သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီးအသင်း ဂိုးပြတ်နဲ့ နိုင်ပွဲဆက်


မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူနေသည့် Aguero (ဝဲမှဒုတိယ)။ ၄ နိုဝင်ဘာ ၂၀၁၈။
မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူနေသည့် Aguero (ဝဲမှဒုတိယ)။ ၄ နိုဝင်ဘာ ၂၀၁၈။

တနင်္ဂနွေနေ့ကကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ လက်ကျန်ပွဲတွေထဲက မန်စီးတီးနဲ့ ဆောက်သမ်ပ်တန်တို့ပွဲမှာ အိမ်ရှင် မန်စီးတီးက ၆ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပါတယ်။

မန်စီးတီးအသင်းဟာ အခုဆိုရင် ၁၁ ပွဲကစား၊ ၉ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးဘဲ ရဂိုး ၃၃ ဂိုး၊ ပေးဂိုး ၄ ဂိုး၊ ဂိုးသာကွာခြားချက် ၂၉ ဂိုး၊ ရမှတ် ၂၉ မှတ်နဲ့ ဇယားထိပ်မှာ ဆက်ပြီး ဦးဆောင်နေပါတယ်။

ဒုတိယနေရာ ရောက်လာတဲ့ ချယ်လ်ဆီးအသင်းဟာလည်း တနင်္ဂနွေနေ့က ခရစ္စတယ်လ် ပဲလေ့စ်နဲ့ အိမ်ကွင်းမှာ ကစားတာမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာကြောင့် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ပြီး ၂၇ မှတ် ရထားပါတယ်။ စနေနေ့ကပွဲမှာ အာဆင်နယ်လ်နဲ့ သရေကျထားတဲ့ လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးနဲ့ ရမှတ်တူနေပေမယ့် ဂိုးသာ ကွာခြားချက်မှာ ချယ်လ်ဆီးထက် နည်းနေတာ ကြောင့် တတိယနေရာက လိုက်နေပါတယ်။

စပါးက ၂၄ မှတ်နဲ့ နံပါတ် ၄၊ အာဆင်နယ်လ်က ၂၃ မှတ်နဲ့ နံပါတ် ၅၊ ဘုန်းန်မောက်သ်နဲ့ မန်ချက်စတာ ယူနိုက်တက်က အမှတ် ၂၀ စီ တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ဘုန်းန်မောက်သ်က အဆင့် ၆၊ မန်ယူက အဆင့် ၇ အသီးသီး ရှိနေကြပါတယ်။

ပွဲစဉ် ၁၁ နောက်ဆုံးပွဲအဖြစ် ဖူလ်ဟမ်းမ်နဲ့ ဟတ်ဒါစ်ဖီးလ်တို့ တနင်္လာနေ့မှာ ကစားကြဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG