သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ပြည်နယ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ပါတီ အနိုင်ရ


မလေးရှား ပြည်နယ်ရွေးကောက်ပွဲ မလက္ကာမှာ မဲထည့်နေသူ အမျိုးသမီးတဦး။ (နိုဝင်ဘာ ၂၀၊ ၂၀၂၁)
မလေးရှား ပြည်နယ်ရွေးကောက်ပွဲ မလက္ကာမှာ မဲထည့်နေသူ အမျိုးသမီးတဦး။ (နိုဝင်ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

မလေးရှားနိုင်ငံမှာ စနေနေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲ တခုမှာ ဝန်ကြီးချုပ် Ismail Sabri Yaakob ရဲ့ မလေးပါတီက အပြတ်အသတ် အနိုင်ရလိုက်တာဟာဆိုရင် တနိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲတွေ အကြိုမှာ အာဏာရ ညွန့်ပေါင်းအဖွဲ့ထဲက မဟာမိတ်တွေကိုရော အတိုက်အခံတွေကိုပါ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Ismail ရဲ့ United Malays National Organization ပါတီက တောင်ပိုင်း မလက္ကာပြည်နယ်မှာ အောင်ပွဲရလိုက်တာဟာဆိုရင် နိုင်ငံရေး မတည်မငြိမ်မှု နောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွင်း မဟာမိတ် ဖွဲ့စည်းမှုတွေဆီကို ဦးတည်သွားနိုင်တယ်လို့လည်း ရှုမြင်ကြပါတယ်။

၂၀၂၃ ခုနှစ် မတိုင်ခင်ထိ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်မထားပေမယ့် လာမယ့်နှစ်မှာ စောပြီး ကျင်းပမယ်လို့လည်း ခန့်မှန်းနေကြတာပါ။

အာဏာရ ညွန့်ပေါင်းအဖွဲ့ထဲက အကြီးဆုံး ပါတီ ၂ ခုဖြစ်တဲ့ UMNO ပါတီနဲ့ Bersatu ပါတီတို့ကြား မပြေမလည် ဖြစ်နေပေမယ့် လာမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ထိ အာဏာခွဲဝေဖို့ သဘောတူထားတာပါ။

မလေးရှားရဲ့ လူဦးရေ ၃၁ သန်းရဲ့ သုံးပုံနှစ်ပုံရှိတဲ့ မလေးနွယ်ဖွားတွေရဲ့ ထောက်ခံမှုကို ရဖို့ ပါတီနှစ်ခုလုံးက ကြိုးစားနေကြတာပါ။ UMNO ဦးဆောင်တဲ့ National Front ညွန့်ပေါင်းအဖွဲ့က ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၈ နေရာထဲက ၂၁ နေရာကို အနိုင်ရပြီး Anwar Ibramim ရဲ့ အတိုက်အခံဘက်က ၅ နေရာ၊ Bersatu ပါတီက ၂ နေရာ ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

မလေးရှား ပြည်နယ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ပါတီ အနိုင်ရ
please wait

No media source currently available

0:00 0:00:19 0:00
တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







XS
SM
MD
LG