သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ ျမန္မာအလုပ္သမားေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပး


ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕တြင္ ကိုဗစ္ကာကြယ္ေဆးထိုးေနသည့္ ျမန္မာႏုိင္ငံသားမ်ား။ (၈ စက္တင္ဘာ ၂၀၂၁) Credit: Courtesy

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္၊ ျမဝတီၿမိဳနယ္နဲ႔ကပ္ရက္ မဲေဆာက္ၿမိဳနယ္ထဲမွာ ျမန္မာေ႐ြေျပာင္းအလုပ္သမားေတြ အပါအဝင္ လူ ၅,၀၀၀ ထက္မနည္းကို ၃ပတ္အတြင္း ကိုဗစ္ကာကြယ္ေဆးေတြ စတင္ထိုးေပးေနၿပီ ျဖစ္ပါတယ္။ ဒီရက္ပိုင္းအတြင္း မယ္ေတာ္ေဆးခန္းနဲ႔ ျမန္မာေတြအမ်ားစုရွိရာ ရပ္ကြက္ေတြမွာလည္း ကာကြယ္ေဆးေတြ ထိုးေပးေနပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာ ျမန္မာေရြေျပာင္းအလုပ္သမားေတြအပါအ၀င္ လူ ၅,၀၀၀ ေလာက္ကုိ တရုပ္ႏို္င္ငံထုတ္ ကုိဗစ္ ကာကြယ္ေဆးေတြ ထုိးေပးေနပါတယ္။ ဒီရက္ပုိင္းမွာပဲ ျမန္မာအလုပ္သမားေတြ ကာကြယ္ေဆး ထိုးခြင့္ရတာနဲ့ပတ္သက္လုိ့ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ ႔က မဲေဆာက္ရံုးတာ၀န္ခံ ဦးမုိးေက်ာ္က အခုလိုေျပာပါတယ္။

"မဲေဆာက္မွာက စက္တင္ဘာလ ၆ ရက္ေန့က မယ္ေတာ္တိုက္နယ္မွ ာထိုင္းမွာရွိတဲ့ ေက်ာင္းတိုက္က ဘုန္းႀကီးေတြအပါအ၀င္ ရက္ကြက္ေတြထဲက ထုိင္းျပည္သူေတြအပါအ၀င္ ျမန္မာအလုပ္သမားေတြ လူ ၄၀၀ ေလာက္ကို ကိုဗစ္-၁၉ ကာကြယ္ေဆးေတြ ထုိးေပးေနတယ္လို့ သိရပါတယ္။ ဒီကေန့မွာကေတာ့ မဲေဆာက္က အစလာမ္ရပ္ကြက္နဲ့ မယ္ေတာ္ေဆးခန္းမွာ ကာကြယ္ေဆးေတြ ထိုးေပးတယ္။ တေနရာနဲ့တေနရာ ကာကြယ္ေဆးေတြ ထုိးေပးေနတာကေတာ့ ရာနဲ့ခ်ီတဲ့ ျမန္မာေတြပါပါတယ္။"

ထုိင္းႏုိင္ငံမွာ တရား၀င္ အလုပ္လုပ္ကုိင္ခြင့္ စာရြက္စာတမ္း အေထာက္အထားရွိသူေတြကုိသာ ကုိဗစ္ ကာကြယ္ေဆးကုိ ထုိးေပးေနတာပါ။

ၾသဂုတ္လ ၁၇ ရက္ေန့ကေတာ့ျမန္မာေရြေျပာင္းအလုပ္သမား၂,၀၀၀ေလာက္ကို ေရာ္ဘင္စင္ aစ်း၀ယ္ကုန္တုိက္မွ ာစုရပ္လုပ္ျပီး ကာကြယ္ေဆးထုိးေပးခဲ့ပါတယ္။ အခုဆိုရင္ ေတာ့ျမန္မာအမ်ားစုပါတဲ့ လူ ၅,၀၀၀ ေလာက္ကို ကာကြယ္ေဆးေတြ ထိုးႏွံႏိုင္ခဲ့တယ္လို့လည္း ဦးမိုးေက်ာ္က ေျပာပါတယ္။

" ႀသဂုတ္လ၁၇ ရက္ေန့က ေရာ္ဘင္စင္ကုန္တုိက္နဲ့ မဲေဆာက္ေစ်းမွာ စာရင္းေပးထားတဲ့အတုိင္ းကာကြယ္ေဆးေတြ ထုိးရတယ္။ အခုဆိုရင္ ၅,၀၀၀နီးပါးေလာက္ရိွလာျပီ။ ဒီ ၅,၀၀၀ထဲမွာ ေရြေျပာင္းအလုပ္သမားေတြနဲ့ ေဒသတြင္းက ထုိင္းႏုိင္ငံသားေတြလည္း ပါ၀င္ပါတယ္။"

လတ္တေလာ ျဖစ္ေပၚေနတဲ့ ကိုဗစ္ တတိယလိွဳင္းအတြင္း မဲေဆာက္ျမိဳ့က ျမန္မာေရြေျပာင္းအလုပ္သမားေတြ ကူးစက္မူက တာ့ခ္ျပည္နယ္ထဲမွာ အမ်ားဆံုးျဖစ္တာေႀကာင့္ အနီရင့္ေရာင္ သတ္မွတ္ခံထားရတဲ့ျပည္နယ္ ၂၉ ခုထဲမွာ ပါ၀င္ပါတယ္။ အခုအခါမွာေတာ့ကူးစက္မူေတြ ေလ်ာ့က်လာပါတယ္။

ထိုင္းႏို္င္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၃၂၂,၀၀၀ ေက်ာ္ရွိျပီး စက္တင္ဘာလ ၈ ရက္ေန့ တေန့တည္း ကူးစက္သူကေတာ့ ၁၅,၀၀၀နီးပါးရွိျပီး အခုခ်ိန္ထိ ေသဆံုးသူ စုစုေပါင္း ၁၃,၅၀၀ ေက်ာ္ထိ ရွိျပီျဖစ္ပါတယ္။ ကူစက္မူေတြ အနည္းငယ္ေလ်ာ့က်လာတယ္ဆိုျပီး ထုိင္းႏိုင္ငံကေတာ့ တခ်ိဳ႕ျပည္နယ္ေတြကို ကိုဗစ္ကန္႔သတ္ခ်က္တခ်ိဳ႕ ေျဖေလ်ာ့ေပးခဲ့သလို လာမယ့္ ၂၀၂၂ခုႏွစ္ အစပုိ္င္းမွာ ျမန္မာနယ္စပ္အပါအ၀င္ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ႏုိင္ဖို့ ေမ်ွာ္မွန္းထားပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


မဲဆောက် မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး

(Unicode)

ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြိုနယ်နဲ့ကပ်ရက် မဲဆောက်မြိုနယ်ထဲမှာ မြန်မာရွေပြောင်းအလုပ်သမားတွေ အပါအဝင် လူ ၅,၀၀၀ ထက်မနည်းကို ၃ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း မယ်တော်ဆေးခန်းနဲ့ မြန်မာတွေအများစုရှိရာ ရပ်ကွက်တွေမှာလည်း ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွေပြောင်းအလုပ်သမားတွေအပါအဝင် လူ ၅,၀၀၀ လောက်ကို တရုပ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒီရက်ပိုင်းမှာပဲ မြန်မာအလုပ်သမားတွေ ကာကွယ်ဆေး ထိုးခွင့်ရတာနဲ့ပတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။

"မဲဆောက်မှာက စက်တင်ဘာလ ၆ ရက်နေ့က မယ်တော်တိုက်နယ်မှ ာထိုင်းမှာရှိတဲ့ ကျောင်းတိုက်က ဘုန်းကြီးတွေအပါအဝင် ရက်ကွက်တွေထဲက ထိုင်းပြည်သူတွေအပါအဝင် မြန်မာအလုပ်သမားတွေ လူ ၄၀၀ လောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ သိရပါတယ်။ ဒီကနေ့မှာကတော့ မဲဆောက်က အစလာမ်ရပ်ကွက်နဲ့ မယ်တော်ဆေးခန်းမှာ ကာကွယ်ဆေးတွေ ထိုးပေးတယ်။ တနေရာနဲ့တနေရာ ကာကွယ်ဆေးတွေ ထိုးပေးနေတာကတော့ ရာနဲ့ချီတဲ့ မြန်မာတွေပါပါတယ်။"

ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အထောက်အထားရှိသူတွေကိုသာ ကိုဗစ် ကာကွယ်ဆေးကို ထိုးပေးနေတာပါ။

သြဂုတ်လ ၁၇ ရက်နေ့ကတော့မြန်မာရွေပြောင်းအလုပ်သမား၂,၀၀၀လောက်ကို ရော်ဘင်စင် aဈးဝယ်ကုန်တိုက်မှ ာစုရပ်လုပ်ပြီး ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ အခုဆိုရင် တော့မြန်မာအများစုပါတဲ့ လူ ၅,၀၀၀ လောက်ကို ကာကွယ်ဆေးတွေ ထိုးနှံနိုင်ခဲ့တယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

" သြဂုတ်လ၁၇ ရက်နေ့က ရော်ဘင်စင်ကုန်တိုက်နဲ့ မဲဆောက်ဈေးမှာ စာရင်းပေးထားတဲ့အတိုင် းကာကွယ်ဆေးတွေ ထိုးရတယ်။ အခုဆိုရင် ၅,၀၀၀နီးပါးလောက်ရှိလာပြီ။ ဒီ ၅,၀၀၀ထဲမှာ ရွေပြောင်းအလုပ်သမားတွေနဲ့ ဒေသတွင်းက ထိုင်းနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။"

လတ်တလော ဖြစ်ပေါ်နေတဲ့ ကိုဗစ် တတိယလှိုင်းအတွင်း မဲဆောက်မြို့က မြန်မာရွေပြောင်းအလုပ်သမားတွေ ကူးစက်မူက တာ့ခ်ပြည်နယ်ထဲမှာ အများဆုံးဖြစ်တာကြောင့် အနီရင့်ရောင် သတ်မှတ်ခံထားရတဲ့ပြည်နယ် ၂၉ ခုထဲမှာ ပါဝင်ပါတယ်။ အခုအခါမှာတော့ကူးစက်မူတွေ လျော့ကျလာပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၃၂၂,၀၀၀ ကျော်ရှိပြီး စက်တင်ဘာလ ၈ ရက်နေ့ တနေ့တည်း ကူးစက်သူကတော့ ၁၅,၀၀၀နီးပါးရှိပြီး အခုချိန်ထိ သေဆုံးသူ စုစုပေါင်း ၁၃,၅၀၀ ကျော်ထိ ရှိပြီဖြစ်ပါတယ်။ ကူစက်မူတွေ အနည်းငယ်လျော့ကျလာတယ်ဆိုပြီး ထိုင်းနိုင်ငံကတော့ တချို့ပြည်နယ်တွေကို ကိုဗစ်ကန့်သတ်ချက်တချို့ ဖြေလျော့ပေးခဲ့သလို လာမယ့် ၂၀၂၂ခုနှစ် အစပိုင်းမှာ မြန်မာနယ်စပ်အပါအဝင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG