သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela အပေါ် ကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်


Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro အနိုင်ရ
Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro အနိုင်ရ

Venezuela နိုင်ငံသမ္မတရွေးကောက်ပွဲမှာ သမ္မတ Nicolas Maduro က နောက်ထပ်သမ္မတသက်တမ်း ၆ နှစ်အတွက် မမှန်ကန်တဲ့နည်းနဲ့ အနိုင်ရခဲ့တယ်လို့ပြောပြီး အမေရိကန်ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ ဒဏ်ခတ်မှုတွေတနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။

ကမ္ဘာမှာ တချိန်က ထိပ်တန်းရေနံတင်ပို့တဲ့နိုင်ငံဖြစ်တဲ့ Venezuela နိုင်ငံက ရေနံရောင်းဝယ်မှုဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေကို အမေရိကန်က တားမြစ်တဲ့အမိန့်ကို သမ္မတ Trump ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ Nicolas Maduro ပြန်လည်ရွေးကောက်ခံရတာဟာ အခြေခံဥပဒေနဲ့အညီလုပ်ဆောင်ချက်နဲ့ ဒီမိုကရေစီအစဉ်အလာတွေအပေါ် တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လွတ်လပ် မျှတ ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲတွေနဲ့ Venezuela နိုင်ငံကို ဒီမိုကရေစီစနစ်ဆီသွားတဲ့ လမ်းပေါ်ပြန်မသွားသရွေ့ Maduro အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုကို ခံရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ရွေးကောက်ပွဲမှာ မဲရလာဒ် ၆၈% နဲ့ Maduro အနိုင်ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီးနောက် သမိုင်းဝင်စံချိန်နဲ့ သူပြန်လည်အရွေးခံရတာဖြစ်တယ်လို့ သမ္မတ Maduro က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ စီးပွားရေးမရေရာမှု။ အစားအသောက် ဆေးဝါးမလုံလောက်မှု။ အကြမ်းဖက် မငြိမ်သက်မှုတွေ လနဲ့ချီဖြစ်နေတဲ့အတွက် မဲဆန္ဒရှင် ၅၂% က မဲမပေးဘဲ နေခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG