သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလာ့စ္အိန္ဂ်လိစ္မွာ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အမိန္႔ထုတ္


ေလာ့စ္အိန္ဂ်လိစ္ အေရွ႕ပုိင္းက COVID-19 စစ္ေဆးေပးရာ ေနရာတခု။ (ႏုိဝင္ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လိစ္မွာ ကိုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈသစ္ေတြ တိုးလာတာေၾကာင့္ သီတင္းသံုးပတ္ၾကာ မလိုအပ္ဘဲ အိမ္ျပင္မထြက္ရ ညႊန္ၾကားခ်က္သစ္ ထုတ္ျပန္ထားၿပီး တနလၤာေန႔မွာ စတင္သက္ေရာက္ပါတယ္။

ေလာ့စ္အိန္ဂ်လိစ္မွာ COVID-19 ျဖစ္ပြားမႈက ပ်မ္းမွ် ေန႔စဥ္ ၄,၅၀၀ နဲ႔ ၅ ရက္ ဆက္တိုက္ျဖစ္လာရင္ တားျမစ္ကန္႔သတ္ခ်က္သစ္ ထုတ္ျပန္မယ္လို႔ အရင္ကတည္းက ေျပာဆိုထားတာမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၅ ရက္ဆက္တိုက္ ကူးစက္ျဖစ္ပြားမႈႏႈန္းက တရက္ကို ပ်မ္းမွ် ၄,၇၅၁ ဦး ရွိခဲ့ပါတယ္။

အခု ညႊန္ၾကားခ်က္သစ္အရ တအိမ္တည္းမွာ ေနသူေတြ မဟုတ္ရင္ အျပင္မွာေရာ အိမ္မွာပါ စုေဝးခြင့္ တားျမစ္ထားပါတယ္။

မရွိမျဖစ္ ပစၥည္းေတြ ေရာင္းခ်တဲ့ ေစ်းဆိုင္ေတြကို ဆက္ဖြင့္ခြင့္ျပဳထားေပမယ့္ ပံုမွန္ လက္ခံတဲ့ ေစ်းဝယ္သူ အေရအတြက္ကို ထက္ဝက္ေလွ်ာ့ခ် လက္ခံရမွာ ျဖစ္ပါတယ္။

အားလပ္ရက္ ေစ်းဝယ္ရာသီအတြင္း ဖြင့္ခြင့္ဆက္ေပးထားေပမယ့္ တျခား လက္လီဆိုင္ေတြကေတာ့ ပံုမွန္ေဖာက္သည္အဝင္ရဲ႕ ၂၀ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ် လက္ခံရမွာ ျဖစ္ပါတယ္။

ေက်းဇူးေတာ္ေန႔ အားလပ္ရက္အတြင္း COVID-19 ဖြင့္လွစ္စစ္ေဆးေပးတဲ့ေနရာ ေလွ်ာ့ထားသလို စစ္ေဆးတဲ့ အေရအတြက္လည္း က်ဆင္းေနတာေၾကာင့္ COVID-19 ကူးစက္မႈသစ္ အေရအတြက္က လာမယ့္ရက္ေတြအတြင္း ပံုမွန္မဟုတ္ဘဲ အတက္အက်ရွိႏုိင္ေၾကာင္း အေမရိကန္ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။

အားလပ္ရပ္ကာလအတြင္းမွာ COVID-19 ျဖစ္ပြားမႈသစ္က ပံုမွန္ထက္ ေလ်ာ့လာႏုိင္ေျခရွိေပမယ့္ ဒီအေရအတြက္က အေမရိကန္မွာ ရင္ဆိုင္ေနရတဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အေျခအေနမွန္ကို ထင္ဟပ္မွာမဟုတ္ဘူးလို႔ ကၽြမ္းက်င္သူေတြက ေျပာဆိုထားပါတယ္။

Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြအရ အေမရိကန္မွာ စေနေန႔ထိ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၃ သန္းေက်ာ္ ရွိသြားၿပီလို႔ ေဖာ္ျပထားၿပီး ကမၻာမွာ ကူးစက္မႈအမ်ားဆံုးႏုိင္ငံ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

လော့စ်အိန်ဂျလိစ်မှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အမိန့်ထုတ်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ တိုးလာတာကြောင့် သီတင်းသုံးပတ်ကြာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ ညွှန်ကြားချက်သစ် ထုတ်ပြန်ထားပြီး တနင်္လာနေ့မှာ စတင်သက်ရောက်ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ COVID-19 ဖြစ်ပွားမှုက ပျမ်းမျှ နေ့စဉ် ၄,၅၀၀ နဲ့ ၅ ရက် ဆက်တိုက်ဖြစ်လာရင် တားမြစ်ကန့်သတ်ချက်သစ် ထုတ်ပြန်မယ်လို့ အရင်ကတည်းက ပြောဆိုထားတာမှာ ပြီးခဲ့တဲ့ သောကြာနေ့က ၅ ရက်ဆက်တိုက် ကူးစက်ဖြစ်ပွားမှုနှုန်းက တရက်ကို ပျမ်းမျှ ၄,၇၅၁ ဦး ရှိခဲ့ပါတယ်။

အခု ညွှန်ကြားချက်သစ်အရ တအိမ်တည်းမှာ နေသူတွေ မဟုတ်ရင် အပြင်မှာရော အိမ်မှာပါ စုဝေးခွင့် တားမြစ်ထားပါတယ်။

မရှိမဖြစ် ပစ္စည်းတွေ ရောင်းချတဲ့ ဈေးဆိုင်တွေကို ဆက်ဖွင့်ခွင့်ပြုထားပေမယ့် ပုံမှန် လက်ခံတဲ့ ဈေးဝယ်သူ အရေအတွက်ကို ထက်ဝက်လျှော့ချ လက်ခံရမှာ ဖြစ်ပါတယ်။

အားလပ်ရက် ဈေးဝယ်ရာသီအတွင်း ဖွင့်ခွင့်ဆက်ပေးထားပေမယ့် တခြား လက်လီဆိုင်တွေကတော့ ပုံမှန်ဖောက်သည်အဝင်ရဲ့ ၂၀ ရာခိုင်နှုန်းထိ လျှော့ချ လက်ခံရမှာ ဖြစ်ပါတယ်။

ကျေးဇူးတော်နေ့ အားလပ်ရက်အတွင်း COVID-19 ဖွင့်လှစ်စစ်ဆေးပေးတဲ့နေရာ လျှော့ထားသလို စစ်ဆေးတဲ့ အရေအတွက်လည်း ကျဆင်းနေတာကြောင့် COVID-19 ကူးစက်မှုသစ် အရေအတွက်က လာမယ့်ရက်တွေအတွင်း ပုံမှန်မဟုတ်ဘဲ အတက်အကျရှိနိုင်ကြောင်း အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အားလပ်ရပ်ကာလအတွင်းမှာ COVID-19 ဖြစ်ပွားမှုသစ်က ပုံမှန်ထက် လျော့လာနိုင်ခြေရှိပေမယ့် ဒီအရေအတွက်က အမေရိကန်မှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အခြေအနေမှန်ကို ထင်ဟပ်မှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ အမေရိကန်မှာ စနေနေ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃ သန်းကျော် ရှိသွားပြီလို့ ဖော်ပြထားပြီး ကမ္ဘာမှာ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG