရှိမှာတော့ တနင်္လာ၊ အင်္ဂါနေ့တိုင်း နေပြည်တော်မှာစစ်နေတဲ့ ကနဦးအမှု တွေကိုတော့ လာမယ့် စက်တင်ဘာ ၆ရက်နဲ့ ၇ရက်တွေမှာ ပြန် လည် ကြားနာဖို့ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ရုံးချိန်းပေးထားပေမယ့် ရုံးပိတ်ရက်တွေထပ်တိုး ပိတ်မယ်ဆိုရင် ထပ်မံရုံးချိန်းပေးဖွယ်ရှိနေတာကြောင့် အမှုကိစ္စတွေ တိုင်ပင်နိုင်ဖို့အရေးတကြီး လိုအပ် နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ နေပြည်တော်အမှု တွေထဲက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ မှာ ရှေ့နေတွေဘက်က ပြန်လှန်မေးခွန်းမေးခွင့်တချို့ ကန့်သတ်ခံရတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည် တို့ဖက်က အထက်ရုံးတက်ဖို့ ပြင်ဆင်ထားတာတွေရှိခဲ့ပေမယ့် ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး ပိတ်တဲ့ရုံးပိတ် ရက် တွေကြောင့် အထက်ရုံးတင်ရမယ့် သတ်မှတ်အချိန် ကျော်လွန်တာတွေရှိတာမို့ အထက်ရုံးတင်ခွင့် ပယ်ပျက်ခဲ့ရတယ်လို့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်ကပြောပါတယ်။

"ခရိုင်ရုံးတင်မယ့် ကိစ္စက တခုရှိတယ်ဗျ။ အဲဒါကကာလစည်းကမ်းချက်ကျော် ပြီထင်တယ်။ ဆရာဦးကြည်ဝင်းကိုင်တဲ့အမှု အဲအမှုမှာမေးခွန်းမေးတာပေါ့ဗျာ။ အဲဒါကိုမူလရုံးကနေ လက်မခံဘူး။ အဲဒါခရိုင်ရုံးတက်တာမှာ ခရိုင်ရုံးကလည်း အောက်ရုံးအတိုင်းလုပ်တယ်။ တိုင်းလွှတ်တော်ကိုတက်ရမယ် အဲဒါကလေ။ မဖြစ်နိုင်တော့ဘူး ကာလစည်းကမ်းအတိုင်းကျော်သွား လို့ အဲမေးခွန်းကတော့။ အဲကိစ္စကတော့ထပ်တင်လို့မရဘူးပေါ့။ ကျနော်တို့လည်းစဉ်းစားလိုက်တာ အရေးတော့မကြီးဘူးဗျ။ အဲကိစ္စကလေ။ အရေးကြီးတဲ့ ကိစ္စတော့တင်စရာမရှိဘူး။"

မကြာသေးခင်ကလည်း သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ထပ်စွဲထားတာ တွေလည်းရှိနေသလို ဒီအတွက် အမှုလိုက်နိုင်တဲ့ ခွင့်ပြုချက်ပါဝါလည်းမရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုအဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မနဲ့တရားစွဲဆိုကြောင်းထပ်မံကြေညာတဲ့အတွက် မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုခံထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှု ၄ မှု တခါ ကနဦးကတည်းရင်ဆိုင်နေရတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ၊နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာဖြစ်လို့ စုစုပေါင်း အမှု ၁၀မှုကိုရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG