သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ဝန်ကြီးချုပ်ဟောင်းအပေါ် စွဲချက်တချို့ တရားရုံးပ,လပ်


မလေးရှားနိုင်ငံ ဘဏ္ဍငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်
မလေးရှားနိုင်ငံ ဘဏ္ဍငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်

မလေးရှားနိုင်ငံ ဘဏ္ဍငွေနဲ့ ထူထောင်ခဲ့တဲ့ 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတို့အပေါ် စွဲဆိုထားတဲ့အမှုတချို့ကို ပ,လပ်ဖို့ မလေးရှား ကွာလမ်လမ်ပူ အထက် တရားရုံးက ဒီကနေ့ နိုဝင်္ဘာ ၂၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ကြောင်း အမှုသည်တွေရဲ့ ရှေ့နေတွေက ပြောပါတယ်။

ခွင့်ပြုထားတဲ့ အချိန်ကာလအတွင်း လုပ်ငန်းတွေမပြီးပြတ်တာနဲ့ အစိုးရရှေ့နေတွေဘက်က လုံလောက်တဲ့ သက်သေအထောက်အထား မပြနိုင်တာကြောင့် ခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အမှုသည်တွေရဲ့ ရှေ့နေတွေက ပြောပါတယ်။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း နာဂျစ်ရာဇတ်ဟာ သူ ပူးတွဲထူထောင်ခဲ့တဲ့ 1MDB ဘဏ်ကနေ ဘီလျံနဲ့ချီ ခိုးယူခဲ့တဲ့အမှုနဲ့ပတ်သက်လို့ စွဲချက်တွေတော်တော်များများကို ရင်ဆိုင်နေရတာပါ။ အမေရိကန်နဲ့ မလေးရှားစုံစမ်းစစ်ဆေးသူတွေက နာဂျစ်ဟာ ဒေါ်လာ ၄.၅ ဘီလျံလောက်ကို ခိုးယူခဲ့ တာလို့ ပြောထားပါတယ်။

နာဂျစ်ကို ယုံကြည်မှုအပေါ် အလွဲသုံးစားမှု၊ အာဏာအလွဲသုံးစားမှုအပြင် ငွေကြးခဝါချမှုနဲ့ 1MDB ဘဏ်ရဲ့ အရင်အဖွဲ့ဖြစ်တဲ့ SRC International ကနေ ဒေါ်လာ ၁၀ သန်း တရားမဝင် လက်ခံရရှိမှုတွေနဲ့ မလေးရှား တရားရုံးကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ တာပါ။ ဒါပေမဲ့လည်း မလေးရှားဘုရင် ဦးဆောင်တဲ့ စီရင်ခွင့် ဘုတ်အဖွဲ့ကနေ ထောင်ဒဏ်တချို့ လျှော့ပေါ့ ပေးခဲ့ပါတယ်။

နာဂျစ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Irwan Serigar Abdullah တို့အပေါ် အစိုးရဘဏ္ဍာငွေ ၆.၆ ဘီလျံ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလျံ တန်ဖိုးရှိတဲ့ ငွေ အလွဲသုံးစားမှုနဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း ရာဇဝတ်မှု ၆ မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒီငွေတွေဟာ 1MDB နဲ့ မလေးရှားနိုင်ငံ ကျားကန်ပေးထားတဲ့ International Petroleum ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီကြား ရရှိထားတဲ့ သဘောတူညီချက်တရပ်နဲ့ ဆက်စပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နဂျစ်နဲ့ အပ်ဘ်ဒူလာတို့ကတော့ သူတို့ဘက်က ဘာအမှားအယွင်းမှ လုပ်ထားတာမရှိကြောင်း ငြင်းဆိုပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်းအပေါ် စွဲချက်တချို့ တရားရုံးပ,လပ်
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG