သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုပပျောက်ရေး ထိရောက်စွာအရေးယူဖို့ လွှတ်တော်အမတ်တွေ တိုက်တွန်း


့ပြည်သူ့လွှတ်တော်အမတ်များ
့ပြည်သူ့လွှတ်တော်အမတ်များ

တရားဥပဒေ စိုးမိုးနိုင်ရေး၊ မှုခင်းကျဆင်းရေးတို့တွေအတွက် ပြည်သူ့ရဲတွေအနေနဲ့ ဒီထက်ပိုထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့လို အပ်နေသေး တယ်လို့ ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေကထောက်ပြခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ အဂတိလိုက်စားမှုကိုမတိုက်ဖျက်နိုင်သေးသမျှ မူခင်းကျဆင်းဖို့လုပ်ဆောင်မှုဟာ ထိရောက် နိုင်မှာ မဟုတ်တာကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ တောင်းဆို လိုက်ပါတယ်။ ဒီပြင် သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သတ်လို့ အမြင့်ဆုံးပြစ်ဒဏ်သေဒဏ်ထိပေးဖို့နဲ့ ရာဇဝတ်မှုတွေကို ဆက်ခါဆက်ခါကျူးလွန်နေသူများကို ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ တွန့်ဆုတ်မနေဘဲ ဥပဒေတွေပြင်ဆင်ဖြည့်စွက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေ မြန်မာပိုင်းကမေခက ပေးပို့တင်ပြထားပါတယ်။

ဒီကနေ့ပြည်သူ့လွှတ်တော်မှာ လက်ရှိ တရားဥပဒေ စိုးမိုးနိုင်ဖို့ မှုခင်းကျဆင်းရေးကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရ ကို ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် က တိုက်တွန်းခဲ့တာမှာ အခြားသောလွှတ်တော်ကိုယ်စားလှယ်အသီးသီးက ခုလို အစိုးရကို ထောက်ပြတောင်းဆိုမှုတွေလုပ်ခဲ့ကြ တာပါ။

လက်ရှိ မှုခင်းကျဆင်းဖို့ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ လိုအပ်နေတာမှန်ပေမယ့် ပြည်သူတွေပူးပေါင်းပါဝင်ပြီး သတင်းတိုင်ကြားပေးရင်လည်း အဂတိလိုက်စားတဲ့ဝန်ထမ်း တွေကနေ သတင်းတွေပေါက်ကြားမှုတွေရှိနေတာကြောင့် တကယ့်တရားခံတွေမှာလွတ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြမှုတွေရှိ ခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်သေးသမျှ မူခင်းကျဆင်းဖို့လုပ်ဆောင်မှုဟာ ထိရောက် နိုင်မှာ မဟုတ်တာကြောင့် အဂတိလိုက်စားမှုတွေကို ထိထိ ရောက်ရောက် အရေးယူဖို့ ထီးလင်းလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်လေးဦးကသက်သေတွေနဲ့တကွတင်ပြခဲ့ပါတယ်။ အစိုးရသစ်လက်ထက်မှာ လည်းအဂတိလိုက်စားသူ တွေရှိနေသေးတယ်လို့ ခုလိုပြောဆိုခဲ့ပါတယ်။

“ယခုအပြောင်းအလဲကာလမှာ ပြုပြင်ပြောင်းလဲမှုလမ်းစဉ်နောက်ကို လိုက်ပါလာတဲ့လူတွေရှိသလို ယခင်အတိုင်းပဲ ကိုယ့်ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချပြီး အဂတိလိုက်စားလိုတဲ့ ဝန်ထမ်းတွေကလည်း ဒုနဲ့ဒေးပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူမှသာလျှင် မှုခင်းများ ကျဆင်းနိုင်မှာဖြစ်တယ်လို့ ယူဆမိပါတယ်။ မှုခင်းအတော်များများမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာကိုတွေ့ရပြီး ဒုစရိုက်သမားတွေကလည်း အပြစ်ကျူးလွန်ဖို့အတွက် အတင့်ရဲလာတာကိုတွေ့နေရပါတယ်။ ဒီလိုပုံစံမျိုးတွေဟာ နိုင်ငံနဲ့အဝှမ်းမှာဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ ဆွေးနွေးတင်ပြလိုပါတယ်။”

မှုခင်းကျဆင်းရေးအတွက် အဓိကလုပ်ဆောင်ပေးတဲ့ ရဲဝန်ထမ်းတွေကို ဂုဏ်သိက္ခာ အတွက်ဝန်ထမ်းလစာခံစားခွင့် နဲ့ ဆုပေးဒဏ် ပေးစနစ်တွေကိုသေချာ တိကျစွားထားပေးဖို့ အစိုးရကိုတင်ပြတောင်းဆိုမှုတွေလည်းရှိပါတယ်။ လက်တလောဖြစ်ပွားမှုတွေများလာတဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သတ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ်ပေးဖို့အစိုးရကို တောင်းဆိုခဲ့သလို လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း ဥပဒေပြဌာန်းနိုင်ဖို့ လုပ်သွားဖို့ ထီးချိုင့်လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်က ခုလိုတောင်းဆိုခဲ့ပါတယ်။

“ထောင်ဒဏ်တကြိမ်ကျဖူးသူဟာ နောက်တကြိမ်ထောင်ဒဏ်ကျူးလွန်ရင် ပုံမှန်ပြစ်ဒဏ်ထက်ပိုချသင့်ပါတယ်။ ဒါကိုလည်း မူခင်းကျဆင်းရေးအတွက် ဥပဒေပြင်ဆင်သင့်တယ်လို့ အကြံပြုလိုပါတယ်။ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ပြုကျင့်ခံရတဲ့ ကလေးငယ်ရဲ့အသက်အရွက်အလိုက် တရားခံကို ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ဥပမာ- အသက် ၈ နှစ်အောက်ကလေး ဆိုရင် သေဒဏ်(သို့မဟုတ်) ထောင်ဒဏ် အနှစ် ၂၀ ၊ အသက် ၈-၁၂ နှစ်ကြားဆိုရင် ထောင်ဒဏ် ၁၅ နှစ် ၊ အသက် ၁၂-၁၆ နှစ်ကြားဆိုရင် ထောင်ဒဏ် ၁၀ နှစ် စသဖြင့် ၊ လျှော့ရန်မရှိ ကင်းလွတ်ခွင့်မရှိ ၊ ငွေဒဏ်မပေးရဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးသင့်ပါတယ်။ အခုလွှတ်တော် သက်တမ်းအတွင်းမှာ သက်ငယ် မုဒိမ်းမှုများကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး ကျနော်တို့ မိတ်ဆွေကိုယ်စားလှယ်များနှင့် ဥပဒေကျွမ်းကျင်သူများကို တိုက်တွန်းလိုပါတယ်။”

မူခင်းကျဆင်းဖို့လုပ်တာမှာ အမှုတွေကိုစီရင်တဲ့တရားရုံးတွေရဲ့အချိန်ကြာမြင့်မှု၊ တရားရေးဝန်ထမ်းတွေရဲ့ချမှတ်တည် ဆဲဥပဒေ တွေကို မကျင့်သုံးဘဲကျောသားရင် သားခွဲကာ စီရင်မှုတွေကိုလည်း ပပျောက်အောင်လုပ်ဖို့လိုတယ်လို့တင်ပြမှုတွေရှိခဲ့ပါတယ်။ ဒီအပြင် ရဲဝန်ထမ်းမလုံလောက်မှုကိုလည်းအဖြေရှာ ဖို့တင်ပြခဲ့တာလည်းရှိပါတယ်။ ဒီအပေါ်မှာ ပြည်တဲ့ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ အခုလိုဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ရဲတပ်ရင်းများမှာ သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့လည်း ၂၀၁၆ ခုနှစ် မေလမှ စတင်၍ အင်အားဖြည့်တင်းမူများလည်း ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၆ ခုနှစ် မေလ ၁ ရက်နေ့မှ စ၍ မှုခင်းကျဆင်းရေး လုပ်ငန်းများကို ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်တဲ့ အမှုအများဆုံးအဓိကထား စုံစမ်းဖော်ထုတ်ဖမ်းဆီးလျှက်ရှိပြီး မှုခင်းကျဆင်းရေးကိုလည်း အလေးအနက်ထား ဆောက်ရွက်လျက် ရှိပါတယ်။”

ဗိုလ်ချုပ်အောင်စိုးက အဂတိတရားကင်းဖို့အရေးယူနေကြောင်း၊ ရဲဝန်ထမ်းမလုံလောက်မှုတို့ကို လည်း ဖြည့်စည်းနေကြောင်းကိုသာပြောဆိုခဲ့ပေမယ့် အဂတိလိုက်စားမှုအတွက် ဘယ်လိုအရေးယူနေသလဲ ဘယ်လောက်အရေးယူထားသလဲ ဆိုတာနဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သတ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ပေးဖို့ တောင်းဆို မှု တွေအတွက်တော့တိတိကျကျပြောဆိုခဲ့တာ မရှိပါဘူး။ ဒီအဆိုဟာလည်း လွှတ်တော် မှာမှတ်တမ်းအနေနဲ့သာထားဖို့လွှတ်တော်ကဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိချိန်မှာတော့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးများ အဆမတန် ပေါများနေမှု ၊လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှုနဲ့ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG