သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လက္ပံေတာင္း ေၾကးနီစီမံကိန္း ဆက္ရပ္ထားဖို႔ PDF သတိေပး


လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ဖ်က္သိမ္းေရး ဆႏၵျပေနၾကတဲ့ ေဒသခံမ်ား။ (ႏုိဝင္ဘာ ၂၀၊ ၂၀၁၂)

(Zawgyi / Unicode)

စစ္ေကာင္စီအတြက္ ဝင္ေငြအေထာက္အပံ့ ျဖစ္ႏိုင္တာေၾကာင့္ဆိုၿပီး တ႐ုတ္အစိုးရ ေနာက္ခံျပဳထားတဲ့ ဝမ္ေပါင္ကုမၸဏီရဲ႕ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကို ဆက္ၿပီးရပ္တန႔္ထားဖို႔ စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြက သတိေပး တိုက္တြန္းပါတယ္။ တ႐ုတ္နဲ႔ ဦးပိုင္ကုမၸဏီတို႔ အက်ိဳးတူ ပူးေပါင္းလုပ္ကိုင္ေနတဲ့ ဒီစီမံကိန္းထဲက ဝန္ထမ္းေတြအားလုံး ေမလ ၅ ရက္ ေနာက္ဆုံးထားၿပီး CDM လုပ္ၾကဖို႔လည္း သူတို႔က တိုက္တြန္းခဲ့တာပါ။ ဝမ္ေပါင္ကုမၸဏီကေတာ့ သူတို႔အေနနဲ႔ လုပ္ငန္းေတြကို ယာယီရပ္ဆိုင္းထားတာျဖစ္ၿပီး အခုလာမယ့္ မိုးရာသီမွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးကိုပဲ ဦးစားေပးအေနနဲ႔ လုပ္သြားဖို႔ရွိတယ္လို႔ ေမလ ၆ ရက္က ျပန္ၿပီး တုံ႔ျပန္လိုက္ပါတယ္။ ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္အစိုးရပိုင္ Myanmar Wanbao Mining Copper ကုမၸဏီဟာ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္ထဲက လက္ပံေတာင္းေၾကးနီ စီမံကိန္းကို ျပန္စခ်င္တဲ့ အရိပ္အေယာင္ေတြ ရွိေနၿပီး ဒီစီမံကိန္းကေန စစ္ေကာင္စီကို ဝင္ေငြအေထာက္အပံ့ ျဖစ္ေစတာေၾကာင့္ဆိုၿပီး ဒါကို ဆက္ၿပီးရပ္ဆိုင္းထားဖို႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြက သတိေပး တိုက္တြန္းထားတာပါ။

စစ္ေကာင္စီဟာ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန ဘ႑ာေရးအေထာက္အပံ့ကို ဆက္ၿပီးရေနတဲ့အတြက္ ဒီစီမံကိန္းကို ကန႔္ကြက္ရတာလို႔ ဆားလင္းႀကီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ဗိုလ္စစ္ႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

"စစ္တပ္က လက္နက္နဲ႔ၿခိမ္းေျခာက္ၿပီး အစိုးရလုပ္ေနတဲ့ အတိုင္းအတာမွာ ဒီစီမံကိန္းကို ရပ္တန႔္ရမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံေတာ္နဲ႔ ဖက္စပ္လုပ္တယ္ဆိုၿပီး သူတို႔ တရားဝင္ ေျပာထားၿပီးသား ျဖစ္တဲ့အတြက္ေၾကာင့္ ႏိုင္ငံေတာ္အတြက္လည္း အခုအခ်ိန္မွာ စစ္ေကာင္စီလက္ထဲပဲ ဘ႑ာေရး ေရာက္ေနတယ္။ ဦးပိုင္ဆီကို ေငြဝင္ရင္လည္း ဒီစစ္ေကာင္စီေတြ လက္ထဲကိုပဲ ေငြေရာက္မယ္။ အဲဒီေတာ့ စစ္ေကာင္စီရဲ႕ အဓိက ဘ႑ာေရးေရေသာက္ျမစ္ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ ဒီစီမံကိန္းကို လုံးဝ လည္ပတ္ခြင့္ မျပဳတာပါ။"

ဆားလင္းႀကီးၿမိဳ႕နယ္ထဲက ေၾကးနီစီမံကိန္းေတြ အားလုံးကို ရပ္ဆိုင္းထားရမယ္လို႔ ဝမ္ေပါင္ကုမၸဏီကို စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရး မဟာမိတ္ ၁၆ ဖြဲ႔က ဧၿပီလ ၂၁ ရက္မွာ သတိေပးခဲ့ပါတယ္။ ေၾကးနီစီမံကိန္းထဲမွာ လုပ္ကိုင္ေနၾကတဲ့ ဝန္ထမ္းေတြကိုလည္း အခု ေမလ ၅ ရက္ ေနာက္ဆုံးထားၿပီး CDM လုပ္ၾကဖို႔လည္း သူတို႔က တိုက္တြန္းခဲ့ပါတယ္။

ဝမ္ေပါင္ကုမၸဏီဘက္ကေတာ့ သူတို႔အေနနဲ႔ လက္ပံေတာင္းက ေၾကးနီစီမံကိန္းေတြကို ၂၀၂၁ ခုႏွစ္ကတည္းက ရပ္နားထားၿပီး လတ္တေလာမွာေတာ့ ရပ္႐ြာအက်ိဳးျပဳ လုပ္ငန္းေတြနဲ႔ ဒီစီမံကိန္းတဝိုက္က သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကိစၥေတြကိုပဲ ဆက္လုပ္သြားမယ္လို႔ ေမလ ၆ ရက္ မေန႔က ျပန္ၿပီး တုံ႔ျပန္ခဲ့ပါတယ္။

စစ္ကိုင္းတိုင္းထဲက လက္ပံေတာင္းေတာင္၊ စံပယ္ေတာင္၊ ေၾကးစင္ေတာင္၊ တေကာင္းေတာင္ စတဲ့ တ႐ုတ္နဲ႔အက်ိဳးတူ ေၾကးနီထုတ္လုပ္ေရးကေန စစ္တပ္က ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၇၂၅ သန္း ရရွိခဲ့တယ္လို႔ ဩစေၾတးလ်အေျခစိုက္ Publish What You Pay ရဲ႕ အစီရင္ခံစာက ေရးသားပါတယ္။

ၿပီးခဲ့တဲ့တပတ္က ျပည္တြင္းအရပ္ဘက္အဖြဲ႔ ၅၀၀ ေက်ာ္က တ႐ုတ္သမၼတကို အိတ္ဖြင့္ေပးစာတေစာင္ ေပးပို႔ခဲ့ပါတယ္။ တ႐ုတ္အစိုးရအေနနဲ႔ စစ္ေကာင္စီကို ဆက္ၿပီး အသိအမွတ္ ျပဳေနမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လူထုေတာ္လွန္ေရးမွာ ထည့္သြင္းရလိမ့္မယ္လို႔ အရပ္ဘက္အဖြဲ႔ေတြက ဒီစာထဲမွာ ေရးသားခဲ့တာပါ။

ျမန္မာႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ပတ္သက္ၿပီး ဥပေဒအရေရာ၊ ေျမျပင္အေျခအေနအရေရာ ကာကြယ္ေပးဖို႔ အစိုးရအဆက္ဆက္မွာ တာဝန္ရွိၿပီး လုံၿခဳံေရးနဲ႔ ပတ္သက္လို႔ ေဆာင္ရြက္ေပးရမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းမီဒီယာတခ်ိဳ႕ကို ၿပီးခဲ့တဲ့တပတ္က ေျဖၾကားခဲ့ပါတယ္။ ဝမ္ေပါင္ကုမၸဏီက သူတို႔ရဲ႕စီမံကိန္းေတြကို ၂၀၂၁ ကတည္းက ရပ္ဆိုင္းထားတာလို႔ မေန႔က ေၾကညာခ်က္ထုတ္အၿပီးမွာ စစ္တပ္ကလည္း ကုမၸဏီအတြက္ လုံၿခဳံေရးကို တိုးၿပီး ခ်ထားလိုက္ပါတယ္။ အနီးအနားက ေက်းရြာေတြကိုလည္း ၿပီးခဲ့တဲ့ရက္ပိုင္းက နယ္ေျမရွင္းလင္းတာေတြ လုပ္ခဲ့ေသးတယ္လို႔ ဗိုလ္စစ္ႏိုင္က ေျပာပါတယ္။

"သူက မေန႔က ေၾကညာခ်က္ထုတ္ၿပီးေတာ့ ဝမ္ေပါင္နဲ႔ ယမ္စီ ႏွစ္ရြာၾကားက ဝရမ္းဆိုတဲ့ရြာေလးမွာ စစ္ေကာင္စီရဲ႕တပ္ေတြ လာၿပီးေတာ့ တပ္စြဲထားတယ္။ အင္အား ၂၃၀ ေက်ာ္ အခုလက္ရွိ။ ပထမေန႔ ၄ ရက္ေန႔ကဆိုရင္ ဥသွ်စ္ျပားရြာကို မီး႐ႈိ႕တယ္။ ဥသွ်စ္ျပားရြာကေန ေတာက္ေလွ်ာက္ အေရွ႕ကို ျပန္တက္ၿပီးေတာ့ ေညာင္ပင္ႀကီးအထိ လမ္းေဘးဝဲယာ ကြမ္းၿခံေတြကို မီး႐ႈိ႕သြားတယ္။"

ႏိုင္ငံတကာရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန စစ္ေကာင္စီဟာ အက်ိဳးအျမတ္ေတြ ဆက္ၿပီး ရေနတယ္လို႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြက ေထာက္ျပေနပါတယ္။ ဒီအက်ိဳးအျမတ္ေတြ စစ္တပ္ဆီေရာက္မလာေအာင္ တားဆီးမႈေတြ လုပ္သင့္တယ္လို႔ ျမန္မာႏိုင္ငံ အလုပ္သမားတပ္ေပါင္းစုက ဦးနႏၵာစစ္ေအာင္က အလုံးစုံ စီးပြားေရးပိတ္ဆို႔မႈဆိုတဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ ေျပာခဲ့တာပါ။

"စစ္အာဏာရွင္စနစ္ကို ဖ်က္သိမ္းဖို႔ဆိုရင္ က်ေနာ္တို႔ကလည္း ဖြံ႔ၿဖိဳး သူတို႔ကလည္း ဖြံ႔ၿဖိဳးဆိုရင္ ျပည္တြင္းစစ္ကလည္း ၾကာရွည္ေတာ့မွာေပါ့ေနာ္။ က်ေနာ္တို႔လို ဆင္းရဲတဲ့တိုင္းျပည္ေတြမွာ ပိုၿပီး နက္နက္႐ႈိင္း႐ႈိင္း ျဖစ္လာေတာ့မွာေပါ့။ ဒီေန႔ဆိုလည္း သိမွာေပါ့၊ တႏွစ္ၾကာလာတဲ့ကာလမွာ စစ္အာဏာရွင္ ဘယ္ေလာက္ရက္စက္လဲ၊ ယုတ္မာလဲ၊ ဘယ္ေလာက္လူသားမဆန္လဲဆိုတာ က်ေနာ္တို႔ ရွင္းရွင္းလင္းလင္း သိရၿပီ။ ဒါကို အျမန္တိုက္မွသာလွ်င္ အေျဖျဖစ္တယ္။ အျမန္တိုက္ဖို႔ဆိုရင္ သူ႔ရဲ႕ဖြံ႔ၿဖိဳးမႈကို မေပးဖို႔လိုတယ္။ ဖြံ႔ၿဖိဳးမႈရဲ႕ထြက္ေပါက္က ဘယ္မွာရွိေနတာလဲဆိုရင္ ခုနက စီးပြားေရးမွာရွိေနတယ္။ စီးပြားေရးက အခြန္ေငြတင္မကဘူး၊ သူ႔ကို အသိအမွတ္ျပဳေနတာ ျဖစ္တယ္။ တနည္းအားျဖင့္ သူ႔ကို ဖြံ႔ၿဖိဳးပိုင္ခြင့္ ေပးေနတာျဖစ္တယ္။ သူ႔ကို ႐ိုက္မခ်ိဳးႏိုင္ဘူးဆိုရင္ ျပည္တြင္းစစ္ တာရွည္ေတာ့မယ့္ အေျခအေန ရွိတယ္။"

စစ္တပ္က အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပမႈေတြ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီးေနာက္ စစ္ေကာင္စီကို ေထာက္ပံ့ေနတယ္လို႔ ယူဆရတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုလည္း ကန႔္ကြက္တာေတြ မ်ားလာပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းၿပီးတဲ့ေနာက္ တ႐ုတ္လုပ္ငန္းရွင္ေတြပိုင္တဲ့ စက္႐ုံတခ်ိဳ႕ မီး႐ႈိ႕ခံရတာ၊ မႏၲေလးတိုင္းထဲက တ႐ုတ္ေရနံပိုက္လိုင္းနဲ႔ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကို သြားတဲ့ ေရပိုက္လိုင္း တိုက္ခိုက္ခံရတာ၊ တေကာင္းနီကယ္စက္႐ုံက လွ်ပ္စစ္တာဝါတိုင္ ေဖာက္ခြဲခံရတာေတြ ရွိခဲ့ပါတယ္။

ဝမ္ေပါင္ကုမၸဏီကေတာ့ ျပည္သူကို ဗဟိုျပဳၿပီး ဖြံ႔ၿဖိဳးတိုးတက္ေစေရးက ကုမၸဏီရဲ႕ အဓိကတန္ဖိုးထားရွိမႈ ျဖစ္တယ္လို႔ ေမလ ၆ ရက္ေန႔ ထုတ္ျပန္တဲ့စာမွာ ေရးထားပါတယ္။ ေဒသခံေတြကေတာ့ ဒီစီမံကိန္းေတြဟာ စစ္ေကာင္စီကိုသာ အက်ိဳးျဖစ္ေစၿပီး ေၾကးနီထုတ္လုပ္ေရးေၾကာင့္ ျဖစ္လာတဲ့ ဘာဝပတ္ဝန္းက်င္ ထိခိုက္မႈေတြကိုလည္း ေထာက္ျပေနပါတယ္။

-------------------------------

(Unicode)

လက်ပံတောင်း ကြေးနီစီမံကိန်း ဆက်ရပ်ထားဖို့ PDF သတိပေး

စစ်ကောင်စီအတွက် ဝင်ငွေအထောက်အပံ့ ဖြစ်နိုင်တာကြောင့်ဆိုပြီး တရုတ်အစိုးရ နောက်ခံပြုထားတဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်ပြီးရပ်တန့်ထားဖို့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး တိုက်တွန်းပါတယ်။ တရုတ်နဲ့ ဦးပိုင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဒီစီမံကိန်းထဲက ဝန်ထမ်းတွေအားလုံး မေလ ၅ ရက် နောက်ဆုံးထားပြီး CDM လုပ်ကြဖို့လည်း သူတို့က တိုက်တွန်းခဲ့တာပါ။ ဝမ်ပေါင်ကုမ္ပဏီကတော့ သူတို့အနေနဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပြီး အခုလာမယ့် မိုးရာသီမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပဲ ဦးစားပေးအနေနဲ့ လုပ်သွားဖို့ရှိတယ်လို့ မေလ ၆ ရက်က ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်အစိုးရပိုင် Myanmar Wanbao Mining Copper ကုမ္ပဏီဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းကြေးနီ စီမံကိန်းကို ပြန်စချင်တဲ့ အရိပ်အယောင်တွေ ရှိနေပြီး ဒီစီမံကိန်းကနေ စစ်ကောင်စီကို ဝင်ငွေအထောက်အပံ့ ဖြစ်စေတာကြောင့်ဆိုပြီး ဒါကို ဆက်ပြီးရပ်ဆိုင်းထားဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေး တိုက်တွန်းထားတာပါ။

စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ဘဏ္ဍာရေးအထောက်အပံ့ကို ဆက်ပြီးရနေတဲ့အတွက် ဒီစီမံကိန်းကို ကန့်ကွက်ရတာလို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်စစ်နိုင်က ဗွီအိုအေကို ပြောပါတယ်။
"စစ်တပ်က လက်နက်နဲ့ခြိမ်းခြောက်ပြီး အစိုးရလုပ်နေတဲ့ အတိုင်းအတာမှာ ဒီစီမံကိန်းကို ရပ်တန့်ရမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်နဲ့ ဖက်စပ်လုပ်တယ်ဆိုပြီး သူတို့ တရားဝင် ပြောထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အတွက်လည်း အခုအချိန်မှာ စစ်ကောင်စီလက်ထဲပဲ ဘဏ္ဍာရေး ရောက်နေတယ်။ ဦးပိုင်ဆီကို ငွေဝင်ရင်လည်း ဒီစစ်ကောင်စီတွေ လက်ထဲကိုပဲ ငွေရောက်မယ်။ အဲဒီတော့ စစ်ကောင်စီရဲ့ အဓိက ဘဏ္ဍာရေးရေသောက်မြစ် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီစီမံကိန်းကို လုံးဝ လည်ပတ်ခွင့် မပြုတာပါ။"

ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းတွေ အားလုံးကို ရပ်ဆိုင်းထားရမယ်လို့ ဝမ်ပေါင်ကုမ္ပဏီကို စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်မှာ သတိပေးခဲ့ပါတယ်။ ကြေးနီစီမံကိန်းထဲမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကိုလည်း အခု မေလ ၅ ရက် နောက်ဆုံးထားပြီး CDM လုပ်ကြဖို့လည်း သူတို့က တိုက်တွန်းခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ သူတို့အနေနဲ့ လက်ပံတောင်းက ကြေးနီစီမံကိန်းတွေကို ၂၀၂၁ ခုနှစ်ကတည်းက ရပ်နားထားပြီး လတ်တလောမှာတော့ ရပ်ရွာအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီစီမံကိန်းတဝိုက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေကိုပဲ ဆက်လုပ်သွားမယ်လို့ မေလ ၆ ရက် မနေ့က ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်၊ တကောင်းတောင် စတဲ့ တရုတ်နဲ့အကျိုးတူ ကြေးနီထုတ်လုပ်ရေးကနေ စစ်တပ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၇၂၅ သန်း ရရှိခဲ့တယ်လို့ ဩစတြေးလျအခြေစိုက် Publish What You Pay ရဲ့ အစီရင်ခံစာက ရေးသားပါတယ်။

ပြီးခဲ့တဲ့တပတ်က ပြည်တွင်းအရပ်ဘက်အဖွဲ့ ၅၀၀ ကျော်က တရုတ်သမ္မတကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို ဆက်ပြီး အသိအမှတ် ပြုနေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လူထုတော်လှန်ရေးမှာ ထည့်သွင်းရလိမ့်မယ်လို့ အရပ်ဘက်အဖွဲ့တွေက ဒီစာထဲမှာ ရေးသားခဲ့တာပါ။

မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေအရရော၊ မြေပြင်အခြေအနေအရရော ကာကွယ်ပေးဖို့ အစိုးရအဆက်ဆက်မှာ တာဝန်ရှိပြီး လုံခြုံရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတချို့ကို ပြီးခဲ့တဲ့တပတ်က ဖြေကြားခဲ့ပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက သူတို့ရဲ့စီမံကိန်းတွေကို ၂၀၂၁ ကတည်းက ရပ်ဆိုင်းထားတာလို့ မနေ့က ကြေညာချက်ထုတ်အပြီးမှာ စစ်တပ်ကလည်း ကုမ္ပဏီအတွက် လုံခြုံရေးကို တိုးပြီး ချထားလိုက်ပါတယ်။ အနီးအနားက ကျေးရွာတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့သေးတယ်လို့ ဗိုလ်စစ်နိုင်က ပြောပါတယ်။

"သူက မနေ့က ကြေညာချက်ထုတ်ပြီးတော့ ဝမ်ပေါင်နဲ့ ယမ်စီ နှစ်ရွာကြားက ဝရမ်းဆိုတဲ့ရွာလေးမှာ စစ်ကောင်စီရဲ့တပ်တွေ လာပြီးတော့ တပ်စွဲထားတယ်။ အင်အား ၂၃၀ ကျော် အခုလက်ရှိ။ ပထမနေ့ ၄ ရက်နေ့ကဆိုရင် ဥသျှစ်ပြားရွာကို မီးရှို့တယ်။ ဥသျှစ်ပြားရွာကနေ တောက်လျှောက် အရှေ့ကို ပြန်တက်ပြီးတော့ ညောင်ပင်ကြီးအထိ လမ်းဘေးဝဲယာ ကွမ်းခြံတွေကို မီးရှို့သွားတယ်။"

နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ စစ်ကောင်စီဟာ အကျိုးအမြတ်တွေ ဆက်ပြီး ရနေတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။ ဒီအကျိုးအမြတ်တွေ စစ်တပ်ဆီရောက်မလာအောင် တားဆီးမှုတွေ လုပ်သင့်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုက ဦးနန္ဒာစစ်အောင်က အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

"စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဆိုရင် ကျနော်တို့ကလည်း ဖွံ့ဖြိုး သူတို့ကလည်း ဖွံ့ဖြိုးဆိုရင် ပြည်တွင်းစစ်ကလည်း ကြာရှည်တော့မှာပေါ့နော်။ ကျနော်တို့လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖြစ်လာတော့မှာပေါ့။ ဒီနေ့ဆိုလည်း သိမှာပေါ့၊ တနှစ်ကြာလာတဲ့ကာလမှာ စစ်အာဏာရှင် ဘယ်လောက်ရက်စက်လဲ၊ ယုတ်မာလဲ၊ ဘယ်လောက်လူသားမဆန်လဲဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိရပြီ။ ဒါကို အမြန်တိုက်မှသာလျှင် အဖြေဖြစ်တယ်။ အမြန်တိုက်ဖို့ဆိုရင် သူ့ရဲ့ဖွံ့ဖြိုးမှုကို မပေးဖို့လိုတယ်။ ဖွံ့ဖြိုးမှုရဲ့ထွက်ပေါက်က ဘယ်မှာရှိနေတာလဲဆိုရင် ခုနက စီးပွားရေးမှာရှိနေတယ်။ စီးပွားရေးက အခွန်ငွေတင်မကဘူး၊ သူ့ကို အသိအမှတ်ပြုနေတာ ဖြစ်တယ်။ တနည်းအားဖြင့် သူ့ကို ဖွံ့ဖြိုးပိုင်ခွင့် ပေးနေတာဖြစ်တယ်။ သူ့ကို ရိုက်မချိုးနိုင်ဘူးဆိုရင် ပြည်တွင်းစစ် တာရှည်တော့မယ့် အခြေအနေ ရှိတယ်။"

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီကို ထောက်ပံ့နေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကန့်ကွက်တာတွေ များလာပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ စက်ရုံတချို့ မီးရှို့ခံရတာ၊ မန္တလေးတိုင်းထဲက တရုတ်ရေနံပိုက်လိုင်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သွားတဲ့ ရေပိုက်လိုင်း တိုက်ခိုက်ခံရတာ၊ တကောင်းနီကယ်စက်ရုံက လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရတာတွေ ရှိခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကတော့ ပြည်သူကို ဗဟိုပြုပြီး ဖွံ့ဖြိုးတိုးတက်စေရေးက ကုမ္ပဏီရဲ့ အဓိကတန်ဖိုးထားရှိမှု ဖြစ်တယ်လို့ မေလ ၆ ရက်နေ့ ထုတ်ပြန်တဲ့စာမှာ ရေးထားပါတယ်။ ဒေသခံတွေကတော့ ဒီစီမံကိန်းတွေဟာ စစ်ကောင်စီကိုသာ အကျိုးဖြစ်စေပြီး ကြေးနီထုတ်လုပ်ရေးကြောင့် ဖြစ်လာတဲ့ ဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း ထောက်ပြနေပါတယ်။

XS
SM
MD
LG