သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Maduro ကို လုပ်ကြံဖို့ကြိုးစားမှု သံသယနဲ့ လူ ၆ ဦး ဖမ်းထား


ဗင်နီဇွဲလားသမ္မတ Nicolas Maduro က သူ့ကိုလုပ်ကြံဖို့ ကြိုးပမ်းမှုလို့ စွပ်စွဲပြောဆိုထားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗင်နီဇွဲလား အာဏာပိုင်တွေရဲ့ အခေါ်အားဖြင့် အကြမ်းဖက်သမားနဲ့ ကြေးစားလူသတ်သမားလို့ဆိုသူ ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

စနေနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားတခုမှာ သမ္မတ Maduro မိန်းခွန်းပြောနေချိန် ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ ဒရုန်းယာဉ် နှစ်စင်းနဲ့တိုက်ခိုက်ခဲ့ပုံရပါတယ်။ ဒရုန်းယာဉ်တစင်းက ပစ်မှတ်ကိုမရောက်ခင် လေထဲမှာပဲ ပေါက်ကွဲသွားပြီး နောက်တစင်းကတော့ အထပ်မြင့်တိုက်ခန်းတွဲကို ဝင်တိုက်မိတာကြောင့် ပေါက်ကွဲသွားခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံရဲ့လုပ်ရပ်ဖြစ်တယ်လို့ စနေညကပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ သမ္မတ Maduro ကစွပ်စွဲခဲ့တာပါ။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဒီလုပ်ကြံမှုအတွက် ငွေကြေးထောက်ပံ့မှုအများစုဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်သူတွေဆီက ဖြစ်တယ်လို့လည်း ဗင်နီဇွဲလားသမ္မတက ပြောပါတယ်။

သမ္မတ Nicolas Maduro ကို လုပ်ကြံဖို့ကြိုးပမ်းမှုမှာ အမေရိကန်ပြည်ထောင်စုက လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာကိုပြတ်ပြတ်သားသား ငြင်းဆိုကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က တနင်္ဂနွေနေ့ Fox သတင်း ဌာနနဲ့ မေးမြန်းခန်းမှာ ငြင်းဆိုလိုက်ပါတယ်။ စွဲစွပ်ချက်တွေအတွက် ဗင်နီဇွဲလားမှာ ခိုင်မာတဲ့အထောက်အထားရှိရင် သက်သေပြ ဖို့လိုပြီး အမေရိကန်ရဲ့ ရာဇဝတ်ကြောင်းဥပဒေအရ ကိုင်တွယ် အရေးယူသွားမယ်လို့ John Bolton ကတုန့်ပြန်ပါတယ်။

သမ္မတ Maduro မိန့်ခွန်းပြောနေတုန်း ပေါက်ကွဲသံကြားရပြီး ဒီလို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်သူတွေကို သမ္မတ Donald Trump က နှိမ်နင်းဖို့ အဆင်သင့်ရှိမယ်လို့ မျှော်လင့်ကြောင်း Maduro ကပြောပါတယ်။

သမ္မတ Maduro ကို လုပ်ကြံဖို့ကြိုးစားမှု သံသယနဲ့ လူ ၆ ဦး ဖမ်းထား
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG