သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုလသံအမတ်ကြီး ကိုရီးယားနယ်စပ်သွားမည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ဟာကိုရီးယားနှစ်နိုင်ငံနယ်စပ်ကိုသွားရောက်ပြီး မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံလာတဲ့သူတွေနဲ့ တွေ့ဆုံမယ်လို့ပြောပါတယ်။ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေ ရပ်ဆိုင်းနေတဲ့အချိန်မှာပဲ အခုလို ကုလသံအမတ်ကြီးက လုံခြုံရေးတင်းကြပ်တဲ့ ကိုရီးယားနယ်စပ်ကို သွားရောက်မှာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ထိန်းချုပ်ဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့ကို ဆက်ပြီး သက်တမ်းတိုးဖို့ ရုရှားကငြင်းဆိုလိုက်ပြီးတဲ့နောက် အခု ကုလသံအမတ်ကြီးရဲ့ ဧပြီလ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ ခရီးစဉ် ပေါ်ပေါက်လာတာပါ။

ဂျပန်မှာခရီးတထောက်နားမယ့် ဒီခရီးစဉ်မှာ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရေး လက်ရှိ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

တချိန်ထဲမှာပဲ တရုတ်ထိပ်တန်းအရာရှိ Zhao Leji က တရုတ်နဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီသီတင်းပတ်ထဲ မြောက်ကိုရီးယားကိုသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဧပြီလ ၁၁ ရက်ကနေ ၁၃ ရက်အထိ မြောက်ကိုရီးယားကို ချစ်ကြည်ရေးခရီး သွားရောက်မယ့် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ် တတိယ ထိပ်တန်းအကြီးအကဲ Zhao ဦးဆောင် သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning ကပြောဆိုထားပါတယ်။

အမေရိကန် ကုလသံအမတ်ကြီး ကိုရီးယားနယ်စပ်သွားမည်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG