သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ် တဆင့်လျော့


ဗြိတိန်လုံခြုံရေးရဲများ
ဗြိတိန်လုံခြုံရေးရဲများ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ မြေအောက်ရထား ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် မသင်္ကာသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့နောက် အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ် အများဆုံး Critical အဆင့်ကနေ ဒုတိယအများဆုံး Severe အဆင့်ကို တဆင့် တနင်္ဂနွေနေ့မှာ တဆင့် လျော့ချလိုက်ပါတယ်။

ခြိမ်းခြောက်မှုအန္တရာယ် Critical အဆင့်ဟာ အကြမ်းဖက်မှု ဖြစ်တော့မယ်လို့ ဆိုလိုတာဖြစ်ပြီး Severe ကတော့ တဆင့်နိမ့်ပြီး တိုက်ခိုက်မှု ဖြစ်နိုင်ခြေများတာကို ဆိုလိုတာ ဖြစ်ပါတယ်။

အခုလို ဒုတိယ မသင်္ကာသူကို ဖမ်းဆီးလိုက်နိုင်တာဟာ သောကြာနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အတွက် စုံစမ်း စစ်ဆေးမှုမှာ တိုးတက်မှုရှိလာနေတာကို ပြသခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Amber Rudd က ပြောပါတယ်။ ဒဏ်ရာသူ ၃၀ ထဲက ၁ ယောက်ကလွဲလို့ ကျန်လူအားလုံး ဆေးရုံက ဆင်းသွားကြပါပြီ။

စနေနေ့ ညသန်းခေါင်မတိုင်ခင် လန်ဒန်မြို့ Heathrow နိုင်ငံတကာ လေဆိပ်ရှိရာအရပ်ဖြစ်တဲ့ Hounslow မှာ ဒုတိယမြောက် မသင်္ကာသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူ့ကို ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ Heathrow လေဆိပ်အနီးက တခြားရပ်ကွက်တခုဖြစ်တဲ့ Stanwell အရပ်မှာရှိတဲ့ အိမ်တအိမ်ကို ဒုတိယမြောက် မသင်္ကာသူနဲ့ ဆက်နွယ်တဲ့ နောက်ထပ် မသင်္ကာသူတဦးကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ပေမယ့် အဲဒီလူ ဘယ်သူ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဗြိတိန် အကြမ်းဖက်မှု ခြိမ်းခြောက်မှုအန္တရာယ် တဆင့်လျော့
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG