သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ကိုဗစ္ကူးအေရအတြက္ပိုမ်ားလာ 


Virus Outbreak Thailand

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံသားအလုပ္သမားေတြ သိန္းနဲ႔ခ်ီအလုပ္လုပ္ေနတဲ့ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ကိုဗစ္ကူးစက္မူ ျမင့္တက္ေနပါတယ္။ ျမန္မာေတြအလုပ္လုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာ ကိုဗစ္ကူးစက္သူမ်ားလာတဲ့အတြက္ တခ်ိဳ႕ အထည္ခ်ဳပ္စက္႐ုံေတြက သီတင္း ၂ ပတ္ အျပင္ထြက္ခြင့္မေပးဘဲ Lockdown လုပ္ထားပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံသားေတြ အမ်ားဆုံးဝင္ေရာက္လာေနတဲ့ ထိုင္းျမန္မာနယ္စပ္ တာခ့္ျပည္နယ္ မဲေဆာက္ၿမိဳ႕မွာ အိုမီခ႐ြမ္ကိုဗစ္ ကူးစက္သူေတြမ်ားေနၿပီး ျမန္မာေတြ အလုပ္လုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာအထိ ကူးစက္ ပ်ံ႕ႏွံ႔ေနပါတယ္။ ဒါေၾကာင့္ အလုပ္သမား ေထာင္ဂဏန္းေလာက္ရွိတဲ့ အထည္ခ်ဳပ္စက္႐ုံတခ်ိဳ႕မွာ အသြားအလာ ကန႔္သတ္မူေတြထုတ္ျပန္ထားၾကပါတယ္။ စက္႐ုံ ၃ ခုထက္မနည္းမွာ အဝင္အထြက္ ပိတ္ပင္ Lockdown လုပ္ထားတယ္လို႔ မဲေဆာက္ၿမိဳ႕က အလုပ္သမားေရးလႈပ္ရွားသူ ဦးေအာင္တင္က အခုလိုေျပာျပပါတယ္။

“စက္႐ုံႀကီးေတြက အကုန္ပိတ္ပစ္လိုက္တယ္။ စက္႐ုံႀကီးေတြက အျပင္ေပးမထြက္ေတာ့ဘူး။ စက္႐ုံ သုံးေလး႐ုံေလာက္ရွိတယ္။ အခု ဘန႔္ေစာင္ခြဲ အေပၚ႐ုံ Lockdown ခ်ထားတယ္။ ေနာက္ကမ္းနဖူး႐ုံေတြလည္း Lockdown ခ်ထားတယ္။ ယက္ကန္း႐ုံလည္းမွာလည္း ခ်ထားတယ္ အားလုံးေပါင္း လူဦးေရ ဘန႔္ေစာင္ခြဲမွာဆိုရင္ ၂ေထာင္ေလာက္ရွိပါတယ္။”

ေ႐ႊေျပာင္းျမန္မာအလုပ္သမားေတြၾကားမွာလည္း ကိုဗစ္ကူးစက္ ပ်ံ႕ႏွံ႔မႈမ်ားလာတယ္လို႔ မဲေဆာက္အေျခစိုက္ ေရာင္ျခည္ဦးအလုပ္သမားအဖြဲ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးေက်ာ္ကလည္းေျပာပါတယ္။ မဲေဆာက္ၿမိဳ႕မွာ အခုရက္ပိုင္းအတြင္း အိုမီခ႐ြမ္ကိုဗစ္ အတည္ျပဳလူနာ ေန႔စဥ္ ရာဂဏန္း ရွိေနတယ္လို႔ မဲေဆာက္ေဆး႐ုံႀကီးက သတင္းထုတ္ျပန္တာကို ခုလိုေျပာျပပါတယ္။

“စက္႐ုံလုပ္ငန္းခြင္ေတြ လူဦးေရေထာင္ခ်ီရွိတဲ့ မဲေဆာက္ထဲမွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာလည္း ေလာ့ေဒါင္းေတြခ်ေနၾကတယ္လို႔ က်ေနာ္တိုသိရတယ္။ေ႐ႊေျပာင္းအလုပ္သမားေတြၾကားမွာေတာ့ ကူးစက္မႈျမင့္တက္လာတယ္လို႔ေျပာလို႔ရပါတယ္။ အိုမီခ႐ြမ္က မဲေဆာက္ေဒသတြင္းမွာဆိုရင္ မေန႔က ေဆး႐ုံႀကီးမွာ တရားဝင္ ထုတ္ျပန္တဲ့ စစ္ေဆးေတြ႔ရွိခ်က္အရဆိုရင္လူဦးေရ ၂၀၀ ေက်ာ္ေတြ႔တယ္လို႔ဆိုပါတယ္။”

ထိုင္းႏိုင္ငံေျမာက္ပိုင္း Phitsanulok ျပည္နယ္ထဲက စက္႐ုံတခုမွာ တရားမဝင္ အေထာက္အထားမဲ့ျမန္မာေတြ အလုပ္လုပ္ကိုင္ေနတယ္ဆိုတဲ့သတင္းေၾကာင့္ ထိုင္းအာဏာပိုင္ေတြက ေရွာင္တခင္ဝင္စစ္ေဆးရာမွာ အေထာက္အထားမဲ့ျမန္မာ ၁၀၀ ေက်ာ္ဖမ္းမိၿပီး ဒီထဲမွာ တခ်ိဳ႕ ကိုဗစ္ကပ္ေရာဂါျဖစ္ေနတာ ေဆးစစ္ေတြ႔ရွိခဲ့ပါတယ္။ အခုလို ေ႐ႊေျပာင္းအလုပ္သမားေတြၾကား ကိုဗစ္ကူးစက္မူေတြ ခပ္စိတ္စိတ္ျဖစ္လာတယ္လို႔လည္း ဦးမိုးေက်ာ္က ေျပာပါတယ္။

“Phitsanulok ခ႐ိုင္မွာရွိတဲ့ ၾကက္သားစက္႐ုံတခုမွာလည္း ေရွာင္တခင္ ဝင္ေရာက္ စစ္ေဆးတဲ့အခါမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ တရားမဝင္အလုပ္လုပ္ကိုင္ သူ ၁၀၀ ေက်ာ္ေတြ႔ရတယ္။ ၁၁၂ ေယာက္ေပါ့။ အဲဒီထဲကေန ကိုဗစ္စစ္တဲ့အခါမွာလည္း ၁၆ ေယာက္က ကိုဗစ္ေတြ႔တယ္လို႔ တရားဝင္သတင္းထုတ္ျပန္တာေတြ႔ရတယ္။”

ထိုင္းႏိုင္ငံမွာ အိုမီခ႐ြမ္ ကိုဗစ္ပိုးကူးသူ စံခ်ိန္တင္မ်ားေနတဲ့အတြက္ ျပည္နယ္ တာဝန္ရွိသူေတြ အေရးေပၚအစီအစဥ္ေတြ ျပင္ဆင္ေဆာင္႐ြက္ေနၾကပါတယ္။

နယ္စပ္ကေန တရားမဝင္ ဝင္လာသူေတြမွာ ကိုဗစ္ကူးစက္သူေတြပါေနတာေၾကာင့္ တရားမဝင္ႏိုင္ငံထဲ ဝင္လာသူေတြကို ၾကပ္ၾကပ္မတ္မတ္ တားဆီးဖို႔လည္း ထိုင္းျပည္ထဲေရးဌာနက ၫႊန္ၾကားထားပါတယ္။ ကိုဗစ္ အတည္ျပဳလူနာ ၂ သန္း ၇ သိန္း ေက်ာ္ေနတဲ့ ထိုင္းႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၂၄ ရက္ တေန႔တည္းမွာ အတည္ျပဳလူနာ ၂ ေသာင္း ၃ ေထာင္ေက်ာ္ ရွိခဲ့ပါတယ္။

#MaeSot #ThailandCOVID #COVID #AyeAyeMar #voaburmese #ကိုဗစ္ #မဲေဆာက္ #ေအးေအးမာ #ဗြီအိုေအျမန္မာပိုင္း

===============

[[Unicode]]

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကိုဗစ်ကူးအရေအတွက်ပိုများလာ

မြန်မာနိုင်ငံသားအလုပ်သမားတွေ သိန်းနဲ့ချီအလုပ်လုပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကိုဗစ်ကူးစက်မူ မြင့်တက်နေပါတယ်။ မြန်မာတွေအလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ ကိုဗစ်ကူးစက်သူများလာတဲ့အတွက် တချို့ အထည်ချုပ်စက်ရုံတွေက သီတင်း ၂ ပတ် အပြင်ထွက်ခွင့်မပေးဘဲ Lockdown လုပ်ထားပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားတွေ အများဆုံးဝင်ရောက်လာနေတဲ့ ထိုင်းမြန်မာနယ်စပ် တာခ့်ပြည်နယ် မဲဆောက်မြို့မှာ အိုမီခရွမ်ကိုဗစ် ကူးစက်သူတွေများနေပြီး မြန်မာတွေ အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာအထိ ကူးစက် ပျံ့နှံ့နေပါတယ်။ ဒါကြောင့် အလုပ်သမား ထောင်ဂဏန်းလောက်ရှိတဲ့ အထည်ချုပ်စက်ရုံတချို့မှာ အသွားအလာ ကန့်သတ်မူတွေထုတ်ပြန်ထားကြပါတယ်။ စက်ရုံ ၃ ခုထက်မနည်းမှာ အဝင်အထွက် ပိတ်ပင် Lockdown လုပ်ထားတယ်လို့ မဲဆောက်မြို့က အလုပ်သမားရေးလှုပ်ရှားသူ ဦးအောင်တင်က အခုလိုပြောပြပါတယ်။

“စက်ရုံကြီးတွေက အကုန်ပိတ်ပစ်လိုက်တယ်။ စက်ရုံကြီးတွေက အပြင်ပေးမထွက်တော့ဘူး။ စက်ရုံ သုံးလေးရုံလောက်ရှိတယ်။ အခု ဘန့်စောင်ခွဲ အပေါ်ရုံ Lockdown ချထားတယ်။ နောက်ကမ်းနဖူးရုံတွေလည်း Lockdown ချထားတယ်။ ယက်ကန်းရုံလည်းမှာလည်း ချထားတယ် အားလုံးပေါင်း လူဦးရေ ဘန့်စောင်ခွဲမှာဆိုရင် ၂ထောင်လောက်ရှိပါတယ်။”

ရွှေပြောင်းမြန်မာအလုပ်သမားတွေကြားမှာလည်း ကိုဗစ်ကူးစက် ပျံ့နှံ့မှုများလာတယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်ကလည်းပြောပါတယ်။ မဲဆောက်မြို့မှာ အခုရက်ပိုင်းအတွင်း အိုမီခရွမ်ကိုဗစ် အတည်ပြုလူနာ နေ့စဉ် ရာဂဏန်း ရှိနေတယ်လို့ မဲဆောက်ဆေးရုံကြီးက သတင်းထုတ်ပြန်တာကို ခုလိုပြောပြပါတယ်။

“စက်ရုံလုပ်ငန်းခွင်တွေ လူဦးရေထောင်ချီရှိတဲ့ မဲဆောက်ထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာလည်း လော့ဒေါင်းတွေချနေကြတယ်လို့ ကျနော်တိုသိရတယ်။ရွှေပြောင်းအလုပ်သမားတွေကြားမှာတော့ ကူးစက်မှုမြင့်တက်လာတယ်လို့ပြောလို့ရပါတယ်။ အိုမီခရွမ်က မဲဆောက်ဒေသတွင်းမှာဆိုရင် မနေ့က ဆေးရုံကြီးမှာ တရားဝင် ထုတ်ပြန်တဲ့ စစ်ဆေးတွေ့ရှိချက်အရဆိုရင်လူဦးရေ ၂၀၀ ကျော်တွေ့တယ်လို့ဆိုပါတယ်။”

ထိုင်းနိုင်ငံမြောက်ပိုင်း Phitsanulok ပြည်နယ်ထဲက စက်ရုံတခုမှာ တရားမဝင် အထောက်အထားမဲ့မြန်မာတွေ အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့သတင်းကြောင့် ထိုင်းအာဏာပိုင်တွေက ရှောင်တခင်ဝင်စစ်ဆေးရာမှာ အထောက်အထားမဲ့မြန်မာ ၁၀၀ ကျော်ဖမ်းမိပြီး ဒီထဲမှာ တချို့ ကိုဗစ်ကပ်ရောဂါဖြစ်နေတာ ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ အခုလို ရွှေပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မူတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

“Phitsanulok ခရိုင်မှာရှိတဲ့ ကြက်သားစက်ရုံတခုမှာလည်း ရှောင်တခင် ဝင်ရောက် စစ်ဆေးတဲ့အခါမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တရားမဝင်အလုပ်လုပ်ကိုင် သူ ၁၀၀ ကျော်တွေ့ရတယ်။ ၁၁၂ ယောက်ပေါ့။ အဲဒီထဲကနေ ကိုဗစ်စစ်တဲ့အခါမှာလည်း ၁၆ ယောက်က ကိုဗစ်တွေ့တယ်လို့ တရားဝင်သတင်းထုတ်ပြန်တာတွေ့ရတယ်။”

ထိုင်းနိုင်ငံမှာ အိုမီခရွမ် ကိုဗစ်ပိုးကူးသူ စံချိန်တင်များနေတဲ့အတွက် ပြည်နယ် တာဝန်ရှိသူတွေ အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။

နယ်စပ်ကနေ တရားမဝင် ဝင်လာသူတွေမှာ ကိုဗစ်ကူးစက်သူတွေပါနေတာကြောင့် တရားမဝင်နိုင်ငံထဲ ဝင်လာသူတွေကို ကြပ်ကြပ်မတ်မတ် တားဆီးဖို့လည်း ထိုင်းပြည်ထဲရေးဌာနက ညွှန်ကြားထားပါတယ်။ ကိုဗစ် အတည်ပြုလူနာ ၂ သန်း ၇ သိန်း ကျော်နေတဲ့ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၄ ရက် တနေ့တည်းမှာ အတည်ပြုလူနာ ၂ သောင်း ၃ ထောင်ကျော် ရှိခဲ့ပါတယ်။

#MaeSot #ThailandCOVID #COVID #AyeAyeMar #voaburmese #ကိုဗစ် #မဲဆောက် #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

===============

XS
SM
MD
LG