သုံးရလွယ်ကူစေသည့် Link များ

သရက်ချောင်း ဒေသခံတချို့ စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ဖမ်းဆီးစစ်ဆေးခံရ


ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွင်း ဒေသခံတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္ဂနွေနေ့က ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက မနေ့ကနဲ့ ဒီကနေ့ တနင်္လာနေ့မှာ ရငဲရွာနဲ့ဝဲရစ်ရွာထဲကိုဝင်ရောက်ပြီး ဒေသခံ ၁၀၀ လောက်ကိုဖမ်းဆီးပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အဆက်သွယ်ရှိလား ဆိုပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်းဒေသခံတဦးကပြောပါတယ်။

"မနေ့က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့အခါမှာ မြိတ်ထားဝယ်ပြည်ထောင်စုလမ်းမပေါ်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့အခါမှာ ရငဲရွာမှာရှိတဲ့ ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ် ဒေသခံလူ ၅၀ ကျော်ကိုဖမ်းဆီးတယ် ဒေသခံတွေထဲမှာအမျိုးသမီးကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေကိုပါ စစ်သားတွေက လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီးဖမ်းဆီး ခေါ်သွားတယ်၊ ဘယ်လိုမျိုးစစ်ဆေးလဲဆိုတော့ ရငဲရွာမှာ PDF တွေရှိလားဆိုပြီး ဖမ်းဆီးသွားတယ်၊စစ်ဆေးခံတဲ့သူတွေကပြောတာက ရိုက်နှက်စစ်ဆေးတယ်ပြောတယ်၊ စစ်ဆေးချိန်မှာရွာထဲကိုဝင်တဲ့အချိန်ဖမ်းဆီးတာ နေအိမ်တွေရှာဖွေမွေနှောက်တာလည်းရှိတယ်၊အကုန်လုံး ၇၀ကျော် ၈၀လောက်ရှိတယ် ဖမ်းဆီးတာ မနေ့ကတရက်ထဲမှာပဲ နှစ်သုတ်ဖမ်းဆီးတာပါ။"

ဒီနေ့မနက် မှာတော့ ဝဲရစ်ကျေးရွာက ဒေသခံအမျိုးသား၂၀လောက်ကို ဖမ်းဆီးပြီးပြန်အထွက်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

"ဒီနေ့ မနက် ၆နာရီလောက်ကတော့ ၀ဲရစ်ရွာမှာတော့မနေ့ကဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကဒေသခံယောက်ကျားလေး ၂၀လောက်ကိုထပ်ဖမ်းသွားတယ်နေ့လည်ပိုင်းပြန်ထွက်သွားချိန်မှာသူတို့က မိုင်းဆွဲခံရတယ် ၊ပြီးတော့ပစ်ခတ်မူတွေဖြစ်ကြတယ်။"

ထားဝယ်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတွေက မောင်မယ်ရှောင်ကျေးရွာကို ဒီကနေ့မနက် ပိုင်းမှာစစ်ကား ၅စီးလောက်နဲ့ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေကတော့ထွက်ပြေးနေရတယ်လို့ဆိုပါတယ် ။မောင်မယ်ရှောင်ကျေးရွာအနီးက ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ အဲဒီကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေဝင်ရောက်လာတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG