သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ Honorary Freedom ဆုကို လန်ဒန်မြို့တော်ကော်ပရေးရှင်း ယာယီရုပ်သိမ်း


၂၀၁၇ တုန်းက လန်ဒန်မြို့တော် Freedom ဆု ဒေါ်အောင်ဆန်းစုကြည်ဆီ(Ministry of Foreign Affairs Myanmar)
၂၀၁၇ တုန်းက လန်ဒန်မြို့တော် Freedom ဆု ဒေါ်အောင်ဆန်းစုကြည်ဆီ(Ministry of Foreign Affairs Myanmar)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ Honorary Freedom ဆုကို ယာယီ ရုပ်သိမ်းဖို့အတွက် လန်ဒန်မြို့တော် ကော်ပရေးရှင်း တရားရုံးအဖွဲ့ဝင်တွေ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။

ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့သူ၊ ပြည်သူလူထုအတွက် အေးချမ်းလုံခြုံတဲ့ လူမှု အသိုင်းအဝိုင်းတခု တည်ဆောက်ပေးလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ တစိုက်မတ်မတ် ဒီမိုကရေစီအရေး ဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ၂၀၁၇ ခုနှစ် မေလ ကပေးအပ်ခဲ့တာပါ။ ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဌ Sir David Wootton က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီလို ဆုကို ယာယီ ရုပ်သိမ်းရတာ ကော်မတီသမိုင်းမှာ မကြုံစဖူးဖြစ်ရပ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ တွေနဲ့ အရပ်သား အစိုးရ ရပ်တည်ချက်ကို သိမြင်ရတဲ့ အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ကော်မတီ ဥက္ကဌက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက Guildhall ကောင်စီ တရားရုံးက ဆုပေးအပ်ထားတာကို လုံး၀ ရုပ်သိမ်းရေး အဆိုကို အတည်ပြုပြီး တဲ့နောက်မှာ လန်ဒန်မြို့တော် ကော်ပရေးရှင်း Freedom Applications Committee က ဒီလို လုံးဝရုပ်သိမ်းဖို့ အဆိုကို ဒေါ်အောင်ဆန်း စုကြည်ကို အသိပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးကတစ်ဆင့် ၃ ကြိမ်တိုင် စာပေးပို့ ကြိုးစားခဲ့ပေမဲ့ အဲဒီစာတွေကို ဒေါ်အောင်ဆန်းစုကြည် လူကိုယ်တိုင် လက်ခံရရှိခြင်း ရှိ မရှိ မသိရှိရပါဘူး။

အခု နောက်ဆုံး မဲခွဲဆုံးဖြတ်ရာမှာတော့ လုံး၀ ရုပ်သိမ်းမှုအစား ယာယီ ရုပ်သိမ်းထားဖို့ဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေကို ကော်မတီ အနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ ဒီဆုပေးထားတာကို ယာယီ ရုပ်သိမ်းဖို့ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသိပေး အကြောင်းကြား သွားမယ်လို့ ဥက္ကဌ Sir David Wootton ကပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်းမရှိပဲ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်လေ့ရှိတာပါ။

Honorary Freedom ဆုဟာ လန်ဒန်မြို့ တော်ကော်ပရေးရှင်းက ပုဂ္ဂိုလ်တဦးချင်းစီကို ပေးအပ်တဲ့ အမြင့်ဆုံးဆုလည်းဖြစ်ပါတယ်။

...........

Unicode Version

....................






XS
SM
MD
LG